၇၁ နှစ်မြောက် သျှမ်းပြည်အမျိုးသားနေ့အထိမ်းအမှတ် TYN သျှမ်းလူငယ်ကွန်ယက်အဖွဲ့ သံလွင်မြစ်ဘေးရှိ အထင်ကရတောင်တက်ကြမည်

သျှမ်းလူငယ်ကွန်ယက် Tai Youth Network က ၇၁ နှစ်ပြည့် သျှမ်းပြည်အမျိုးသားနေ့ အထိမ်း အမှတ် လူငယ်များမူးယစ်ဆေးဝါးနှင့် ဒုစရိုက်ကင်းစင်ရေးအတွက်ရည်ရွယ်ကာ သျှမ်းပြည်အရှေ့ပိုင်း သံလွင်မြစ်နှင့်ကပ်လျက် မွေတော်ဟိုလိန်း စေတီတော်ရှိသည့်တောင်အား တက်ကြမည်ဖြစ်ကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် ကျိုင်းတုံခရိုင် မိုင်းပြင်းမြို့နယ် ပျက်ကန့်အုပ်စုရှိ မွေတော်ဟိုလိန်း တောင်အား တက်ရောက်ကြမည်ဖြစ်ကြောင်းသိရသည်။

သျှမ်းလူငယ်ကွန်ယက် ပြောခွင့်ရ စိုင်းဆုက- ရ၁ နှစ်ပြည့် သျှမ်းပြည်အမျိုးသားနေ့တုန်း လူငယ်တွေကိုယ်စီ ကိုယ့်ဒေသမှာ ပွဲကျင်းပကြလို့ တောင်မတက်အားတာဖြစ်တယ်။ အခုလာမယ့် ဒီလ ၁၈ ရက်မှာ တောင်တက်မှာကိုတော့ အနယ်နယ်အရပ်ရပ်ကလူငယ်တွေလာရောက်ပူ းပေါင်းစေချင် တယ် ။ တောင်ကသိပ်မမြင့်ပေမယ့် လက်တွဲလှုပ်ရှားမှုဖြစ်အောင်လို့ ပူးပေါင်းကြဖို့တိုက်တွန်းပါတယ် -သျှမ်းသံတော်အား ပြောသည်။

သျှမ်းလူငယ် TYN ၏တောင်တက်ရခြင်းရည်ရွယ်ချက်မှာ သျှမ်းပြည်တွင်း သဘာဝ တောတောင်ရေမြေအား မြတ်နိုးထိန်းသိမ်းတတ်စေရန် ၊ ကျန်းမာသန်စွမ်းအောင် လှုပ်ရှားမှုရှိစေရန်၊ သျှမ်းလူငယ်များ အေးအတူပူအမျှခံစားစံစားရစေရေး လက်တွေ့လေ့လာမှုရရှိစေရန်၊ ဒေသတွင်းလူနေမှုစရိုက်များလေ့လာမှုပြုနိုင်ရန်နှင့် အနာဂတ်အမျိုးသားရေး ငြိမ်းချမ်းရေးတည်ဆောက်ရေးလုပ်ငန်းများတွင် တဦးနှင့်တဦး ကူညီလက်တွဲဆောင်ရွက်တတ်စေရန် ရည်ရွယ်ကြောင်းသိရသည်။

ယခုတက်ရောက်မည့်လွယ်လိန်းတောင်သည် သံလွင်မြစ်အရှေ့ဘက်ခြမ်းတွင်တည်ရှိပြီး ကွန်ဟိန်းမြို့နယ် ကာလိမြို့နယ်ခွဲ၏အရှေ့မြောက်ဘက်တွင်တည်ရှိပါသည်။ တာကော် သံလွင်မြစ်ကူးတို့ဆိပ်မှ အထက်ဘက်သို့ ရေကြောင်းခရီးဖြင့် ၃ နာရီခန့်အကြာတက်ရသည်ဟုသိရသည်။

မွေတော်ဟိုလိန်းစေတီတော်၏ တပေါင်းပွဲတော်မှာ နာမည်ကြီးထင်ရှားလှသည်။ စေတီတော်အား ၂၀၀၀ ပြည့်နှစ်က မိုင်းဖုန်းဆရာတော်ခူးဝါးဝန်းစုမ့်မှ ပြန်လည်မွမ်းမံကာ ထီးတော်တင်ခဲ့သည်။ သံလွင်မြစ်ကမ်းနံဘေးတွင်တည်ရှိသဖြင့် သဘာဝပတ်ဝန်းကျင်လေ့လာရေးအတွက်အထူးသင့်လျော်သည့်နေရာတခုဖြစ်ကြောင်းလည်း ကာလိဒေသခံများကပြောဆိုပါသည်။ ရေလမ်းခရီး၊ ကုန်းလမ်းခရီးဖြင့်သွားနိုင်ကြောင်းသိရသည်။

ယခုနှစ် သျှမ်းလူငယ်ကွန်ယက်မှ ဦးဆောင်သည့် လူငယ်များတောင်တက်ခြင်း လှုပ်ရှားမှုမှာ ၈ ကြိမ်မြောက်တောင်တက်ခြင်းလှုပ်ရှားမှုဖြစ်ပါသည်။ ၂၀၁၄ ခုနှစ်က ထိုသို့တောင်တက်လှုပ်ရှားမှု စတင်ခဲ့ကြခြင်းဖြစ်ပြီး မိုင်းရယ်မြို့ရှိ လွယ်လိန်းတောင် ၊ သီပေါမြို့ရှိ လွယ်ခေးတောင်၊ သိန္နီမြို့နယ် လွယ်ဆာမ်ဆစ်ေ တာင်၊ မိုင်းကိုင်မြို့နယ် လွယ်စန့်တောင်၊ မူစယ်မြို့တဖက်ကမ်း စယ်လန့်ရှိ လွယ်တေးမိန်းတောင်နှင့် ကချင်ပြည်နယ် ဗန်းမော်မြို့ရှိ လွယ်ဝိလာသ တောင် ၊ မိုင်းရှူးမြို့နယ် လွယ်ဆောင်ထောက်တောင်တို့ကိုတက်ရောက် ခဲ့ကြပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အယုဒ္ဓယတွင် ချစ်သူမိန်းကလေးထံ ကျောင်းရန်ပုံငွေ ဘတ် ၉၂ သန်းကျော်လွှဲပေးသည့် ကျောင်းထိုင်ဘုန်းကြီးဖမ်းခံရ

0
ထိုင်းနိုင်ငံ၊ အယုဒ္ဓယခရိုင် ဘုန်းကြီးကျောင်းတစ်ခုတွင် သက်တော် ၆၆ နှစ်အရွယ််ရှိ ကျောင်းထိုင်ဆရာတော်ဖြစ်သူမှ ဘုန်းကြီးကျောင်း ရန်ပုံငွေ ဘတ် ၉၂ သန်းကျော် (မြန်မာကျပ် ၁၂ ဘီလီယံ နီးပါး) အလွဲသုံးစားလုပ်မှုဖြင့် ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းများတွင်ဖော်ပြသည်။ ယနေ့ (စက်တင်ဘာ ၁၀ ရက်) မနက်အစောပိုင်းတွင် ထိုင်းနိုင်ငံ...

တာချီလိတ်တွင် တရုတ်လူမျိုးအပါအဝင် ကျားဖြန့်သမား ၅၆ ဉီး ထပ်မံဖမ်းခံရ

0
သျှမ်းပြည် အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် အွန်လိုင်းငွေလိမ်(ကျားဖြန့်)လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၅ ဦးအပါအဝင် စုစုပေါင်း ၅၆ ဦး ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။ ယမန်နေ့ (စက်တင်ဘာ ၉ ရက်) ညနေပိုင်းတွင် တာချီလိတ်မြို့ရှိ ဝမ်ကောင်းရပ်ကွက်အတွင်း အွန်လိုင်းငွေလိမ်(ကျားဖြန့်)လုပ်ငန်းများ လုပ်ကိုင်နေသည့် နေရာကို စစ်ကောင်စီတပ်တို့...

မာရီဂိုးလ်ပန်းစက်ရုံထွက်အနံ့ကြောင့် ဒေသခံများ ခေါင်းမူး၊ အော့အန်မှုဖြစ်

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့နယ် ပွေးလှကျေးရွာ နှင့် တောင်ကြီးမြို့နယ် ရေပူကျေးရွာ၊ တောင်နီကျေးရွာတွင် ရှိသည့် မာရီဂိုးလ် ပန်းစက်ရုံထွက် အညစ်အကြေးနှင့် အနံ့ဆိုးကြောင့် ‌ ခေါင်းမူး၊ အော့အန်မှုများဖြစ်၍ ချောင်းအတွင်း ငါးများလည်း သေဆုံးမှုရှိနေကြောင်း သတင်းရရှိသည်။ သျှမ်းတောင်တွင် မာရီဂိုးလ်ပန်းများကို တရုတ်ကုမ္ပဏီများနှင့် စာချုပ်ချုပ်ဆို၍ စိုက်ပျိုးသူများလာပြီး တရုတ်ကုမ္ပဏီဘက်မှ...

ချင်းမိုင်တွင် တစ်ရက်လျှင် ဘတ် ၇,၀၀၀ ဝင်ငွေရှိသည့် မြန်မာနိုင်ငံသား ဈေးသည် တိုင်ကြားခံရပြီး ဖမ်းမိ

0
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၊ Chang Phueak နယ်မြေတွင် စျေး လှည့်လည်ရောင်းချနေသော ဆိုင်များအတွင်း တရားဝင်အလုပ်လုပ်ကိုင်ခွင့် (ပါမစ်) မရှိဘဲ ဈေးရောင်းချနေသည့် မြန်မာနိုင်ငံသားတစ်ဦးအား အာဏာပိုင်များမှ ဖမ်းဆီးခဲ့ကြောင်း ချင်းမိုင်သတင်းတွင် ဖော်ပြသည်။ ယမန်နေ့ ( စက်တင်ဘာလ ၉ ရက်) ညနေပိုင်းက ချင်းမိုင်ခရိုင် လဝက၊...

ထိုင်း မူလတန်းကျောင်းတခုတွင် ရဲအရာရှိမှ သေနတ်ဖြင့်ဝင်ပစ်၊ အမျိုးသမီးတဉီးသေဆုံး

0
ထိုင်းနိုင်ငံ၊ ချွန်ပူရီခရိုင် စည်ပင်သာရေးဌာန၏ ကလေးထိန်းကျောင်းတခုအတွင်း ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အမျိုးသမီးတဉီးသေဆုံးကြောင်း သတင်းရရှိသည်။ ယနေ့ (စက်တင်ဘာ ၉ ရက်) မနက်ပိုင်းတွင် ထိုင်းနိုင်ငံ၊ ချွန်ပူရီခရိုင်အတွင်းရှိ၊ နောင်ပလာလိုင် (Nong Pla Lai) ကလေးထိန်းကျောင်းတွင် သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အသက် ၄၈ နှစ်အရွယ် အမျိုးသမီးတဉီး သေဆုံးခဲ့ပြီး...