Friday, October 11, 2024

မူဆယ်မြို့ အမှိုက် စနစ်တကျ မသိမ်းဆည်းသည့် အောင်ဂရုဏာအား လုပ်ကိုင်ခွင့် ရုပ်သိမ်းရန် သျှမ်း စည်ပင်ဝန်ကြီးစာထုတ်

Must read

သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့ တွင် ပုဂ္ဂလိက အမှိုက် နှင့် မိလ္လာ သိမ်းဆည်းရေး ဝန်ဆောင်မှု လုပ်ဆောင်နေသည့် အောင်ဂရုဏာ ကုမ္ပဏီအား လုပ်ကိုင်ခွင့် ရုပ်သိမ်းခြင်း နှင့် လုပ်ငန်းပြန်လည် အပ်နှံရန် သျှမ်းပြည်နယ် စည်ပင် သာယာရေး ဝန်ကြီးမှ စာထုတ်ပြန်ခဲ့သည်။

Photo by မူဆယ်သူ မူဆယ်သားများ- မူစယ်မြို့လယ်က အမှိုက်ပုံတချို့

မူဆယ်မြို့ ပုဂ္ဂလိက အမှိုက် နှင့်မိလ္လာ သိမ်းဆည်းရေး ဝန်ဆောင်မှု လုပ်ငန်း လုပ်ကိုင်နေသည့် အောင်ဂရုဏာ ကုမ္ပဏီ တွင် အားနည်ချက်းများစွာ ရှိပြီး ၄င်းတို့ဝန်ဆောင်မှုအား ရပ်ကွက်နေ ပြည်သူများက အားရကျေနပ်မှု မရှိသည့်အပြင် ဆန္ဒထုတ်ဖော်မှုများပင်ရှိနေကြောင်း၊ ထို့အတွက် စာချုပ်ပါ စည်းကမ်းချက်များနှင့် အညီ ဆောင်ရွက်နိုင်မှု မရှိသဖြင့် အောင်ဂရုဏာကုမ္ပဏီ အားလုပ်ကိုင်ခွင့် ရုပ်သိမ်းခြင်း သို့မဟုတ် ကုမ္ပဏီ မှ လုပ်ငန်း ပြန်လည် အပ်နှံခြင်းများ ဆောင်ရွက်ပြီး အများပြည်သူ စိတ်ကျေနပ်မှု ပေးနိုင်သည့် ကုမ္ပဏီ ရရှိရေး တင်ဒါ ထပ်မံခေါ်ယူသင့်ပါကြောင်း
သျှမ်းပြည်နယ် စည်ပင်သာယာရေး ဝန်ကြီး စိုင်းစွံဆိုင် လက်မှတ်ရေးထိုးကာ ဧပြီလ ၂၄ ရက်နေ့ ရက်စွဲဖြင့် ကြေငြာချက်ထုတ်ပြန်ထားသည်။

အဆိုပါ ကိစ္စ နှင့် ပတ်သတ်ပြီး ၂၀၁၉ ဧပြီ ၁၁ ရက် နေ့တွင်ပြုလုပ်သည့် သျှမ်းပြည်နယ် အစိုးရ အဖွဲ့ ပုံမှန် အစည်းအဝေး ဆုံးဖြတ်ချက် အရ နိုင်ငံတော်သမ္မတရုံ၏ ညွှန်ကြားချက် အညီ တင်ဒါ အသစ်ခေါ်ယူရန် အကြောင်းကြား ကြောင်းလည်း ရေးသားထားသည်။

အမှိုက်သိမ်းရန် ကန်ထရိုက် ယူထားသည့် အောင်ဂရုဏာ ကုမ္ပဏီ သည် အချိန်မှန် အမှိုက်မသိမ်းဆည်းမှုကြောင့် မူဆယ်မြို့ ဒေသခံများ အခက်အခဲကြုံရပြီးသည် မှာ နှစ်ရှည်လများရှိခဲ့ပြီဖြစ်ကြေင်း မူစယ်မြို့ခံများကပြောသည်။

လက်ရှိတွင် သျှမ်းပြည်နယ် စည်ပင် သာယာရေး ကော်မတီ အနေဖြင့် အောင်ဂရုဏာ ကုမ္ပဏီ ကို အရေးယူ ဆောင်ရွက် မည် ကို ကြားသိရသဖြင့် ဝမ်းသာကြောင်း၊ စည်းကမ်းချက် နှင့် အညီ မူဆယ်မြို့ အား စည်ပင်သာယာ လှပအောင် ဆောင်ရွက်နိုင်သည့် ကုမ္ပဏီ ကို သာ တင်ဒါပေးရန် လည်း မူဆယ် ဒေသခံများက ပြောဆိုလိုက်သည်။

Photo by Muse Youth-အမှိုက်သိမ်းမမှန်သည့် အောင်ဂရုဏာကုမ္မဏီအား ၂၀၁၇ ခုနှစ်က မူဆယ်ဒေသခံများ စုပေါင်းဆန္ဒပြ

မူဆယ်မြို့ ပုဂ္ဂလိက အမှိုက်သိမ်း တင်ဒါ အောင်မြင်သည့် အောင်ဂရုဏာ ကုမ္ပဏီသည် ၂၀၁၅ ခုနှစ်တွင် စတင်ကာ အမှိုက်များကို စနစ်တကျ မသိမ်းဆည်းခြင်း၊ အချိန်မှန် မသိမ်းဆည်းခြင်းတို့ကြောင့် ၂၀၁၇ ခုနစ် သြဂုတ်လ က မူဆယ်ဒေသခံများက ဆန္ဒပြခဲ့ကြသည်။

Leave a Comments

- Advertisement -spot_img

Latest article