Tuesday, January 27, 2026

တောင်ကြီးမြို့တွင် ၃ ကြိမ်မြောက် စစ်တပ်ထောက်ခံပွဲပြုလုပ်

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်နေသာ တပ်မတော် ထောက်ခံပွဲ နှင့် ပုဒ်မ (၂၆၁ ) ကိုဥပဒေနှင့် အညီပြင်ဆင်ပေးရေး အတွက် အမျိုးသားလုံခြုံရေးကွန်ရက်ဗဟိုမှ ဦး ဆောင်သည့် ဆန္ဒထုတ်ဖော်ပွဲတရပ် ပြုလုပ်ခဲ့သည်။

Photo by SHAN-မေလ ၁၅ ရက် ၂၀၁၉ ကတောင်ကြီးမြို့တွင် ၃ ကြိမ်မြောက် စစ်တပ်ထောက်ခံပွဲပြုလုပ်

သျှမ်းပြည်နယ်မြို့တော် တောင်ကြီးတွင်အဆိုပါ လမ်းလျှောက် ဆန္ဒထုတ်ဖော်ပွဲကို လူအင်အား ၂၀၀ ခန့်က မေလ ၁၅ ရက်နေ့က ပြုလုပ်ခဲ့ခြင်းဖြစ်သည် ။

“ ဒီနေ့ကျင်းပရတဲ့ရည်ရွယ်ချက်က၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်သင့် ပြင်ထိုက်တဲ့ ပုဒ်မတွေကိုလည်း ပြင်မယ်လို့တပ်မတော်ကပြောထားတယ် ၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုကာကွယ်စောင့်ရှောက်နေတဲ့ တပ်မတော် ကို ကျနော်တို့ကထောက်ခံတယ်။ နောက်ပြီး ပုဒ်မ ၂၆၁ ကိုဥပဒေနဲ့အညီ နိုင်ငံတော် ကပြင်ဆင်ပေးဖို့ကျနော်တို့က တောင်းဆို ဆန္ဒဖော်ထုတ်ကြတာပါ ” ဟု အမျိုးသား လုံခြံုရေးလူမှုကွန်ရက်ဗဟိုဥက္ကဌ ဦးနေဝင်းထွေး ကပြောသည် ။

Photo by SHAN-မေလ ၁၅ ရက် ၂၀၁၉ ကတောင်ကြီးမြို့တွင် ၃ ကြိမ်မြောက် စစ်တပ်ထောက်ခံပွဲပြုလုပ်

ဖွဲ့စည်းပုံဥပဒေ ပုဒ်မ ၂၆၁ သည် ပြည်နယ်နှင့်တိုင်းဝန်ကြီးချုပ်များအား သမ္မတမှတိုက်ရိုက် ခန့်အပ်ခွင့် မရှိပဲ ၊ သက်ဆိုင်ရာပြည်နယ်နှင့် တိုင်း လွှတ်တော်မှ ခန့်အပ် ပိုင်ခွင့်ရှိသည်ဟု ဖော်ပြထားသည်။

Photo by SHAN-မေလ ၁၅ ရက် ၂၀၁၉ ကတောင်ကြီးမြို့တွင် ၃ ကြိမ်မြောက် စစ်တပ်ထောက်ခံပွဲပြုလုပ်

လမ်းလျှောက်ဆန္ဒထုတ်ဖော်မည့်သူများသည် တောင်ကြီးမြို့ စစ်မှုထမ်းဟောင်ရုံးရှေ့ ၊ မင်းကွန်း ကျောင်းတိုက် အနီးတွင် စုဝေး၍ ကျောက်တိုင်ကွင်းသို့ စီတန်း လှည့်လည် ပြီး ဟောပြောပွဲပါ ပြုလုပ်ခဲ့ကြောင်းသိရသည် ။

Photo by SHAN-မေလ ၁၅ ရက် ၂၀၁၉ ကတောင်ကြီးမြို့တွင် ၃ ကြိမ်မြောက် စစ်တပ်ထောက်ခံပွဲပြုလုပ်

တောင်ကြီးမြို့ပေါ်တွင်အမျိုးသား လုံခြံုရေးလူမှုကွရက်ဗဟိုမှ ဦးဆောင်၍ စစ်တပ်ထောက်ခံပွဲပြုလုပ်လာသည်မှာ (၃) ကြိမ်မြောက် ရှိပြီဖြစ်ပြီး တစ်ကြိမ်နှင့် တစ်ကြိမ်ခေါင်းစဉ်မတူကြောင်းတွေ့ရသည် ။

Photo by SHAN-မေလ ၁၅ ရက် ၂၀၁၉ ကတောင်ကြီးမြို့တွင် ၃ ကြိမ်မြောက် စစ်တပ်ထောက်ခံပွဲပြုလုပ်

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရွာငံမြို့နယ် ‌မဲရုံများတွင် လုံခြုံရေးယူရန် စစ်တပ်နှင့် PNO အင်အားဖြည့်

0
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ်တွင် ကျေးရွာဘက်ရှိ မဲရုံများ၌ လုံခြုံရေးယူရန် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်ထားကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ ၇ ရက်မှ စတင်ပြီး ရွာငံမြို့နယ်နှင့် အနီးတစ်ဝိုက် ရွေးကောက်ပွဲကျင်းပမည့် ကျေးရွာများတွင် စစ်ကော်မရှင်တပ်နှင့် ၎င်း၏လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) တို့က လုံခြုံရေး တင်းကြပ်နေပြီး...

ခေါင်းနှင့်ပန်းလို တစ်သားတည်း ဖြစ်နေသော စစ်တပ်နှင့် ကြံ့ခိုင်ရေးပါတီ

0
စစ်ကော်မရှင် ဦးဆောင်ကျင်းပခဲ့သည့် အတုအယောင် ရွေးကောက်ပွဲ အပိုင်း (၁) တွင် သျှမ်းပြည် (၁၂) မြို့နယ်၌ စစ်တပ်ကျောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) က မြို့နယ်အများစုတွင် အနိုင်ရ ဦးဆောင်နေကြောင်း သိရသည်။ ၂၀၂၅ ဒီဇင်ဘာလ ၂၈ ရက်က အတုအယောင် ရွေးကောက်ပွဲ...

ကျားဖြန့်ခေါင်းဆောင် ၁၀၀ ကျော်ကို တရုတ်ဝရမ်းထုတ်ပြီးနောက် စစ်တပ်က ကျားဖြန့်တိုက်ဖျက်ရေးကော်မတီဖွဲ့

0
မြန်မာပြည်မြောက်ပိုင်းတွင် လုပ်ကိုင်နေသည့် ကျားဖြန့်ဂိုဏ်းခေါင်းဆောင် ၁၀၀ ကျော်ကို တရုတ်နိုင်ငံမှ ဖမ်းဝရမ်း ထုတ်ပြန်ခဲ့ပြီးနောက် စစ်ကော်မရှင်ဘက်မှ ကျားဖြန့်တိုက်ဖျက်ရေး ကော်မတီကို ဖွဲ့စည်းလိုက်ကြောင်း ကြေညာခဲ့သည်။ ယမန်နေ့ (ဒီဇင်ဘာလ ၁၀ ရက်) ရက်စွဲဖြင့် ဖွဲ့စည်းလိုက်သည့် အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများ တိုက်ဖျက်ရေး ကြီးကြပ်မှု ဗဟိုကော်မတီတွင် အဖွဲ့ဝင်...

စစ်တပ်ဆန့်ကျင်သူများကို AI ဖြင့် ပြုပြင်ပြီး စစ်ကော်မရှင်၏ ရွေးကောက်ပွဲ ကမ်ပိန်းအတွက် လှုံ့ဆော်ပေးနေဟု သတင်းအမှားဖြန့်

0
အာဏာသိမ်းစစ်တပ် ဆန့်ကျင်သူများကို AI နည်းပညာဖြင့် ပြုပြင်ပြီး စစ်ကော်မရှင်၏ ရွေးကောက်ပွဲအား ထောက်ခံသော လှုပ်ရှားမှုကမ်ပိန်းတွင် ပါဝင်လှုံ့ဆော်ပေးနေကြောင်း ရုပ်သံဖိုင်တစ်ခုဖြင့် ဖြန့်ဝေနေသည်။ အဆိုပါရုပ်သံဖိုင်ကို စစ်ကော်မရှင်၏ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်လ်တစ်ခုဖြစ်သော “တိုက်မောင်း” ဆိုသည့် ချန်နယ်လ်တစ်ခုမှ ဒီဇင်ဘာလ ၈ ရက်နေ့တွင် ဖြန့်ဝေခဲ့ပြီး ကြည့်ရှုသူပေါင်း ၂၆,၀၀၀ ကျော်ရှိခဲ့သည်။ အလားတူ...
USDP_Supporters

ရွာငံဒေသခံများကို ရွေးကောက်ပွဲထောက်ခံပွဲ အင်အားပြရန် USDP စည်းရုံးဖိအားပေးနေ

0
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ်တွင် စစ်ကော်မရှင် ဦးစီးပြုလုပ်မည့် ရွေးကောက်ပွဲကို ထောက်ခံကြောင်း အင်အားပြပွဲ ပြုလုပ်ရန် USDP ကြံ့ခိုင်ရေးပါတီဝင်များက ဒေသခံများကို လိုက်လံစည်းရုံး နေကြောင်း သတင်းရရှိသည်။