တောင်ကြီးမြို့တွင် ၃ ကြိမ်မြောက် စစ်တပ်ထောက်ခံပွဲပြုလုပ်

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်နေသာ တပ်မတော် ထောက်ခံပွဲ နှင့် ပုဒ်မ (၂၆၁ ) ကိုဥပဒေနှင့် အညီပြင်ဆင်ပေးရေး အတွက် အမျိုးသားလုံခြုံရေးကွန်ရက်ဗဟိုမှ ဦး ဆောင်သည့် ဆန္ဒထုတ်ဖော်ပွဲတရပ် ပြုလုပ်ခဲ့သည်။

Photo by SHAN-မေလ ၁၅ ရက် ၂၀၁၉ ကတောင်ကြီးမြို့တွင် ၃ ကြိမ်မြောက် စစ်တပ်ထောက်ခံပွဲပြုလုပ်

သျှမ်းပြည်နယ်မြို့တော် တောင်ကြီးတွင်အဆိုပါ လမ်းလျှောက် ဆန္ဒထုတ်ဖော်ပွဲကို လူအင်အား ၂၀၀ ခန့်က မေလ ၁၅ ရက်နေ့က ပြုလုပ်ခဲ့ခြင်းဖြစ်သည် ။

“ ဒီနေ့ကျင်းပရတဲ့ရည်ရွယ်ချက်က၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်သင့် ပြင်ထိုက်တဲ့ ပုဒ်မတွေကိုလည်း ပြင်မယ်လို့တပ်မတော်ကပြောထားတယ် ၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုကာကွယ်စောင့်ရှောက်နေတဲ့ တပ်မတော် ကို ကျနော်တို့ကထောက်ခံတယ်။ နောက်ပြီး ပုဒ်မ ၂၆၁ ကိုဥပဒေနဲ့အညီ နိုင်ငံတော် ကပြင်ဆင်ပေးဖို့ကျနော်တို့က တောင်းဆို ဆန္ဒဖော်ထုတ်ကြတာပါ ” ဟု အမျိုးသား လုံခြံုရေးလူမှုကွန်ရက်ဗဟိုဥက္ကဌ ဦးနေဝင်းထွေး ကပြောသည် ။

Photo by SHAN-မေလ ၁၅ ရက် ၂၀၁၉ ကတောင်ကြီးမြို့တွင် ၃ ကြိမ်မြောက် စစ်တပ်ထောက်ခံပွဲပြုလုပ်

ဖွဲ့စည်းပုံဥပဒေ ပုဒ်မ ၂၆၁ သည် ပြည်နယ်နှင့်တိုင်းဝန်ကြီးချုပ်များအား သမ္မတမှတိုက်ရိုက် ခန့်အပ်ခွင့် မရှိပဲ ၊ သက်ဆိုင်ရာပြည်နယ်နှင့် တိုင်း လွှတ်တော်မှ ခန့်အပ် ပိုင်ခွင့်ရှိသည်ဟု ဖော်ပြထားသည်။

Photo by SHAN-မေလ ၁၅ ရက် ၂၀၁၉ ကတောင်ကြီးမြို့တွင် ၃ ကြိမ်မြောက် စစ်တပ်ထောက်ခံပွဲပြုလုပ်

လမ်းလျှောက်ဆန္ဒထုတ်ဖော်မည့်သူများသည် တောင်ကြီးမြို့ စစ်မှုထမ်းဟောင်ရုံးရှေ့ ၊ မင်းကွန်း ကျောင်းတိုက် အနီးတွင် စုဝေး၍ ကျောက်တိုင်ကွင်းသို့ စီတန်း လှည့်လည် ပြီး ဟောပြောပွဲပါ ပြုလုပ်ခဲ့ကြောင်းသိရသည် ။

Photo by SHAN-မေလ ၁၅ ရက် ၂၀၁၉ ကတောင်ကြီးမြို့တွင် ၃ ကြိမ်မြောက် စစ်တပ်ထောက်ခံပွဲပြုလုပ်

တောင်ကြီးမြို့ပေါ်တွင်အမျိုးသား လုံခြံုရေးလူမှုကွရက်ဗဟိုမှ ဦးဆောင်၍ စစ်တပ်ထောက်ခံပွဲပြုလုပ်လာသည်မှာ (၃) ကြိမ်မြောက် ရှိပြီဖြစ်ပြီး တစ်ကြိမ်နှင့် တစ်ကြိမ်ခေါင်းစဉ်မတူကြောင်းတွေ့ရသည် ။

Photo by SHAN-မေလ ၁၅ ရက် ၂၀၁၉ ကတောင်ကြီးမြို့တွင် ၃ ကြိမ်မြောက် စစ်တပ်ထောက်ခံပွဲပြုလုပ်

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်တပ် ပေါ်တာဆွဲမှု သောင်းကျန်း၊ လူငယ်များ သွားလာသတိပြုရန်

0
စစ်ကော်မရှင်တပ်ဖွဲ့ဝင်များသည် ယခုရက်ပိုင်း လူမြင်ကွင်းတွင် ပေါ်တင် ပေါ်တာဆွဲမှု ပြုလုပ်လာသဖြင့် သျှမ်းပြည်တောင်ပိုင်း လူငယ်များလည်း အသွားအလာ သတိရှိရှိ နေရကြောင်း သတင်းရရှိသည်။ ယခုရက်ပိုင်း အောင်ပန်းမြို့တွင် ပေါ်တာဆွဲမှုများရှိနေသဖြင့် လူငယ်များသည် နေ့လည်ပိုင်းတွင် အပြင်ကို သတိဖြင့်သွားလာရပြီး ညနေပိုင်းတွင် အပြင်ထွက်ရန်ပင် စိုးရိမ်နေကြကြောင်း အသက် ၂၅ ဝန်းကျင်ရှိ...

ရွာငံ စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့ ထိတွေ့မှုရှိ၊ ဒေသခံများကို စစ်ဆေးမှု ပိုတင်းကျပ်လာ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ မကြာခဏ ဖြစ်ပွားနေပြီး၊ စစ်တပ်က ဒေသခံများကို သွားလာမှု ကန့်သတ်ထားကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ နောက်ဆုံးပတ်တွင် ရွာငံမြို့နယ် ဆတ်ခြံကျေးရွာနှင့် တောင်ဦးကျေးရွာကြားတွင် စစ်တပ်နှင့် တော်လှန်ရေးတပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး တော်လှန်ရေးဘက်မှ ရှောင်တခင်တိုက်ခိုက်သောကြောင့် စစ်တပ်ဘက်မှ...

နယ်စပ်တည်ငြိမ်ရေးနှင့် ကျားဖြန့်နှိမ်နင်းရန် စစ်တပ်နှင့် ထိုင်းအရာရှိများ ဆွေးနွေး

0
မြန်မာ-ထိုင်း နယ်စပ်တစ်လျှောက် တရားဥပဒေစိုးမိုးရေးနှင့် ဒေသတွင်း ဆိုးဝါးစွာဖြစ်ပေါ်နေသော အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းများကို တိုက်ဖျက်ရန် စစ်ကော်မရှင်၏ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ထိုင်းနိုင်ငံ အမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူးချုပ်တို့ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ (သြဂုတ်လ ၂၇ ရက်) နံနက်ပိုင်းက နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌...

တောင်ကြီး ရပ်ကွက်အချို့ စစ်တပ်က ဧည့်စာရင်းလိုက်လံစစ်ဆေး အသက်ပြည့်သူများကို စစ်မှုထမ်းရန် စာရင်းသွင်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ ရပ်ကွက်အချို့တွင် စစ်တပ်က ဧည့်စာရင်းလိုက်လံ စစ်ဆေးပြီး အသက်ပြည့်သည့် လူငယ်အမျိုးသားများကို စစ်မှုထမ်းရန် စာရင်းသွင်းထားကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်ကြီးမြို့အတွင်း စစ်ဘေးလာရှောင်သူများကိုလည်း တစ်လတစ်ကြိမ် ပုံမှန် ဧည့်စာရင်းတိုင်ခိုင်းနေပြီး ရပ်ကွက်အတွင်း စစ်မှုထမ်းရန်လူလိုလျှင် အသက်ပြည့်ပြီးသည့် လူငယ် စစ်ဘေးရှောင်များကိုလည်း စစ်မှုထမ်းရန် စာရင်းသွင်းခိုင်းထားကြောင်း ဒေသခံများက...

မိုင်းပျဉ်းမြို့နယ် စစ်တပ်၊ ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့နှင့် RCSS ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်အတွင်းရှိ RCSS/SSA ထိန်းချုပ်နယ်မြေအနီးသို့ စစ်တပ်နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့မှ တောနင်းဝင်ရောက်လာခြင်းကြောင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၂ ရက် နေ့လယ်ပိုင်း ၁၂ နာရီကျော်တွင် မိုင်းပျဉ်းမြို့နယ်ရှိ သျှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) ထိန်းချုပ်နယ်မြေထဲ အာဏာသိမ်းစစ်တပ်နှင့်...