Wednesday, January 28, 2026

ပြည်ထောင်စုနေ့အပြီး သမိုင်းဝင်ပင်လုံတွင်ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ကျင်းပမည်

သျှမ်းပြည်တောင်ပိုင်းပင်လုံမြို့တွင် ရ၁ နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားအထိမ်းအမှတ်ပွဲ ၂ ပွဲအား သျှမ်းပြည်နယ်အစိုးရ နှင့် အမျိုးသား ဒီမို ကရေစီအဖွဲ့ချုပ်တို့မှ ကျင်းပခဲ့ကြကြောင်း သိရသည်။

သျှမ်းပြည်နယ်အစိုးရက ဦးဆောင်ကာ နှစ်စဉ်ကျင်းပမြဲအတိုင်း ပြည်ထောင်စုနေ့အခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးက ဦးဆောင်စီစဉ်ကာ ပင်လုံမြို့ကျောက်တိုင်ကွင်းတွင်ဖေဖော်ဝါရီလ ၁၂ ရက်မနက်ပိုင်းက ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားတွင် သမ္မတကြီးဦးထင်ကျော်မှပေးပို့သော သဝဏ်လွှာ ဖတ်ကြားခြင်း၊ ထူးချွန်သော ကလေးသူငယ်များအား ဆုချီးမြှင့်ခြင်း တို့ပြုလုပ်ခဲ့ပြီး ဖိတ်ကြားထားသည့် မြို့မိမြို့ဖများ ၊ သျှမ်းစာပေယဉ်ကျေးမှုအသင်းဝင်လူငယ်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ စုစုပေါင်း ၈၀၀ ခန့်တက်ရောက်ခဲ့ကြောင်း မြို့ခံလူငယ်စိုင်းဆု ကသျှမ်းသံတော်ဆင့်အားပြောသည်။

တဖက်တွင်လည်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီက ဦးဆောင်ကာ ၄င်းပါတီဝင်များကလည်း ပင်လုံမြို့တွင်ပင် ရ၁ နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် ၃ ရက်ဆက်တိုက်ကျင်းပခဲ့ကြောင်း လည်း သိရသည်။

“ NLD ပါတီ ဗဟိုကော်မတီ ပြည်နယ်နဲ့တိုင်းကော်မတီဝင်တွေနဲ့ ပင်လုံမြို့က သူတို့ပါတီဝင်တွေက ဘဲစုပေါင်းကျင်းပတာ။ ပင်လုံဒေသခံတွေကိုတော့မဖိတ်ဘူး။ ၁၁ ရက်နေ့ညက သျှမ်းရိုးရာခေါပုတ်ထောင်း ပွဲလုပ်တယ်။ ၁၂ ရက်နေ့ည တိုင်းရင်းသားရိုးရာအကပဒေသာပြိုင်ပွဲလုပ်မယ်။ ၁၃ ရက်နေ့ညကျတော့ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲလုပ်မယ်လို့ကြားထားတယ် ” – ဟု စိုင်းဆုက သျှမ်းသံတော်ဆင့်အားပြောပြသည်။

ပင်လုံမြို့ကဲ့သို့နည်းတူ သျှမ်းပြည်တွင်း တခြားမြို့နယ်များတွင်လည်း ပြည်ထောင်စုနေ့အခမ်းအနား ကျင်းပပြီး အထိမ်းအမှတ်အဖြစ် ထူးချွန်ကျောင်းသားများအား ဆုပေးပွဲပါကျင်းပခဲ့ကြောင်းသိရသည်။

ယခုနှစ် ပင်လုံမြို့တွင်ကျင်းပသော ပြည်ထောင်စုနေ့အခမ်းအနားသို့ နိုင်ငံတော်အတိုင်အပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခြင်းမရှိပေ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နိုင်ငံခြားဆေးဝါးများ ပြတ်လပ် နာတာရှည်လူနာများ အခက်တွေ့နေ

0
နိုင်ငံခြားကုန်ပစ္စည်းများ တင်ဆောင်ခွင့်ကို စစ်ကော်မရှင်က ယာယီပိတ်ပင်ထားသည်မှာ ၅ လနီးပါး ရှိလာပြီဖြစ်သဖြင့် သျှမ်းပြည်တောင်ပိုင်းတွင် အခြေခံဆေးဝါးများ ပြတ်လပ်ကာ ဈေးနှုန်းများမှာ ယခင်ထက် ၃ ဆခန့်အထိ အဆမတန် မြင့်တက်နေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၅ သြဂုတ်လ ဒုတိယပတ်မှစတင်၍ နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီ၏ ညွှန်ကြားချက်ဖြင့် နိုင်ငံခြားမှ...

“သား..သမီးပေးမလား၊ ငွေပေးမလား” – လက်နက်ကိုင်များ၏ ဓားစာခံ ဖြစ်လာရသည့် လူငယ်များ

0
ရပ်ကျေးအုပ်ချုပ်ရေးမှူးဆီက စာတစ်စောင်ရောက်လာတိုင်း မိခင်တစ်ယောက်အတွက် “စာရင်းထဲ ပါသလား” ဆိုသည့် မေးခွန်းက အရိပ်မဲတခုလိုပင် နေ့စဉ်ခြောက်လန့်နေသည်။ “သားသမီးကို စစ်တပ်ဆီ ပို့ရမလား၊ မပို့ချင်ရင် ငွေရှာပေးရမလား” ဆိုသည့် ရွေးချယ်မှုကြားတွင် မိဘများ၏ အသက်ရှူသံမှာ လေးလံနေပြီ။ သို့သော် ယခုအခါ ထိုရွေးချယ်များထဲတွင် “အသက်ပေးမလား” ဆိုသည့် အစွန်းရောက်သော...

လားရှိုးတွင် စစ်ဘေးရှောင်များကို ကူညီပေးနေသည့် ဆရာတော်တစ်ပါး လုပ်ကြံသတ်ခံရ

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် စစ်ဘေးရှောင်များကို ကူညီပေးနေသည့် ဆရာတော်တစ်ပါးကို အမည်မသိ လူတစ်စုက သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်တစ်ခု ယနေ့နံနက်ပိုင်းတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ယနေ့ ဇန်နဝါရီလ ၂၈ ရက် နံနက် ၆ နာရီခွဲအချိန်တွင် လားရှိုးမြို့၊ ရပ်ကွက် (၄) ရှိ မဟာဗောဓရုံ ကျောင်းတိုက်အတွင်း၌...

ရွေးကောက်ပွဲတွင် အနိုင်ရလျှင် ထိုင်းနိုင်ငံအတွင်း မြန်မာ NGO များကို ဖြိုခွင်းမည်ဟု Thai Pakdee ပါတီ ပြော

0
ထိုင်းနိုင်ငံအတွင်း ရွေးကောက်ပွဲအနိုင်ရပါက မြန်မာရွှေ့ပြောင်းအလုပ်သမားများအရေးလုပ်ဆောင်ပေးနေသော မြန်မာ NGO များကို နှိမ်နှင်းပြီး အလုပ်သမားသမဂ္ဂများဖွဲ့စည်းရန်ကူညီပေးမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံရေးပါတီတစ်ခုဖြစ်သည့် Thai Pakdee ပါတီ မှ မဲဆွယ်နေကြောင်း ထိုင်းသတင်းဌာန Khaosod တွင်ဖော်ပြထားသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၇) ရက် ညပိုင်းက Thai Pakdee ပါတီ...

“အေးချမ်းသည့် မြို့တော်မှ ဒုစရိုက် မြို့တော်သို့”

0
ပင်လယ်ရေ မျက်နှာပြင် အထက်ပေ ၄,၀၀၀ ကျော်ရှိသော တောင်ကြီးမြို့သည် ယခင်က အေးချမ်းသည့် မြို့တစ်မြို့ဖြစ်သော်လည်း အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာသည့် နိုင်ငံရေးမတည်မငြိမ်မှုများကြောင့် ပြန်ပေးဆွဲမှု၊ လူသတ်မှုနှင့် ဓားပြတိုက်မှုတို့ဖြင့် ပြည့်နှက်လာသည့် မြို့တစ်မြို့ဖြစ်လာသည်။ ယခုအခါ တောင်ကြီးမြို့ဒေသခံများသည် အအေးဒဏ်ကြောင့်မဟုတ်ဘဲ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုကင်းမဲ့လာပြီး ရာဇဝတ်မှု ဘေးအန္တရာယ်များကြောင့်...