Thursday, April 25, 2024

ထိုင်းရွေးကောက်ပွဲနေ့ ရွှေ့ပြောင်း အလုပ်သမားများ ဆူပူခြင်း မလုပ်ရန် ထိုင်းအစိုးရထုတ်ပြန် 

Must read

ထိုင်းနိုင်ငံ ရွေးကောက်ပွဲ နေ့တွင် မတ် ၂၄ ရက်နေ့တွင် ဆူပူခြင်း၊ အုပ်စုလိုက် အရက်၊ ဘီယာ မသောက်သုံးရန် အတွက် ထိုင်းအစိုးရ မှ သတိပေးထုတ်ပြန်ထားသည်။

ထိုင်းအစိုးရမှထုတ်ပြန်သော ရွေးကောက်ပွဲကျင်းပသည့်နေ့ရက် အရက်သေစာရောင်းချသောက်စားခြင်းသတိပေးတားမြစ်ချက်

ထိုင်းနိုင်ငံရောက် မြန်မာ ရွှေ့ပြောင်းအလုပ်သမား များအနေဖြင့် မတ် ၂၃ ရက်နေ့ နှင့် မတ် ၂၄ ရက် အတွင်း အုပ်စုလိုက် အရက်ဝိုင်းဖွဲ့ သောက်ခြင်း၊ မူးယစ်ဆူပူမှုများ မပြု လုပ်ရန်လည်း ထိုင်းနိုင်ငံ မြန်မာ အလုပ်သမားသံအရာရှိရုံးမှလည်း ကြေညာချက် ထုတ်ထားသည်။

ထိုင်းနိုင်ငံရွေးကောက်ပွဲကာလ ထိုင်းနိုင်ငံဒေသအသီးသီးတွင် အရက်၊ဘီယာ ရောင်ဝယ်ခွင့်ကို မတ် ၂၃ နှင့် မတ် ၂၄ ရက်ထိ ၂ ရက် ပိတ်ပင်တားမြစ်ထားသည်။

တားမြစ်ချက် ကာလ အတွင်း အရက်ရောင်းချခြင်း၊ အုပ်စုလိုက် အရက်ဝိုင်းဖွဲ့ သောက်ခြင်း၊ မူးယစ်ဆူပူမှုများ ပြုလုပ်ပါက ထိုင်းနိုင်ငံ၏ တည်ဆဲ ဥပဒေ ပုဒ်မ (၁၄၇)ဖြင့် ဖမ်းဆီး အရေးယူ ခံရမည် ဖြစ်ကြောင်း ထိုင်းအစိုးရ အသိပေးချက် မှ သိရသည်။

အဆိုပါ ဥပဒေ ပုဒ်မ (၁၄ရ) သည် ပြစ်မှု ကျူးလွန်သူသည် ဒဏ်ငွေ ဘတ် (၁၀၀၀၀) သို့မဟုတ် ထောင်ဒဏ် ၆လ ဖြစ်စေ ၊ ထောင်ဒဏ် ငွေဒဏ် ၂ရပ်လုံးဖြစ်စေ ချမှတ်ခံရမည် ဖြစ်သည်။

Leave a Comments

- Advertisement -spot_img

Latest article