ဒေသပိုင်လယ်ယာမြေများ သစ်တောကြိုးဝိုင်းမှ ပယ်ဖျက်ပေးရေး ကျားခေါင်းကိုယ်စားလှယ် တင်ပြဆွေးနွေး

0

 

သျှမ်းပြည်နယ် မိုင်းကိုင်မြို့နယ်အတွင်းရှိ ကျေးလက်၊ အုပ်စုများ၏မြေများ သစ်တောမြေ အဖြစ်မှ ပယ်ဖျက်ပေးရန် မိုင်းကိုင် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်က တင်သွင်းဆွေးနွေးရာ ပယ်ဖျက်ပေးရန် အစီစဉ် မရှိကြောင်း သယံဇာတ နှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဌာန ဒုတိယ ဝန်ကြီး ဒေါက်တာ ရဲမြင့်ဆွေ က ပြောကြားသည်။

Photo Credit to Pyithuhluttaw- မေ၂၉ ရက်နေ့က ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် မိုင်းကိုင် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် စိုင်းဆိုင်မိန်းကမေးမြန်းသည်ကို ၀န်ကြီးက ဖြေကြားနေစဉ်

ယမန်နေ့ မေ၂၉ ရက်နေ့က ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် မိုင်းကိုင် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် စိုင်းဆိုင်မိန်းက – မိုင်းကိုင်မြို့နယ် မြို့မ အုပ်စု အမှတ်(၃) ရပ်ကွက်၊ အခြား ရပ်ကွက် ကျေးရွာ အုပ်စု များမှ လယ်ယာမြေ များနှင့် ရပ်ကွက်ကျေးရွာ နှင့် သက်ဆိုင်သောမြေများ အား ကြိုးဝိုင်း ကြိုးပြင် ကာကွယ်သော ဧရိယာ စာရင်းမှ အမြန်ဆုံး ပယ်ဖျက်ပေးရန်နှင့် လယ်ယာမြေ ပုံစံ (၇) များ လျှောက်ထားရယူရန် မည်သို့စီစဉ်ဆောင်ရွက် ပေးမည် – ဆိုသည့် မေးခွန်း ကို ၀န်ကြီးကထိုသို့ ပြန်လည် ဖြေကြားခြင်းဖြစ်သည်။

၄င်းမြေများအားသစ်တောမြေ အဖြစ်မှ လက်တလော ပယ်ဖျက်ပေးရန် အစီစဉ်မရှိသေးကြောင်း၊ မြို့၊ ရပ်ကွက်၊ ကျေးရွာ ပြင်ဆင်ဖွဲ့စည်း ခြင်းကို သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဝန်ကြီး ချုပ် က နိုင်ငံ တော် သမ္မတ ရုံးသို့ တင်ပြ ဆောင်ရွက်သွားရန် ဖြစ်ကြောင်း သယံဇာတ နှင့် သဘာဝ ပတ်ယန်းကျင် ထိန်းသိမ်း ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာ ရဲမြင့်ဆွေ က ပြောကြားခဲ့သည်။

ထို့ပြင် သစ်တော မြေ ပယ်ဖျက် ပြီးမှသာ လယ်ယာမြေ လုပ်ပိုင်ခွင့် ပုံစံ (၇) ထုတ်ပေးခြင်း လုပ်ငန်း အားဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ဒုတိယ ဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ က ပြန်လည်ဖြေကြားသည်။

“ မနေ့က ပြည်သူ့လွှတ်တော် မှာ မိုင်းကိုင် က လယ်ယာမြေ ၈၈ ဧကကျော် က သစ်တောကြိုးဝိုင်းထဲ ပါနေတာ ပြန်ပြီး ထုတ်ပေးဖို့ ပါ။ သစ်တော ကြိုးဝိုင်းထဲမှာ ပါနေတော့ စိုက်ပျိုးရေးက ပုံစံ ရ မပေးဘူး။ လယ်က စာရင်းမဝင်ဘူး။ သဘာဝ သစ်တော ဝန်ကြီး ကို အမြန်စစ်ဆေးပေးဖို့ပါ ” ဟု မိုင်းကိုင်မြို့နယ် မဲဆန္ဒနယ် က လွှတ်တော်ကိုယ်စားလှယ် စိုင်းဆိုင်မိန်းက ပြောသည်။

ယင်းအဆိုကိစ္စတွင် သယံဇာတ နှင့် သဘာဝ ပတ်ယန်းကျင် ထိန်းသိမ်း ရေး ဝန်ကြီးဌာန နှင့် မပြီးကြောင်း၊ သျှမ်းပြည်နယ် ဝန်ကြီး ဌာန ၏ ထောက်ခံမှု ပေးပြီး သမ္မတ ထံ ပြန်လည်တင်ပြကာ သမ္မ တ လက်မှတ်ရေးထိုးမှသာလျှင် ရမည် ဟုလည်း သိရသည်။

ဢုပ်ႇဢူဝ်း ၽူႈတွႆႇႁွၵ်ႈ

SHARE