ထိုင်းနိုင်ငံသို့တရားမဝင် ၀င်ရောက်သူများတွင် အသက်မပြည့်သည့် ကလေးငယ်များ ပါဝင်နေ

ထိုင်းနိုင်ငံ သို့ တရားမဝင် ၀င်ရောက် အလုပ်လုပ်သူများတွင် အသက်မပြည့်သေးသည့် ကလေးငယ်များ ပါဝင်နေကြောင်း သိရသည်။

Photo Credit to CM News/ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းအာဏာပုိင်များက စစ်ဆေးမှုပြုနေစဉ်

မေ လ အတွင်း အသက်မပြည့်ဘဲ ထိုင်းနိုင်ငံသို့ တရားမဝင် ၀င်ရောက်သည့် ကလေးငယ် ၁၀ ဦးကျော် ဖမ်းဆီးရမိသည်ဟု ကူညီဆောင်ရွက်ပေးသူများ ပြောကြားချက် အရ သိရသည်။

မေလ ၁၇ ရက်နေ့က ထိုင်းနိုင်ငံ လမ်းပွန်းခရိုင်တွင် တရားမဝင် ၀င်ရောက်သည့် အသက် ၁၈ နှစ်အောက် ယောကျင်္ားလေး ၂ ဦး၊ မိန်းကလေးငယ် ၆ ဦး ဖမ်းဆီးရမိခဲ့ပြီး၊ မေလလယ်တွင်လည်း ချင်းမိုင်မြို့တွင် အသက်မပြည့်သည့် ယောင်္ကျားလေး ၂ ဦး၊ မိန်းကလေးငယ် ၁ ဦးကိုလည်း ဖမ်းဆီးရမိခဲ့သည်။

“ မေ ၁၇ ရက်က မယ်ဆိုင်ကနေ ၁၄ ယောက်လာတယ်။ ဘန်ကောက်ကို သွားအလုပ်လုပ်ဖို့ပြောတယ်။ လမ်းမှာ ဖမ်းမိတာ အဲ့ထဲမှာ အသက်မပြည့်တာ ၈ ဦးပါတယ်။ ကလေးတွေ များတော့ ခေါ်စစ်ပြီး မြန်မာပြည် ပြန်ပို့လိုက်တယ်။” ဟု ဘာသာပြန်လိုက်ကူလုပ်ပေးသည့် စိုင်းတိုင်း က ပြောပြသည်။

အဆိုပါ အဖမ်းခံရသူများသည် ထိုင်းနိုင်ငံ ဘန်ကောက်တွင် အလုပ်သွားလုပ်မည့် သူများဖြစ်ပြီး၊ ဖမ်းခံရသည့် အများစုသည် သျှမ်းပြည်နယ် မှ ကလေးငယ်များဖြစ်ကြောင်း၊ လက်ရှိတွင် မြန်မာပြည်သို့ပြန်လည်ပို့ဆောင်ပေးလိုက်ကြောင်း၊ ကလေးငယ်များကို ထိုင်းနိုင်ငံသို့ ခေါ်ဆောင်လာသည့် ကားသမားတဦး ကိုသာ ဖမ်းဆီး စစ်ဆေးနေကြောင်း လည်း စိုင်းတိုင်း က ပြောပြသည်။

“ မေ ၂၃ ရက်နေ့ က ကျမ တရားမဝင်တဲ့ မြန်မာနိုင်ငံသား ၁၃ ယောက် ကို သွားဘာသာပြန်ပေးတယ်။ အဲ့ထဲမှာ အသက်မပြည့်တဲ့ ကလေး ၃ ယောက်ပါတယ်။ အသက်က ၁၆ ၊ ၁၇ နှစ်တွေပါ။ အဲ့သူတွေက ပတ္တရား ဘက်ကနေ ချင်းမိုင် ကို ပြောင်းလာတာ” ဟု လိုက်လံ ကူညီပေးသည့် အမျိုးသမီး တဦး ကပြောသည်။

ယခုနောက်ပိုင်း ထိုင်းနိုင်ငံကို တရားမဝင် လာပြီး အလုပ်လုပ်ကာ ဖမ်းဆီးခံရသူ များသည် သျှမ်းပြည်တောင်ပိုင်း မှာလာကြသည့်သူများဖြစ်ကြသည် ဟုလည်း ၎င်း က ပြောသည်။

သျှမ်းပြည်နယ် တွင် အလုပ်အကိုင် ရှားပါးမှု ၊ မကြာခဏ တိုက်ပွဲများ ဖြစ်ပွားမှုကြောင့် နေရာရွှေ့ပြောင်းနေရမှုများနှင့် လယ်ယာမြေများ သိမ်းဆည်းခံရမှု တို့ကြောင့် နယ်စပ်ဒေသသို့ စွန့်ခွာ အလုပ်လုပ်နေကြရကြောင်း သိရသည်။

ထိုင်းနိုင်ငံ ချင်းမိုင် တွင် ယခု မေလ အတွင်း တရားမဝင် ရွှေ့ပြောင်းအလုပ်သမား ၃၀ ခန့် ဖမ်းဆီးရမိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သက်ကြီးရွယ်အိုများလာသည့် ထိုင်းနိုင်ငံနှင့် ရွှေ့ပြောင်းလုပ်သား လိုအပ်ချက်

0
ထိုင်းနိုင်ငံ၏ အဓိက စက်မှုလုပ်ငန်းများနှင့် စိုက်ပျိုးရေး ကဏ္ဍများတွင် သက်ကြီးရွယ်အိုအုပ်စုများ ပိုမိုများပြားလာပြီး မြန်မာနိုင်ငံအပါအဝင် ပြည်ပရွှေ့ပြောင်း အလုပ်သများလိုအပ်ချက်ပိုမိုမြင့်မား လာနေကြောင်း ဘန်ကောက်ပို့စ်၏ ဆောင်းပါးတစ်ခုတွင် ဖော်ပြထားသည်။ ထိုင်နိုင်ငံအတွင်း စက်မှုကုန်ထုတ်လုပ်ငန်းများ နှေးကွေးလာမှုနှင့်အတူ အလုပ်ထုတ်ပယ်ခံရနိုင်သည့်သူ ၅ သိန်းအထိ ရှိလာနေသည့် အခြေအနေနှင့် ရင်ဆိုင်နေရာသော်လည်း၊ တဖက်တွင် ပြည်ပရွှေ့ပြောင်းလုပ်သား...

အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင် ထိုင်းနိုင်ငံသို့ သွားရောက်

0
မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက်ပိုင်း သံတမန်ရေးအရ အပယ်ခံထားရသည့် အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ (သြဂုတ် ၆ ရက်) နံနက်ပိုင်းတွင် ထိုင်းနိုင်ငံသို့ ထွက်ခွာသွားသည်။ ယခုခရီးစဉ်အတွင်း ထိုင်းဝန်ကြီးချုပ်နှင့် တွေ့ဆုံမည်ဖြစ်ပြီး နိုင်ငံတော်အဆင့် ဂုဏ်ပြုအခမ်းအနားဖြင့် ကြိုဆိုရန် စီစဉ်ထားပြီး နှစ်နိုင်ငံခေါင်းဆောင်များသည် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု၊ ချစ်ကြည်ရေးနှင့် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို...

မဲဆောက် တရားမဝင် “၁၀ နှစ်ကတ်” နှိမ်နင်းရေး စီမံချက် စတင်၊ စည်ပင်အရာရှိများနှင့် နိုင်ငံခြားသားများအား ဖမ်းဆီး

0
ထိုင်း-မြန်မာနယ်စပ် တက်ခ်ခရိုင်၊ မဲဆောက်မြို့နယ်အတွင်း တရားမဝင် ကိုယ်ရေးအချက်အလက် မှတ်ပုံတင်မှုများနှင့် စာရွက်စာတမ်း အတုပြုလုပ်သည့် အဂတိလိုက်စားမှုများအား ထိုင်းအာဏာပိုင် ပူးပေါင်းအဖွဲ့များမှ နှိမ်နင်းရေးစီမံချက် စတင်ကြောင်း ထိုင်းသတင်းများတွင်ဖော်ပြသည်။ ယနေ့ (ဩဂုတ် ၄ ရက်) နံနက် ၆ နာရီတွင် "တရားမဝင် ၁၀ နှစ်သက်တမ်းကတ်များ နှိမ်နင်းရေး...

အာဏာသိမ်းသမ္မတ သြဂုတ်လဆန်း ဘန်ကောက်လာမည်

0
မြန်မာ့ အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်သည် လာမည့် သြဂုတ်လ ၆ ရက်နှင့် ၇ ရက်နေ့များတွင် ထိုင်းနိုင်ငံဘန်ကောက်မြို့သို့ လာရောက်ပြီး ထိုင်းဝန်ကြီးချုပ် အနုတင် သျှာန်ဗီရကူးလ် (Anutin Charnvirakul) နှင့် တွေ့ဆုံဆွေးနွေးရန်ရှိကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက AFP သတင်းဌာနသို့ ပြောကြားသည်။ ယမန်နေ့ (ဇူလိုင်လ ၂၁...

တာချီလိတ်နယ်စပ် ပတ်စပိုစ့် ရှိသော်လည်း ဘတ်ထောင်ချီပေးမှ ဖြတ်သန်းခွင့်ရနေ

0
စစ်မှုထမ်းဥပဒေကြောင့် တာချီလိတ်မှတစ်ဆင့် ပြည်ပထွက်ခွာသူ များပြားလာပြီး တရားဝင် ပတ်စပိုစ့်ရှိသူများပင် စစ်ကော်မရှင်လက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးအဖွဲ့က ထိုင်းငွေ ဘတ်ထောင်ချီ တောင်းခံမှုများရှိနေကြောင်း သတင်းရရှိသည်။ လက်ရှိ မြေပြင်ပေါက်ဈေးအရ အလည်အပတ် ပတ်စပိုစ့် (PV) ကိုင်ဆောင်သူများသည် တရားဝင်ဟု ဆိုသော်လည်း နယ်စပ်ဖြတ်ကျော်ရန် တံတားဖြတ်ခအဖြစ် ထိုင်းဘတ်ငွေ ၃,၀၀၀ ခန့်...