Wednesday, January 28, 2026

တာချီလိတ် “ နန်းနန်းဘွန်းကျောက်” ရွှေဆိုင် ထပ်မံအနုကြမ်း စီးခံရ

 

သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့နယ် မဲခေါင်ရပ်ကွက် ရှိ “ နန်းနန်းဘွန်းကျောက်” ရွှေဆိုင်သည် ဇွန်လ ၃ ရက်နေ့ မွန်းလွှဲ ၂ နာရီတွင် အနုကြမ်းစီး တိုက်ခံရကြောင်း သတင်းရရှိသည်။

Photo Credit to News Ambassador- တာချီလိတ်မြို့နယ် မဲခေါင်ရပ်ကွက် ရှိ “ နန်းနန်းဘွန်းကျောက်” ရွှေဆိုင် (အမှတ် ၂)

ဖြစ်စဉ်မှာ ယမန်နေ့ မွန်းလွှဲပိုင်း ၂ နာရီ ၄၅ မိနစ်တွင် ဆိုင်ရှင် ဦးအိုက်ဘွန်း ၏ အဒေါ် ဖြစ်သူ ဒေါ်နန်းမိုး နှင့် အရောင်းဝန်ထမ်းများ ဆိုင်အတွင်းရှိနေစဉ်တွင် မျက်နှာဖုံးစွပ် ထားသည့် အမျိုးသား ၂ ဦး ဆိုင်ထဲသို့ ဝင်လာကာ သေနတ်ဖြင့် ချိန်ရွယ်ပြီး ခြိမ်းခြောက်ကာ ရွှေထည်များ ယူဆောင်သွားကြောင်း တာချီလိတ်မြို့မ ရဲစခန်းမှ တာဝန်ရှိသူက ပြောသည်။

“ မျက်နှာဖုံး စွပ်ပြီး ဆိုင်ကယ်စီးလာတဲ့ အမျိုးသား ၂ ဦးပါ။တဦးကတော့ သေနတ်အတို (၁)လက်ကိုင်ဆောင်ထားတယ်။တယောက်ကတော့ သံတူ (၁)ချောင်းကိုင်တယ်။ ၂ယောက်ကတော့ ဆိုင်ထဲဝင်လာပြီး သေနတ်နဲ့ ချိန်တယ်။ ခြိမ်းခြောက်ပြီး ပစ္စည်းတွေ ယူသွားတယ်” ဟု ၎င်း က ဆိုသည်။

အမျိုးသား ဓါးပြ ၂ ဦးသည် မဲခေါင်ရပ်ကွက်ရှိ “ နန်းနန်းဘွန်းကျောက်” ရွှေဆိုင် (   အမှတ် (၂)  ) အတွင်း ရွှေဆွဲကြိုး ၁၃၀ ကုံး၊ ဟန်းချိန်း ၁၆ ခု၊ စုစုပေါင်း တန်ဖိုး ငွေကျပ် (၂၄၉,၄၁၀,၀၀၀) တန်ဖိုးရှိ ရွှေထည်ပစ္စည်းတို့အား လုယက်ယူဆောင်သွားခဲ့ကြောင်း သိရသည်။

အဆိုပါ ကိစ္စနှင့် ပတ်သတ်ပြီး ရွှေဆိုင်ပိုင်ရှင် ဦးအိုက်ဘွန်း မှ ဓားမြတိုက်သည့် အမျိုးသား ၂ဦး (စိစစ်ဆဲ)အား တာချီလိတ်မြို့မရဲစခန်း(ပ)၂၉၉/၂၀၁၉၊ ရာဇသတ်ကြီး ပုဒ်မ ၃၉၂ ဖြင့် အမှုဖွင့်ထားကာ တရားခံများအား ဖော်ထုတ်ဖမ်းဆီးနိုင်ရေး ဆောင်ရွက်နေကြောင်း တာချီလိတ်မြို့ ရဲစခန်းမှ သိရသည်။

တာချီလိတ်တွင် မကြာခဏ အနုကြမ်းစီးမှု နှင့် လမ်းမပေါ်တွင် သေနတ်ပစ်ခတ်မှုများဖြစ်ပွားသဖြင့် တာချီလိတ်ဒေသခံများအတွက် လုံခြုံရေး မှာ စိုးရိမ်နေရသည်။

ထိုနည်းတူ ဆန်ဆိုင်း(က) ရပ်ကွက် ဗိုလ်ချုပ် လမ်းမကြီးဘေးရှိ “ နန်းနန်းဘွန်းကျောက်” ရွှေဆိုင် (အမှတ် ၁ ရွှေဆိုင်) ကိုလည်း ပြီးခဲ့သည့် မတ် ၂၉ ရက်နေ့တွင် လက်နက်ကိုင် ထားသည့် အမျိုးသား ၆ ဦး က ဝင်ရောက် အနုကြမ်းပြီး ရွှေ (၈၀) ကျပ််သားဝန်ကျင်၊ စိန်ထည် ပစ္စည်း ဘတ်သိန်း(၂၀) ဖိုး၊ ထိုင်းဘတ် ငွေ သိန်း (၂၀)နှင့် လက်ကိုင်ဖုန်း (၇) လုံးတို့ ယူဆောင်သွားခဲ့သည်။

လွန်ခဲ့သည့် မတ် ၂၉ ရက်နေ့ က “ နန်းနန်းဘွန်းကျောက် ” ရွှေဆိုင် အနုကြမ်းစီးမှုတွင် ပါဝင်သူ နှင့် ဆက်စပ်သည်ဟု ယူဆသူ (၃) ဦးကို ရဲများကဖမ်းဆီးထားပြီး၊ ထိုထဲတွင် ထိုင်းနိုင်ငံသား တဦး ပါဝင်နေကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာချီလိတ်မြို့နယ် အွန်လိုင်းလောင်းကစားများ ဖမ်းဆီးစစ်ဆေးမှု ကြမ်းနေ

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် အွန်လိုင်း လောင်းကစားများကို ဖမ်းဆီး စစ်ဆေးမှုကြမ်းနေကြောင်း သတင်းရရှိသည်။ တာချီလိတ်မြို့တွင် အွန်လိုင်းလောင်းကစား လုပ်ငန်းများကို စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့များက ကြိုတင်အသိပေးမှုများ ပြုလုပ်ပြီး ဖေဖော်ဝါရီလ ၆ ရက် မှစတင်၍ လိုက်လံ ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ကြောင်း တာချီလိတ်မြို့ ဒေသခံ...

ရွှေဆိုင်ဓားပြတိုက်ခံရ ဆိုင်ရှင် အမျိုးသားသေနတ်ပစ်ခံရပြီး သေဆုံး

0
သျှမ်းပြည် တန့်ယန်းမြို့ "သစ္စာ" ရွှေဆိုင်ကို အမျိုးသားတစ်ဦးက သေနတ်ဖြင့်ဝင်‌ရောက်ပစ်ခတ် ဓားပြတိုက်ခဲ့ပြီး ဆိုင်ရှင် အမျိုးသား သေဆုံးသွားကြောင်း သိရသည်။ တန့်ယန်းမြို့ ရပ်ကွက် ၄ ရှိ သစ္စာ ရွှေဆိုင်ကို ယနေ့ (ဖေဖော်ဝါရီ ၁၃ ရက်) နံနက် ၁၀နာရီခွဲဝန်းကျင်တွင် အမျိုးသားတစ်ဦး သေနတ်ဖြင့်...

ပင်လုံမြို့ ဈေးအတွင်းရှိ “မခင်ဦး” ရွှေဆိုင် ဓားပြတိုက်ခံရ

0
သျှမ်းပြည် လွိုင်လင်မြို့နယ် ပင်လုံမြို့ရှိ ဈေးအတွင်းဖွင့်လှစ်ထားသော “မခင်ဦး”ရွှေဆိုင် ဓားပြတိုက်ခံရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၈ ရက်) နေ့လယ် ၁၂ နာရီကျော်ခန့်က ပင်လုံမြို့ ဈေးအနောက်ဘက်တွင် ဖွင့်လှစ်ထားသော “မခင်ဦး” ရွှေဆိုင်ကို အမည်မသိ အမျိုးသားတစ်ဦးက သေနတ်ပြ ခြိမ်းခြောက်ပြီး လက်စွပ်နှင့်ရွှေဆွဲကြိုး ၃...

သီပေါမြို့မဈေးထဲရှိ ရွှေဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရ၊ ရွှေ ၃ ကျပ်သားခန့်ပါသွား

0
သျှမ်းပြည် သီပေါမြို့ ဈေးအရှေ့ဘက်ရှိ ရွှေရတနာဆိုင်တစ်ခုသည် ယနေ့ (စက်တင်ဘာလ ၆ ) ရက် နံနက်အစောပိုင်းက ဓားပြတိုက်ခံရပြီး ရွှေ ၃ ကျပ်သားခန့်ပါသွားကြောင်း သတင်း သိရှိရသည်။ . ယနေ့ (စက်တင်ဘာလ ၆) ရက် နံနက် ၇ နာရီခွဲအချိန်တွင် သီပေါ မြို့မဈေးအရှေ့ဘက်ရှိ...

အရက်အတူသောက်လူငယ် နှစ်ဦး အချင်းချင်းရန်ဖြစ်ရာမှ ပစ်ခတ်မှုဖြစ်ပွား

0
သျှမ်းပြည် တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ်အတွင်း အရက်အတူတူ သောက်နေကြသည့် အမျိုးသားလူငယ် နှစ်ဦးသည် အချင်းချင်း စကားများပြီး ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ယမန်နေ့ (ဇွန်လ ၁၈) ရက်နေ့ ညပိုင်း ၇ နာရီတွင် တာချီလိတ်မြို့၊ ပန်ဟက်ကျေးရွာနေ လူငယ်တစ်ဦး နှင့် သီရိငေါကျေးရွာနေ လူငယ်တစ်ဦး...