တောင်ကြီး မြို့ပေါ်တွင် ၁ နှစ်အောက်ကလေး ပါ၀င်သည့် ၄ လောင်းပြိုင်လူသတ်မှုဖြစ်ပွား

အသက် ၁ နှစ်အောက်ကလေးတဦးအပါအဝင် ၄ လောင်းပြိုင်လူသတ်မှုတခု သျှမ်းပြည်နယ် မြို့တော်တောင်ကြီးမြို့တွင် ဖြစ်ပွါးခဲ့သည်။

Photo Credit to TGI youth – လူသတ်မှုဖြစ်ပွါးသည့်အိမ်ရှေ့တွင် အာဏာပိုင်များလာရောက်စ်စဆေးမှုကိုစောင့်ကြည့်နေသည့်ရပ်ကွက်သားများ

ဧပြီလ ၂၈ ရက် ယနေ့မနက်ပိုင်းက တောင်ကြီးမြို့၊ ကံသာရပ်ကွက် တိုင်းရင်းဆေးဝါး ထုတ်လုပ်သည့် (မြင်းဖြူ နှစ်ကောင်ဆေးတိုက်)တွင် မိသားစုအလိုက် သတ်ဖြတ်ခံရခြင်းဖြစ်ကြောင်း သိရသည် ။

” ဖြစ်တာက မနေ့ညက ၁၂ နာရီ လောက်ကလို့ ရဲတွေပြောတာကြားတယ် ၊ လူသတ်သမားက အိမ်သာတောင်တက်သွားသေးတယ်လို့ လဲပြောကြတယ် ၊သူတို့အိမ်ဝန်းက ကျနော်တို့ အိမ်ဝင်းထက်တောင် ပိုလုံခြုံသေးတယ် ၊ သွေးတွေ အိမ်ရှေ့ဖက်စီးကျလာလို့ အိမ်နီးချင်းတွေသွားကြည့်တော့ခြံရှေ့မှာ ကလေးအဖေက သေနေပြီ ။ အဖွားနဲ့အဒေါ်ကပင်လုံမှာ အလှူ ရှိလို့သွားကြတာ လွှတ်သွားတာပေါ့ ၊အ
ဆိုးဆုံးကတော့ တစ်နှစ်တောင်မပြည့်သေးတဲ့ ကလေးငယ်ပါ သတ်သွားတာ ” ဟု အသတ်ခံရသည့် မိသားစု၏ အိမ်နီးချင်း များ ကပြောသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ တောင်ကြီးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မောင်မောင်နိုင်ထံဆက်သွယ်မေးမြန်းရာ ဖြစ်စဉ်အားစစ်ဆေးနေဆဲဖြစ်ကြောင်း ပြန်လည်ပြော ကြားခဲ့သည် ။

အသတ်ခံရသည့် မိသားစုဝင်များမှာ စိုင်းဆေမွန်း (အသက် ၂၇ နှစ် ) ၊ နန်းခမ်းလှိုင် (အသက် ၂၃ နှစ်) ၊ စိုင်းဖဖ (အသက် ရ လ) ၊ မအေးမိုး (အသက် ၁၇ နှစ် ) တို့ဖြစ်ကြောင်း ဆက်လက်သိရှိရပါသည် ။

တောင်ကြီးမြို့တွင် ပြီးခဲ့သည့်နှစ်သြဂုတ်လကလည်း တပ်မိသားစု ၄ လောင်းပြိုင်လည်းကောင်း၊ ယခုနှစ်ဖေဖော်ဝါရီလ က တောင်ကြီးမြို့ရွှေမုဌောဘုရားတွင်အာဂန္တု ရဟန်း ၂ ပါးလည်းကောင်း အမည်မသိလူမှသတ်ဖြတ်သွားခဲ့သည့်အမှုဖြစ်ပွါးခဲ့ဖူးပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့ပြင်ဘက် စစ်တပ် က ဖုန်းများ စစ်ဆေးနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့ပြင်ဘက်တွင် စစ်ကောင်စီတပ်သားများက လမ်းသွားလမ်းလာများကို တားဆီးကာ ဖုန်းများကို စစ်ဆေးမှု ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ယခုတစ်ပတ်အတွင်း တောင်ကြီးမြို့ သျှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်ဘက်သို့ သွားသည့်လမ်းတွင် စစ်ကောင်စီတပ်သားများက ဆိုင်ကယ်များကို တားဆီးပြီး ဖုန်းအတွင်းရှိ အချက်အလက်များနှင့် အွန်လိုင်းလောင်းကစားဆိုင်ရာ အသုံးပြုမှုများကို စစ်ဆေးနေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် အသက်...

ဘဏ်အကောင့်ဖွင့်ပေးမည်ဆိုပြီး မှတ်ပုံတင်များကို ပုံရိုက်ယူကာ ကျားဖြန့်ထံရောင်းစားသူများရှိ

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့နယ်အတွင်းတွင် ကားရပ်နားရာ နေရာများနှင့် အခြားသော လူသွားလူလာ များပြားသည့် နေရာများတွင် လူတစုမှ ဧရာဝတီဘဏ်အကောင့်နှင့် ကမ္ဘောဇဘဏ် အကောင့် ဖွင့်ပေးမည်ဆို၍ မှတ်ပုံတင်နှင့် မျက်နှာကို ပုံရယူကာ ကျားဖြန့်များထံ ရောင်းစားမှုရှိနေကြောင်း စုံစမ်းသိရသည်။ သျှမ်းတောင်၊ တောင်ကြီးမြို့နယ် အောင်ပန်းမြို့ ဘက်တွင် သက်လတ်ပိုင်းလူတစုက...

တောင်ကြီး ရပ်ကွက်အချို့ စစ်တပ်က ဧည့်စာရင်းလိုက်လံစစ်ဆေး အသက်ပြည့်သူများကို စစ်မှုထမ်းရန် စာရင်းသွင်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ ရပ်ကွက်အချို့တွင် စစ်တပ်က ဧည့်စာရင်းလိုက်လံ စစ်ဆေးပြီး အသက်ပြည့်သည့် လူငယ်အမျိုးသားများကို စစ်မှုထမ်းရန် စာရင်းသွင်းထားကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်ကြီးမြို့အတွင်း စစ်ဘေးလာရှောင်သူများကိုလည်း တစ်လတစ်ကြိမ် ပုံမှန် ဧည့်စာရင်းတိုင်ခိုင်းနေပြီး ရပ်ကွက်အတွင်း စစ်မှုထမ်းရန်လူလိုလျှင် အသက်ပြည့်ပြီးသည့် လူငယ် စစ်ဘေးရှောင်များကိုလည်း စစ်မှုထမ်းရန် စာရင်းသွင်းခိုင်းထားကြောင်း ဒေသခံများက...

ရက် ၁၀၀ စီမံချက်အပြီး နိုင်ငံခြားကုန်စည် သွားတိုက်ဆေး ပါ တင်ခွင့်မပြု

0
စစ်ကောင်စီ၏ ရက် ၁၀၀ စီမံချက်ကာလ ပြီးဆုံးသော်လည်း သျှမ်းပြည်အတွင်း နိုင်ငံခြား ကုန်စည်များ တင်ဆောင်သည့် ကားများကို စစ်ဆေးဖမ်းဆီးမှုများ ဆက်လက်ရှိနေပြီး နိုင်ငံခြားကုန်ပစ္စည်းဖြစ်သည့် သွားတိုက်ဆေးပါ တင်ခွင့်မပြုကြောင်း သတင်းရရှိသည်။ လက်ရှိ သျှမ်းပြည် တောင်ပိုင်း ကျေးသီး၊ လဲချား၊ မိုင်းပွန်၊ တောင်ကြီး ၄ မိုင်...

တောင်ကြီး လူငယ်တဦး ပေါ်တာဆွဲခံရ၊ ပြန်ထုတ်ရန်ပွဲစားငှားရမ်းရာ လိမ်ခံရပြန်

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် စစ်ကော်ရှင်တပ်က လူငယ်တဉီးကို ဖမ်းဆီးပေါ်တာဆွဲခဲ့ရာ မိသားစုဝင်များ ကလူငယ်ကို ပြန်ထုန်ရန် အတွက် ပွဲစားငှားရမ်းရာာတွင် လိမ်ခံရပြန်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ပထမပတ်တွင် စစ်ကော်မရှင်၏ တပ်သားများသည် ညဈေးမှမုန့်ဝယ်ပြီး နေအိမ်သို့ ပြန်လာသည့် တောင်ကြီးမြို့ခံ အသက် (၂၈) နှစ်အရွယ် အမျိုးသားတစ်ဦးကို...