ပြည်ထောင်စုနေ့အပြီး သမိုင်းဝင်ပင်လုံတွင်ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ကျင်းပမည်

သျှမ်းပြည်တောင်ပိုင်းပင်လုံမြို့တွင် ရ၁ နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားအထိမ်းအမှတ်ပွဲ ၂ ပွဲအား သျှမ်းပြည်နယ်အစိုးရ နှင့် အမျိုးသား ဒီမို ကရေစီအဖွဲ့ချုပ်တို့မှ ကျင်းပခဲ့ကြကြောင်း သိရသည်။

သျှမ်းပြည်နယ်အစိုးရက ဦးဆောင်ကာ နှစ်စဉ်ကျင်းပမြဲအတိုင်း ပြည်ထောင်စုနေ့အခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးက ဦးဆောင်စီစဉ်ကာ ပင်လုံမြို့ကျောက်တိုင်ကွင်းတွင်ဖေဖော်ဝါရီလ ၁၂ ရက်မနက်ပိုင်းက ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားတွင် သမ္မတကြီးဦးထင်ကျော်မှပေးပို့သော သဝဏ်လွှာ ဖတ်ကြားခြင်း၊ ထူးချွန်သော ကလေးသူငယ်များအား ဆုချီးမြှင့်ခြင်း တို့ပြုလုပ်ခဲ့ပြီး ဖိတ်ကြားထားသည့် မြို့မိမြို့ဖများ ၊ သျှမ်းစာပေယဉ်ကျေးမှုအသင်းဝင်လူငယ်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ စုစုပေါင်း ၈၀၀ ခန့်တက်ရောက်ခဲ့ကြောင်း မြို့ခံလူငယ်စိုင်းဆု ကသျှမ်းသံတော်ဆင့်အားပြောသည်။

တဖက်တွင်လည်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီက ဦးဆောင်ကာ ၄င်းပါတီဝင်များကလည်း ပင်လုံမြို့တွင်ပင် ရ၁ နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် ၃ ရက်ဆက်တိုက်ကျင်းပခဲ့ကြောင်း လည်း သိရသည်။

“ NLD ပါတီ ဗဟိုကော်မတီ ပြည်နယ်နဲ့တိုင်းကော်မတီဝင်တွေနဲ့ ပင်လုံမြို့က သူတို့ပါတီဝင်တွေက ဘဲစုပေါင်းကျင်းပတာ။ ပင်လုံဒေသခံတွေကိုတော့မဖိတ်ဘူး။ ၁၁ ရက်နေ့ညက သျှမ်းရိုးရာခေါပုတ်ထောင်း ပွဲလုပ်တယ်။ ၁၂ ရက်နေ့ည တိုင်းရင်းသားရိုးရာအကပဒေသာပြိုင်ပွဲလုပ်မယ်။ ၁၃ ရက်နေ့ညကျတော့ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲလုပ်မယ်လို့ကြားထားတယ် ” – ဟု စိုင်းဆုက သျှမ်းသံတော်ဆင့်အားပြောပြသည်။

ပင်လုံမြို့ကဲ့သို့နည်းတူ သျှမ်းပြည်တွင်း တခြားမြို့နယ်များတွင်လည်း ပြည်ထောင်စုနေ့အခမ်းအနား ကျင်းပပြီး အထိမ်းအမှတ်အဖြစ် ထူးချွန်ကျောင်းသားများအား ဆုပေးပွဲပါကျင်းပခဲ့ကြောင်းသိရသည်။

ယခုနှစ် ပင်လုံမြို့တွင်ကျင်းပသော ပြည်ထောင်စုနေ့အခမ်းအနားသို့ နိုင်ငံတော်အတိုင်အပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခြင်းမရှိပေ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာချီလိတ်မြို့နယ်အတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော် တရုတ်နိုင်ငံသားများ ဖမ်းဆီးရမိ

0
စိုင်းဆိုင်အိုက်၊ ၂၀၂၆ ဩဂုတ်လ ၈ ရက် ရွှေတြိဂံဟု နာမည်ကြီးသည် မြန်မာ-ထိုင်း-လာအိုနယ်စပ် သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နယ်အတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်နေထိုင်သည့် တရုတ်နိုင်ငံသားများကို ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။ သြဂုတ် ၆ရက် မနက်ပိုင်းတွင် တာချီလိတ်မြို့နယ် မိုင်းဖုန်း(ခ)အုပ်စု၊ဝှေလေလန် ပူးပေါင်းစစ်ဆေးရေးဂိတ်အနီးရှိ ရှောင်ကွင်းလမ်းတွင် မြန်မာနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသည့်...

ထိုင်းရောက် အာဏာသိမ်းသမ္မတနှင့် စစ်ရာဇဝတ်မှု စွပ်စွဲချက်များ

0
အာဏာသိမ်း သမ္မတ၏ ထိုင်းနိုင်ငံခရီးစဉ်အတွင်း ထိုင်းအစိုးရက လက်ခံတွေ့ဆုံမှုကို ထိုင်းအရပ်ဘက်အဖွဲ့အစည်းများက ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။ ၂၀၂၁ ခုနှစ် မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင်ဖြစ်ခဲ့ပြီး ၎င်းကိုယ်တိုင် စီစဉ်ကျင်းပခဲ့သည့် ရွေးကောက်ပွဲများမှ သမ္မတဖြစ်လာသူ ဦးမင်းအောင်လှိုင်၏ ထိုတွေ့ဆုံမှုသည် စစ်အာဏာသိမ်းမှုကို နိုင်ငံရေးအရ တရားဝင်မှု ပေးအပ်ရာရောက်ပြီး မြန်မာပြည်သူများ...

အောင်ပန်းတွင် အသက် (၆) နှစ်အရွယ်ကလေး နားကပ်လုခံရပြီး ရေထဲပစ်ချခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့ နောင်ရဲကျေးရွာနေ အသက် (၆)နှစ်အရွယ် ကလေးတဉီးသည် နားကပ် လုခံရပြီး ရေတွင်းထဲ ပစ်ချခံရကာ သေဆုံးသွားကြောင်း သတင်းရရှိသည်။   ဖြစ်စဉ်မှာ ယမန်နေ့ ဩဂုတ်လ (၆) ရက်နေ့ ညနေ ၅ နာရီခွဲ တွင် အောင်ပန်းမြို့ နောင်ရဲကျေးရွာရှိ အသက် (၆)...

လားရှိုး ရေကြီး၊ နေအိမ်နှင့် လယ်များ ရေနစ်မြှုပ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ်တွင် မိုးဆက်တိုက် ရွာသွန်းမှုကြောင့် နမ့်ယောင်ချောင်းရေ မြင့်တက်ကာ နေအိမ်များ နှင့် လယ်ကွက်များ ရေနစ်မြှုပ်နေကြောင်း သတင်းရရှိသည်။ ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် လားရှိုးမြို့နယ် နမ့်ယောင်ချောင်းရေ မြင့်တက်လာကာ လားရှိုးမြို့ရှိ ရပ်ကွက် (၁၂)၊ ရပ်ကွက် (၅) နှင့် ခေးခမ်းကျေးရွာဘက်ရှိ...

မြန်မာ အာဏာသိမ်း သမ္မတ ထိုင်းလွှတ်တော်သို့ ရောက်ရှိစဉ် ထိုင်းလွှတ်တော်အမတ်တစ်ဦး အော်ဟစ် ဆန္ဒပြ

0
ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည့် အာဏာသိမ်း သမ္မတ ဦးမင်းအောင်လှိုင် ယနေ့ ဩဂုတ်လ ၇ ရက် (သောကြာနေ့) က ထိုင်းလွှတ်တော်သို့ ရောက်ရှိလာစဉ် ထိုင်းလွှတ်တော်အမတ်တစ်ဦးက "ငြိမ်းချမ်းရေးအတွက်၊ လူသားချင်းစာနာမှုအတွက်" (For peace, for humanity) ဟု ကျယ်လောင်စွာ ကြွေးကြော်၍ ပြင်းပြင်းထန်ထန်...