သျှမ်းပြည်တွင် မိုးသီးကျမှုကြောင့် နေအိမ် ၊ သီးနှံစိုက်ခင်း ပျက်စီးမှု များ

သျှမ်းပြည်နယ် တွင် ယမန်နေ့ မိုးသည်းထန်စွာ ရွာသွန်းကာ မိုးသီးများ ကျသဖြင့် နေအိမ်များ၊ သီးနှံစိုက်ခင်းများစွာ ပျက်စီး ဆုံးရှုံးခဲ့ကြောင်း သတင်းရရှိသည်။

Photo by Year Ngun Youth- သျှမ်းပြည်တောင်ပိုင်းရွာငံတွင်ကျသော မိုးသီးနှင့် ပျက်စီးသွားသောအိမ်ခေါင်မိုများအားတွေ့ရစဉ်

ယမန်နေ့ ညနေပိုင်းတွင် သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ် နှင့် သျှမ်းပြည်တောင်ပိုင်း ရွာငံ မြို့ တွင် မိုးသီးများကျကာ နေအိမ်ခေါင်မိုးများ နှင့် သီးနှံ စိုက်ခင်းများ ပျက်စီး ဆုံးရှုံးမှု များစွာ ရှိကြောင်း ဒေသခံများပြောဆိုချက်အရ သိရသည်။

မိုးသီးကျမှုကြောင့် ရွာငံမြို့နယ်တွင် လယ်ဧက ၉၀၀ ကျော် နှင့် နေအိမ် ပျက်စီးမှု ၂၀၀ ကျော် ရှိကြောင်းလည်း ရွာငံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အောင်စိုးမင်း က ပြောသည်။

“ ပျက်စီးဆုံးရှုံးမှုကများတယ်။ ၂၀၁၆ က တကြိမ်ဖြစ်ဖူးတယ်။ ၂၀၁၆ က ပိုပြီး ပျက်စီးဆုံးရှုံးတယ်။ ဒီနေ့ တော့ ကျနော်တို့ ပျက်စီးတဲ့နေရာတွေ ကွင်းဆင်း စစ်ဆေးပါတယ်” ဟု အောင်စိုးမင်း က ပြောသည်။

သျှမ်းပြည်တောင်ပိုင်းရွာငံတွင်ကျသော မိုးသီး

ယမန်နေ့တွင် ဖြစ်ခဲ့သည် လေပြင်းတိုက်မှု မိုးသီးကျမှုသည် ကြောက်စရာကောင်းကြောင်း၊ လက်ရှိတွင် သီးနှံစိုက်ခင်းလည်း ပျက်စီးမှုကြောင့် ပြန်လည်စိုက်ပျိုးရန် ဆောင်ရွက်သွားမည် ဟုလည်း ရွာငံ ဒေသခံက ဆိုသည်။

“ မိုးသီးတွေ ကျတာ တော်တော်ကြီးတယ်။ အိမ်ခေါင်မိုးတောင် ပေါက်တယ်။ သဘာဝ ပတ်ဝန်းကျင်တော်တော် ပျက်စီးနေပြီ” ဟု ရွာငံ ဒေသခံ လင်းထွန်း က ပြောသည်။

ထိုနည်းတူ တာချီလိတ်တွင် လည်း လူနေအိမ်များနှင့် ရွှေတိဂုံစေတီ ဘုရားလည်း ပျက်စီးမှု ရှိကြောင်း တာချီလိတ် ဒေသခံ များပြောဆိုချက်အရ သိရသည်။

Photo Credit to Tachileik News Agency -သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့တွင် ကျသောမိုးသီး

“ မနေ့က ကျတဲ့ မိုးသီးက တကြိမ်တခါမှ မကြုံဖူးဘူး။ တော်တော်ကြီးတယ်။ လေကတိုက် မိုးသီးက ကျ အိမ်ခေါင်မိုးတွေ လန်တဲ့ဟာ က လန်တယ်။ အမိုးပေါက်တဲ့ဟာက ပေါက်တယ်” ဟု တာချီလိတ် မြို့ မကာဟိုခမ်းရပ်ကွက်နေထိုင်သူ အမျိုးသားတဦးက ပြောသည်။

ယခုနောက်ပိုင်း သဘာဝ ပတ်ဝန်းကျင်သည် တနှစ်ထက် တနှစ် ပိုမို ဆိုးရွားလာကာ တောင်ယာ စိုက်ပျိုးရေး လုပ်ကိုင်သူများအတွက် အလွန် အခက်အခဲကြံုနေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာချီလိတ်တွင် တရုတ်လူမျိုးအပါအဝင် ကျားဖြန့်သမား ၅၆ ဉီး ထပ်မံဖမ်းခံရ

0
သျှမ်းပြည် အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် အွန်လိုင်းငွေလိမ်(ကျားဖြန့်)လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၅ ဦးအပါအဝင် စုစုပေါင်း ၅၆ ဦး ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။ ယမန်နေ့ (စက်တင်ဘာ ၉ ရက်) ညနေပိုင်းတွင် တာချီလိတ်မြို့ရှိ ဝမ်ကောင်းရပ်ကွက်အတွင်း အွန်လိုင်းငွေလိမ်(ကျားဖြန့်)လုပ်ငန်းများ လုပ်ကိုင်နေသည့် နေရာကို စစ်ကောင်စီတပ်တို့...

တာချီလိတ်မယ်ဆိုင် ချောင်းရေမြင့်တက်မှုကြောင့် ချောင်းဘေး အုတ်တံတိုင်းပြိုကျ၊ နေအိမ်ရေဝင်

0
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့် အုတ်တံတိုင်းများ ပြိုကျပြီး မြို့အတွင်း ရေဝင်ရောက်လာသောကြောင့် ‌အခြားသို့ရွှေ့ပြောင်းနေကြောင်း သတင်းရရှိသည်။ ယမန်နေ့ စက်တင်ဘာလ (၇) ရက်တွင် မြန်မာ-ထိုင်းနယ်စပ်ရှိ မယ်ဆိုင်ချောင်းရေ ရုတ်တရက်ကြီးလာပြီး တာချီလိတ်ဘက် ချောင်းဘေး၌ ကာထားသည့် အုတ်တံတိုင်း ပြိုကျပြီး တာချီလိတ်မြို့ ၊တာလော့ ရပ်ကွက်အတွင်းသို့...

တာချီလိတ်-မိုင်းရှူး ကုန်တင်ကားများ လမ်းကြေး ၂၄ သိန်းအထက် ပေးနေရ

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ် - မိုင်းရှူး လမ်းတလျှောက်ရှိ စစ်ကောင်စီ စစ်ဆေးရေး ဂိတ်များတွင် ကုန်တင်သွားလာ နေသည့် ကားသမားများထံ ငွေကြေးအဆမတန် တောင်းနေကြောင်း စုံစမ်းသိရသည်။ တာချီလိတ်မှ မိုင်းရှူးသို့ ပြန်သည့် ကားအသေးတစ်စီးအတွက် ခရီးစဉ်တစ်ကြိမ်လျှင် လမ်းကြေး ကျပ် ၂၄ သိန်းကျော် ကုန်ကျခဲ့ကြောင်း...

ရွာငံ စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့ ထိတွေ့မှုရှိ၊ ဒေသခံများကို စစ်ဆေးမှု ပိုတင်းကျပ်လာ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ မကြာခဏ ဖြစ်ပွားနေပြီး၊ စစ်တပ်က ဒေသခံများကို သွားလာမှု ကန့်သတ်ထားကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ နောက်ဆုံးပတ်တွင် ရွာငံမြို့နယ် ဆတ်ခြံကျေးရွာနှင့် တောင်ဦးကျေးရွာကြားတွင် စစ်တပ်နှင့် တော်လှန်ရေးတပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး တော်လှန်ရေးဘက်မှ ရှောင်တခင်တိုက်ခိုက်သောကြောင့် စစ်တပ်ဘက်မှ...

တာချီလိတ်တွင် စစ်သားအယောင်ဆောင်ကာ လူငယ်များကို ဖမ်းဆီးနေသည့် အဖွဲ့ကို ဖမ်းမိ

0
သျှမ်းပြည်အရှေ့ပိုင်း ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့တွင် စစ်သားအယောင်ဆောင်ကာ လမ်းပေါ်တွေ့ လူငယ်များကို အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်နေသည့် အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦးကို ဖမ်းဆီးရမိကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် (ဩဂုတ်လ ၃၀ ရက်) နံနက်အစောပိုင်းတွင် တာချီလိတ်မြို့ ဖန်မင်ကျေးရွာအုပ်စုရှိ မယ်ဟုတ်တံတား၌ ရှောင်တခင်...