Wednesday, January 28, 2026

မိုးနဲမြို့၏ နှစ်ပေါင်း ရာကျော်သည့်မြို့အဝင်ကြာဖူး အား အစိုးရစစ်တပ်ကားတစီးမှဝင်ရောက် တိုက်မိ

မိုးနဲမြို့သမိုင်းဝင် မြို့အဝင်ကြာဖူး အား အစိုးရစစ်တပ်ကားတစီးမှဝင်ရောက် တိုက်မိသဖြင့် သက်တမ်းကြာမြင့်ကြာဖူးတိုင် တခု ကြေမွပျက်စီးခဲ့ကြောင်းသိရသည်။

Credit to- A Shin Nyarnadaza – မတိုက်မိခင်က တွေ့ရသည့် မြို့အဝင်ကြာဖူး

ဇွန်လ ၃ ရက် မွန်းလွဲ ၂ နာရီခန့်တွင် လင်းခေးဘက်မှလာသော ဦးညွန့်ဝေ ဆိုသူမောင်းနှင်သည့် (ဗ ရ၈၀၉)နံပတ်ရှိ တပ်ကားတစ်စီး မိုးနဲမြို့နယ် မိုက်ဟိုင်းအုပ်စု ၀မ်ကျိုင်းရွာ အနီး (မိုးနဲမှ နမ်စန်သို့အထွက်လမ်း)ရှိ စော်ဘွားခေတ်ကတည်းက အမှတ်အသားအဖြစ်ပြုလုပ်ထားသော မြို့အဝင် ကြာဖူးတိုင် ၂ တိုင်အနက် လမ်းအရှေ့ဘက်တတိုင်အား တိုက်မိကာ ကြေမွပျက်စီးသွားခြင်းဖြစ်ကြောင်းသိရသည်။

Credit to- A Shin Nyarnadaza- ကြာဖူးအားတိုက်မိသည့်စစ်ကား

 

စော်ဘွားခေတ်အဆက်ဆက်ကတည်းက မိုးနဲဒေသခံများ ထိန်းသိမ်းလာခဲ့သော သက်တမ်း နှစ်ပေါင်းရာကျော်သည့်အဆိုပါ မြို့အမှတ်အသား ကြာဖူးတိုင်ကြီးပျက်စီးသွားမှုအပေါ်ဒေသခံများ ၀မ်းနည်း မှုများခံစားနေရပြီး ၄င်းကြာဖူးတိုင်အား ကားမောင်းရင်း အိပ်ငိုက်သဖြင့် ကားမထိန်းနိုင်ဘဲတိုက်မိခြင်းဖြစ်ကြောင်း၊ မူလလက်ရာအတိုင်းပြန်ဖြစ်အောင် ပြန်ဆောက်ပေးမည်ဖြစ်ကြောင်းလည်း ကားသမားမှပြောဆိုခဲ့ကြောင်း လည်း မိုးနဲဒေသခံများကပြောဆိုပါသည်။

Credit to- A Shin Nyarnadaza- ကြားဖူးအားတိုက်မိသည့် ကားသမား

ရှေးဟောင်းကြာဖူးကြီးနှင့်ပါတ်သက်၍ မူလနေရာ၊မူလပုံစံအရွယ်အစားအတိုင်းပြန်တည်ဆောက်ရန် မြို့စောင့်နယ်ရှင်နတ်များပြန်လည်တောင်းပန်ပသကိုးကွယ်ရန် အန္တရယ်ကင်းပရိတ်တရားများသရဇ္ဇယ်ရွတ်ဆိုပူဇော်ရန် စသည်များဆောင်ရွက်ရန်ရှိပါကြောင်း ၊ ဇွန်လ ၄ ရက်နေ့ ၂၀၁၉ တွင် လိုအပ်ပစ္စည်းများစတင်စုဆောင်းပြီး လုပ်ငန်းများအမြန်ဆုံးစတင်ဆောင်ရွက်ပါမည်- ဟု မိုးနဲဒေသခံ စိုင်းမောင်ကြီးက ပြောသည်။

Credit to- A Shin Nyarnadaza-ကြားဖူးကြေမွပျက်စီး

အဆိုပါ စစ်ကားသည် နမ့်စန်မြို့ ၉၃၁ တပ်မှ ကားဖြစ်ကြောင်းသိရသည်။

Credit to- A Shin Nyarnadaza- မြို့နယ်သံဃာတော်များမှလာရောက်ကြည့်ရှုစဉ်

Credit to- A Shin Nyarnadaza

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးနဲမြို့ရောက် နမ့်လန်စစ်ဘေးရှောင် ကျောင်းသား ၄၀၀ ကျော် စာမေးပွဲဖြေဆိုပြီး နေရပ်ပြန်

0
သျှမ်းပြည် မိုးနဲမြို့နယ်သို့ ရောက်ရှိနေသည့် နမ့်လန်စစ်ဘေးရှောင် ကျောင်းသားကျောင်းသူ ၄၀၀ ကျော်သည် စာမေးပွဲ ဖြေဆိုပြီးနောက် နေရပ်ပြန်မည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ယမန်နှစ် ၂၀၂၄ ဒီဇင်ဘာ လဆန်းပိုင်းက သီပေါမြို့နယ် နမ့်လန်မြို့အနီးတဝိုက်တွင် စစ်ကောင်စီတပ်နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့ တိုက်ပွဲပြင်းထန်ခဲ့ရာ လုံခြုံရေးစိုးရိမ်မှုကြောင့် မိဘများမှ ကျောင်းနေအရွယ်...

မိုးနဲမြို့နယ်အတွင်း သင်္ကြန်အကြောင်းပြချက်ဖြင့် မြို့နယ်အုပ်ချုပ်ရေးမှူး ပိုက်ဆံကောက်

0
သျှမ်းပြည် မိုးနဲမြို့နယ်အတွင်း သင်္ကြန်အကြောင်းပြချက်ဖြင့် မြို့နယ် အုပ်ချုပ်ရေးမှူး နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပိုက်ဆံလိုက်လံ ကောက်ယူနေကြောင်း သတင်းရရှိသည်။ လက်ရှိ သင်္ကြန်ကာလအတွင်း စစ်ကောင်စီ လက်အောက်ခံ မြို့နယ်အုပ်ချုပ်ရေးမှူးက မိုးနဲမြို့ လွိုင်မြေရပ်ကွက်ထဲတွင် လုပ်ငန်းရှင်များထံ ပိုက်ဆံ ကောက်ယူနေကြောင်း သိရသည်။ “ လုပ်ငန်းရှင်တွေကောက်တာ။ လုပ်ငန်းကြီးရင်တော့ ၁ သိန်းလောက်ထိ...

မိုးနဲမြို့ ရှေးဟောင်းအမွေအနှစ် စေတီ ပြန်လည်ပြုပြင်ဖို့အတွက် စေတနာရှင်များကို ဖိတ်ခေါ်နေ

0
သျှမ်းပြည် လင်းခေးခရိုင် မိုးနဲမြို့ရှိ ရှေးဟောင်းအမွေအနှစ် စေတီပြန်လည်ပြုပြင် မွမ်းမံရန် အကူအညီများ လိုအပ်နေသည့်အတွက် စေတနာရှင်များကို ဖိတ်ခေါ်နေကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလမှ စတင်ကာ ရှေးဟောင်းယဥ်ကျေးမှု အမွေအနှစ်များကို မြတ်နိုးသည့် ဒေသခံ များ စုပေါင်းကာ မိုးနဲမြို့ရှိ ဆင်တောင်မှ ဆင်ဖြူစေတီ ရှေးဟောင်းစေတီ ပြန်လည်ပြုပြင်မွမ်းမံရေး...

မိုးနဲ ရေထွက်ဦးကို မြေဖို့ လယ်ဧက ၃၀၀ အခက်ခဲကြုံ

0
သျှမ်းပြည်တောင်ပိုင်း မိုးနဲမြို့နယ် ကတ်နောက်ကျေးရွာရှိ ရေထွက်ဦးကို လင်းခေးခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ( NLD) အတွင်းရေးမှူး ဦးမောင်စိုးက လာရောက်မြေဖို့သည့်အတွက်ကြောင့် လယ်သမားများ ရေအလုံလောက်ရရှိဖို့အတွက် ခက်ခဲမှုရှိနေကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာ ၂၈ ရက်တွင် ဦးမောင်စိုးသည် ခြံစိုက်ပျိုးရန်အတွက်ဟုဆိုကာ ထိုရေထွက်ဦးနေရာကို မြေလာဖို့လိုက်ပြီး လယ်ဧက ၃၀၀...

မိုးနဲမြို့ လောင်းကစားဝိုင်းကြောင့် လူငယ်များ ခိုက်ရန်ဖြစ်ပွား

0
သျှမ်းပြည်တောင်ပိုင်း မိုးနဲမြို့နယ် ကင်တုံကျေးရွာတွင် လူငယ်များ လောင်းကစားသွားရောက်ကစားရာမှတဆင့် အချင်းချင်း ရန်ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ မိုးနဲမြို့နယ် ကင်တုံကျေးရွာထဲတွင် အောက်တိုဘာ ၁၁ ရက်မှ စပြီး လောင်းကစားဝိုင်းဖွင့်လှစ်ခဲ့ပြီး လူငယ်များ သွားရောက်ကစားရာမှ တဆင့် အောက်တိုဘာ ၁၂ ရက်တွင် လူငယ်အချင်းချင်း ရိုက်နှက်ရန်ဖြစ်မှု ဖြစ်ပွားခဲ့ကြောင်း...