မူဆယ် တရုတ်နယ်စပ် ဆင်ဖြူဂိတ်တွင် ရုန်းရင်းဆန်ခတ်မှု ဖြစ်ပွား

သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့နယ် တရုတ်နယ်စပ် ဆင်ဖြူ ဂိတ်ပေါက်တွင် ယနေ့ မနက် ပိုင်းက ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

Photo by Muse Youth- မေလ ၁၇ ရက် ၂၀၁၉ မူဆယ် တရုတ်နယ်စပ် ဆင်ဖြူဂိတ်တွင် ရုန်းရင်းဆန်ခတ်မှု ဖြစ်ပွား

မေလ ၁၇ ရက် မြန်မာစံတော်ချိန်မနက် ၆ နာရီခွဲကျော်က မြန်မာဘက်ခြမ်းမှ ကား၂ စီး ဆင်ဖြူပေါက်ကို ပိတ်ရပထားသဖြင့် တရုတ်ဘက်ခြမ်းမှ ကားများ မြန်မာဘက်သို့ ဝင်၊ထွက်မရ ဖြစ်ရသည်ဟုဆိုကာ တရုတ်ရဲများ ဝင်ကာ ကားဖယ်ခိုင်းရာမှ ရုန်းရင်းဆန်ခတ် ဖြစ်ပွါးခဲ့ခြင်းဖြစ်ကြောင်း အဆိုပါနေရာသို့ ရောက်ရှိမြင်တွေ့ခဲ့သည့် မူဆယ်ဒေသခံများက ပြောဆိုကြသည်။

“ မြန်မာပြည်ဘက်ခြမ်းမှာ ကား၂ စီးက ဂိတ်ပေါက် ပိတ်ရပ်ထားလို့ တရုတ်ဘက်က ကားတွေ ၀င်၊ထွက်မရဘူးဆိုပြီး တရုတ်ရဲက မြန်မာဘက်ကို ဝင်လာပြီး ကားသမားကို ဆွဲရမ်း သလိုဖြစ်သွားတယ်။ အဲ့နားမှာကလည်း တရုတ်ဘက်ကို ဝင်မယ့် လူအုပ်က များတော့ ရုန်းရင်းဆန်ခတ်ဖြစ်သွားတာပေါ့” ဟု တရုတ်ပြည်ဘက်သို့ ဝင်ရန် စောင့်ဆိုင်းနေသည့် စိုင်းအိုက် က ပြောပြသည်။

Photo from VDO clip- မြန်မာနိုင်ငံဘက်ခြမ်းမှ ကားသမားအား တရုတ်ရဲများကဝင်ရောက်လာကာဆွဲရမ်းမှုဖြစ်ပွါးစဉ်

တရုတ်ပြည်ဘက်မှ တာဝန်ကျရဲများ မြန်မာပြည်ဘက်ဝင်ကာ မြန်မာဘက်မှ ပြည်သူအား ဆွဲရမ်းသည့် အပေါ် အမြင်ဆိုးကြောင်း၊ မြန်မာပြည်ဘက်မှ ပြသနာ တစုံတရာဖြစ်ခဲ့ပါက မြန်မာပြည် မှ သက်ဆိုင်ရာ ကိုသာ အကြောင်းကြားပြီး ဖြေရှင်းသင့်ကြောင်း စိုင်းအိုက် ပြောပြသည်။

တရုတ် ရဲ ၂ ဦးမှ ကားသမားကို ဆွဲရမ်းပြုမူသည့် ကိစ္စသည် လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ပြန်နှံ့ နေပြီး၊ တရုတ်ရဲများ မြန်မာပိုင်နက်ကို ကျူးကျော်ကာ ထိုကဲ့သို့ ပြုမူမှုကို မြန်မာပြည်သူများက ကန့် ကွက်ရှုတ်ချကာ သက်ဆိုင်ရာမှ ဝင်ရောက်ဖြေရှင်းစေလိုကြောင်းလည်း မူဆယ် ဒေသခံများက ပြောဆိုလိုက်သည်။

“ တရုတ်တွေက မြန်မာကို လုပ်ချင်တိုင်းလုပ်လို့ရတယ်ဆိုတဲ့သဘောဖြစ်နေတယ်။ ဒါတောင် လူများ ရှေ့မှာဖြစ်နေတာ။ ကျနော်တို့နယ်စပ်ပြည်သူတွေ နေ့တိုင်း ဘယ်လိုခံစားနေရလဲဆိုတာ အစိုးရရော သက်ဆိုင်ရာရော သိစေချင်တယ်” ဟု မူဆယ် ဒေသခံ စိုင်းလုံ ကဆိုသည်။

အဆိုပါ ကိစ္စ နှင့် ပတ်သတ်ပြီး မူဆယ်မြို့သက်ဆိုင်ရာ အာဏာပိုင် နှင့် မူဆယ်မြို့မှ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များ မည်ကဲ့သို့ဖြေရှင်းပေးမည်ကို သျှမ်းသံတော်ဆင့် အနေဖြင့် ဆက်သွယ်မေးမြန်းသော်လည်း ဆက်သွယ်မှု မရခဲ့ပေ။

“ ကျနော်တို့နေ့စဉ် တဘက်ကမ်း( တရုတ်ပြည်)ဘက်ကို အလုပ်သွားလုပ်ရ၊ ပစ္စည်းဝယ်ရတာ အဆင်မပြေဘူး။ တရုတ်ဘက်ကလည်း စည်းကမ်းတွေ တင်းကြပ် ဝင်၊ထွက် ခက်အောင်လုပ်တယ်။ ဒါတွေ ကျနော်တို့သက်ဆိုင်ရာ ကလည်း ဝင်ရောက်ဖြေရှင်းပေးဖို့ လိုအပ်တယ်။ ညှိနှိုင်းပေးဖို့လိုတယ်” ဟု တရုတ်ပြည်သို့ အလုပ်သွားလုပ်သည့် အမျိုးသားတဦးက ပြောသည်။

Photo by Muse Youth- မေလ ၁၇ ရက် ၂၀၁၉ မူဆယ် တရုတ်နယ်စပ် ဆင်ဖြူဂိတ်တွင် ရုန်းရင်းဆန်ခတ်မှု ဖြစ်ပွား

မေ ၁၅ ရက်မှ စတင်ကာ ကုန်တင်ယာဉ်များနှင့် လူဝင် လူထွက်ပြုလုပ်သည့် မန့်ဝိန်းပေါက်ကို မြန်မာ စံတော်ချိန် ည ၉ နာရီခွဲအထိသာခွင့်ပြုတော့မည်ဖြစ်ကြောင်းနှင့် အိမ်စီးတော်ယာဉ်များ၊ ယာဉ်ငယ်များ လူဝင်လူထွက်ပြုလုပ်သည့် ဆင်ဖြူပေါက် နှင့် နန်းတော်ပေါက်ကို ည ၈ နာရီ အထိသာ ဝင်၊ထွက် ခွင့်ပြုသည်။

ယခင်တွင် အဆိုပါ နယ်စပ်ဂိတ် ၃ ဂိတ်ကို မြန်မာ စံတော်ချိန် ည ၁၀ နာရီ ထိ ဖွင့်ပေးခဲ့ကြောင်း သိရသည်။

တရုတ်အစိုးရ အနေဖြင့် တင်းကြပ်သည့် စည်းကမ်းများကိုဖြေလျော့ပေးရန် နှင့် တရုတ်ပြည်ဘက်သို့ အလုပ်သွားလုပ်သည့် မြန်မာနိုင်ငံသားများ အဆင်ပြေမှု အတွက် မြန်မာအစိုးရ အနေဖြင့်လည်း တရုတ်အစိုးရ ကို ညှိနှိုင်းဆွေးနွေးဖို့လည်း လိုအပ်သည် ဟု မူဆယ်တွင် နေထိုင်သူများ က တောင်းဆိုကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူးယစ်သားကောင်ဘဝမှ လူငယ်ပြုစုပျိုးထောင်သူ ဘဝအဖြစ်ရောက်ရှိလာ

0
ကမ္ဘာ့အကြီးဆုံး စိတ်ကြွရူးသွပ်ဆေးပြား ထုတ်လုပ်ရာ နိုင်ငံ အဖြစ် မြန်မာနိုင်ငံရောက်ရှိနေကြောင်း  ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) က ၂၀၂၆ ခုနှစ် အစီရင်ခံစာတွင် ထုတ်ပြန်လိုက်သည်။ နိုင်ငံတွင်း ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိက္ခများကြောင့် သျှမ်းပြည်သည် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုဂိုဏ်းများ၏ ဗဟိုချက်ဖြစ်လာပြီး မူးယစ်ဆေးဝါး ထုတ်လုပ်မှုမှာ အွန်လိုင်းငွေလိမ်လည်မှု လုပ်ငန်းများနှင့်ပါ စနစ်တကျ...

မူဆယ်တွင် တရုတ်နိုင်ငံသား ၁၇ ဦးအပါအဝင် ကျားဖြန့်လုပ်ကိုင်သူ ၅၅ ဦး ဖမ်းဆီးခံရ

0
သျှမ်းပြည် မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ကိုင်သည့် တရုတ်နိုင်ငံသား (၁၇) ဦး အပါအဝင် (၅၅) ဦး ဖမ်းဆီးရမိခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ (ဇူလိုင်လ ၂၅ ရက်) နံနက် ၁၀ နာရီခွဲခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက် စွမ်စော်(၂)လမ်းရှိ နေအိမ်(၂) လုံးကို စစ်တပ်လက်အောက်ခံ...

မူဆယ် KTV များတွင် မူးယစ်ဆေးကြောင့် လူငယ်များ ဆက်တိုက်သေဆုံး၊ တရုတ်ဘက်ကပါ ဆေးကုသခွင့် ပိတ်ပင်

0
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ရှိ KTV များတွင် မူးယစ်ဆေးဝါး အလွန်အကျွံသုံးစွဲခြင်းကြောင့် လူငယ်များ သေဆုံးမှု ဆက်တိုက်ဖြစ်ပွားနေကြောင်း စုံစမ်းသိရသည်။ မူးယစ်ဆေး သောက်သုံးပြီး စိုးရိမ်ရသည့် အရေးပေါ်လူနာများကိုလည်း တရုတ်နိုင်ငံဘက်သို့ ဆေးကုသရန် သွားရောက်ခွင့် ပိတ်ပင်ခံနေရကြောင်း ဒေသတွင်း လူမှုကယ်ဆယ်ရေးအသင်းက ပြောသည်။ ယမန်နေ့ (ဇူလိုင် ၂၄ ရက်) နံနက်ပိုင်းက...

မူဆယ်-နမ့်ခမ်း မြစ်ဘေးရှိ ရပ်ကွက်များနှင့် လယ်ယာ၊ စိုက်ပျိုးမြေများ ရေမြှုပ်

0
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ နှင့် နမ့်ခမ်းမြို့ ရွှေလီမြစ်ဘေးနေထိုင်သည့် ပြည်သူများ၏ နေအိမ်နှင့် လယ်ယာများ ရေမြှုပ်နေကြောင်း သတင်းရရှိသည်။​ ဇူလိုင်လ တတိယပတ်အတွင်း သျှမ်းပြည် မြောက်ပိုင်း နှင့် တရုတ်နိုင်ငံအတွင်း မိုးအဆက်မပြတ်ရွာ သွန်းမှုအပြင် တရုတ်နိုင်ငံမှ ရေကာတာ ရေထုတ်လွှတ်မှုကြောင့် ရွှေလီမြစ်ရေမှာ ရက်ပိုင်း ရေမြင့်တက်လာခြင်းဖြစ်ကြောင်း မူဆယ်မြို့ဒေသခံအမျိုးသားတစ်ဦးက...

မူဆယ်-နမ့်ခမ်းလမ်း KIA စစ်ဆေးရေးဂိတ်တွင် ကားဘီးခွန် ကောက်ခံနေ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ ကချင်လွတ်မြောက်ရေး တပ်မတော် ( KIA ) စစ်ဆေးရေးဂိတ်တွင် နေ့စဉ်ဖြတ်သန်းသွားလာနေသည့် ကားဘီးခွန် ကောက်ခံ နေကြောင်း သတင်း ရရှိသည်။ ပြီးခဲ့သည့် ဇူလိုင် ၂ ရက်တွင် မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ နမ့်လျှန်ကျေးရွာ အနီးတွင် KIA စစ်ဆေးရေးဂိတ်ကို...