ထိုင်းနယ်စပ်နေဒုက္ခသည်များရိက္ခာဖြတ်တောက်ခံရမှုကြောင့်အခက်အခဲကြုံတွေ့နေရမှုများနှင့်ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲပြုလုပ်

ထိုင်းနိုင်ငံရောက် သျှမ်းရွှေ့ပြောင်းအလုပ်သမားများစုပေါင်းထားသည့်လူမှုရေးလှုပ်ရှားသည့်အဖွဲ့က ထိုင်းနယ်စပ်နေ သျှမ်းဒုက္ခသည်များစခန်း ရိက္ခာဖြတ်တောက်ခံရမှုကြောင့် အခက်အခဲကြံုတွေ့ နေရမှုများနှင့်ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲတရပ် ပြုလုပ်ခဲ့သည်။

ဂျန္နဝါရီလ ၂၇ ရက်နေ့က သျှမ်းအမျိုးသားများလူမှုအခြေပြုအဖွဲ့နှင့် ဒုက္ခသည်များ ကူညီစောင့်ရှောက် ရေးထိုင်းအဖွဲ့တို့ပူးပေါင်းကာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော် ခရိယာန်ကျောင်းသား များရုံး တွင်သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ရည်ရွယ်ချက်ကတော့ ဒီ ထိုင်းနယ်စပ်ရောက်နေတဲ့ စစ်ဘေးရှောင်ဒုက္ခသည်စခန်းတွေက ဒုက္ခသည် တွေကြံုတွေ့နေရတဲ့အခက်အခဲတွေကို ပြည်ပနိုင်ငံကအဖွဲ့အစည်းတွေ သိအောင်၊ ကူညီထောက်ပ့ံပေးဖို့ဆန္ဒရှိ တဲ့အလှူရှင်တွေသိရှိအောင်၊ နောက်ပြီးတော့ တိုင်းရင်းသားပြည်သူလူထုကို ပြောဆိုခွင့်၊လုပ်ပိုင်ခွင့် ရရှိဖို့ အနောက်နိုင်ငံကနေ မြန်မာအစိုးရကို အကြံပြုနိုင်အောင် ဖြစ်ပါတယ်။- ဟု သတင်းစာရှင်းလင်းပွဲဖြစ်မြောက်ရေး အတွက် ဦးဆောင်စီစဉ်သူ စိုင်းနွံဟတ်တိုင်း ကပြောသည်။

လက်ရှိထိုင်းနှင့်သျှမ်းနယ်စပ်တလျှောက်တွင် သျှမ်းဒုက္ခသည်စခန်း ၆ ခုရှိနေရာ ပြီးခဲ့သည့်နှစ် အောက်တို ဘာလကစပြီး ကူညီထောက်ပ့ံမှုများပေးနေသည့် ပြည်ပနိုင်ငံအဖွဲ့အစည်းများက ကူညီထောက်ပ့ံမှု ရပ်ဆိုင်းလိုက်သဖြင့် သျှမ်းပြည်တွင်း စစ်ရေးမတည်ငြိမ်မှုများကြောင့် နေရပ်မပြန်နိုင်သေးသည့် ဒုက္ခသည် ၆၀၀၀ ကျော်မှာ နေထိုင်စားသောက်ရေးအခက်အခဲကြံုတွေ့နေရသည်။

ကျနော်တို့ သျှမ်းရွှေ့ပြောင်းအလုပ်သမားတွေ ရပ်ဝေးကိုရောက်ရှိအလုပ်လုပ်ကိုင်စားသောက်နေ ရပေမယ့် လည်းဘဲ ကိုယ့်လူမျိုးအရေးအတွက် တဒေါင့်တနေရာကနေ တတ်အားသရွေ့ လုပ်ပေးနေပါတယ်ဆိုတာကို သျှမ်းပြည်တွင်းကလူထုသိစေချင်ပါတယ်။ သျှမ်းပြည်တွင်းလူထုလည်း စည်းလုံးညီညွတ်ကြပါ။ချစ်ခင်ကြပါ လို့ ပြောချင်ပါတယ်- ဟု စိုင်းနွံဟတ်တိုင်းက ပြောသည်။

တဖက်ကလည်း ဂျန္နဝါရီလ ၂၈ ရက်နေ့ ကုလသမဂ္ဂ၏ လူ့အခွင့်အရေးဆိုင်ရာ မြန်မာနိုင်ငံ ကိုယ်စားလှယ် မစ္စယန်ဟီးလီး ထိုင်းနိုင်ငံ ခရီးစဉ်တွင် သျှမ်းလူ့အခွင့်အရေးအတွက်လှုပ်ရှားနေသည့်အဖွဲ့အစည်းများနှင့် နယ်စပ်နေဒုက္ခသည်များ၏ကိုယ်စားလှယ်များက တွေ့ဆုံကာ ကူညီထောက်ပ့ံမှုများရရှိရေးအတွက် ဆွေးနွေးတောင်းဆိုခဲ့ကြကြောင်းသိရသည်။

၁၉၉၇-၉၈ ခုနှစ်က အစိုးရတပ်မတော်၏ နေရပ်အဓမ္မပြောင်းရွှေ့ခိုင်းမှုကြောင့် သျှမ်းပြည်အလယ်ပိုင်းကဒေသခံလူထု ၃ သိန်းကျော်မှာ နေရပ်ကစွန့်ခွာကာ ထိုင်းနိုင်ငံအတွင်းသို့ ၀င်ရောက်အလုပ်လုပ်ကိုင်ခဲ့ကြသကဲ့သို့ နယ်စပ်တွင် ဒုက္ခသည်များအဖြစ် ခိုလှုံကာ နေရပ်ပြန်နိုင်မည့်ရက်စောင့်ဆိုင်းနေကြသူများလည်းရှိပါသည်။ သို့သော်၄င်းတို့အားထိုင်းအစိုးရက ဒုက္ခသည်များအဖြစ် တရားဝင် မသတ်မှတ်ပေးပေ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အယုဒ္ဓယတွင် ချစ်သူမိန်းကလေးထံ ကျောင်းရန်ပုံငွေ ဘတ် ၉၂ သန်းကျော်လွှဲပေးသည့် ကျောင်းထိုင်ဘုန်းကြီးဖမ်းခံရ

0
ထိုင်းနိုင်ငံ၊ အယုဒ္ဓယခရိုင် ဘုန်းကြီးကျောင်းတစ်ခုတွင် သက်တော် ၆၆ နှစ်အရွယ််ရှိ ကျောင်းထိုင်ဆရာတော်ဖြစ်သူမှ ဘုန်းကြီးကျောင်း ရန်ပုံငွေ ဘတ် ၉၂ သန်းကျော် (မြန်မာကျပ် ၁၂ ဘီလီယံ နီးပါး) အလွဲသုံးစားလုပ်မှုဖြင့် ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းများတွင်ဖော်ပြသည်။ ယနေ့ (စက်တင်ဘာ ၁၀ ရက်) မနက်အစောပိုင်းတွင် ထိုင်းနိုင်ငံ...

တာချီလိတ်တွင် တရုတ်လူမျိုးအပါအဝင် ကျားဖြန့်သမား ၅၆ ဉီး ထပ်မံဖမ်းခံရ

0
သျှမ်းပြည် အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် အွန်လိုင်းငွေလိမ်(ကျားဖြန့်)လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၅ ဦးအပါအဝင် စုစုပေါင်း ၅၆ ဦး ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။ ယမန်နေ့ (စက်တင်ဘာ ၉ ရက်) ညနေပိုင်းတွင် တာချီလိတ်မြို့ရှိ ဝမ်ကောင်းရပ်ကွက်အတွင်း အွန်လိုင်းငွေလိမ်(ကျားဖြန့်)လုပ်ငန်းများ လုပ်ကိုင်နေသည့် နေရာကို စစ်ကောင်စီတပ်တို့...

မာရီဂိုးလ်ပန်းစက်ရုံထွက်အနံ့ကြောင့် ဒေသခံများ ခေါင်းမူး၊ အော့အန်မှုဖြစ်

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့နယ် ပွေးလှကျေးရွာ နှင့် တောင်ကြီးမြို့နယ် ရေပူကျေးရွာ၊ တောင်နီကျေးရွာတွင် ရှိသည့် မာရီဂိုးလ် ပန်းစက်ရုံထွက် အညစ်အကြေးနှင့် အနံ့ဆိုးကြောင့် ‌ ခေါင်းမူး၊ အော့အန်မှုများဖြစ်၍ ချောင်းအတွင်း ငါးများလည်း သေဆုံးမှုရှိနေကြောင်း သတင်းရရှိသည်။ သျှမ်းတောင်တွင် မာရီဂိုးလ်ပန်းများကို တရုတ်ကုမ္ပဏီများနှင့် စာချုပ်ချုပ်ဆို၍ စိုက်ပျိုးသူများလာပြီး တရုတ်ကုမ္ပဏီဘက်မှ...

ချင်းမိုင်တွင် တစ်ရက်လျှင် ဘတ် ၇,၀၀၀ ဝင်ငွေရှိသည့် မြန်မာနိုင်ငံသား ဈေးသည် တိုင်ကြားခံရပြီး ဖမ်းမိ

0
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၊ Chang Phueak နယ်မြေတွင် စျေး လှည့်လည်ရောင်းချနေသော ဆိုင်များအတွင်း တရားဝင်အလုပ်လုပ်ကိုင်ခွင့် (ပါမစ်) မရှိဘဲ ဈေးရောင်းချနေသည့် မြန်မာနိုင်ငံသားတစ်ဦးအား အာဏာပိုင်များမှ ဖမ်းဆီးခဲ့ကြောင်း ချင်းမိုင်သတင်းတွင် ဖော်ပြသည်။ ယမန်နေ့ ( စက်တင်ဘာလ ၉ ရက်) ညနေပိုင်းက ချင်းမိုင်ခရိုင် လဝက၊...

ထိုင်း မူလတန်းကျောင်းတခုတွင် ရဲအရာရှိမှ သေနတ်ဖြင့်ဝင်ပစ်၊ အမျိုးသမီးတဉီးသေဆုံး

0
ထိုင်းနိုင်ငံ၊ ချွန်ပူရီခရိုင် စည်ပင်သာရေးဌာန၏ ကလေးထိန်းကျောင်းတခုအတွင်း ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အမျိုးသမီးတဉီးသေဆုံးကြောင်း သတင်းရရှိသည်။ ယနေ့ (စက်တင်ဘာ ၉ ရက်) မနက်ပိုင်းတွင် ထိုင်းနိုင်ငံ၊ ချွန်ပူရီခရိုင်အတွင်းရှိ၊ နောင်ပလာလိုင် (Nong Pla Lai) ကလေးထိန်းကျောင်းတွင် သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အသက် ၄၈ နှစ်အရွယ် အမျိုးသမီးတဉီး သေဆုံးခဲ့ပြီး...