Tuesday, January 27, 2026

တောင်ယာမီးရှို့မှုကြောင့် ထိုင်းနယ်စပ် ဒေသတလျှောက် လေထုညစ်ညမ်းမှု ကြုံနေရ

ယခုကာလသည် တောတောင် လယ်ယာများအား မီးရှို့သည့်ကာလဖြစ်သည့်အလျောက် မြန်မာ ထိုင်းနယ်စပ် တာချီလိတ် နှင့် ထိုင်းမြောက်ပိုင်း ချင်းမိုင်ခရိုင်အတွင်း မီးခိုးဝေ လေထုညစ်ညမ်းမှုမြင့်နေသည်ဟု သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေး အဖွဲ့များ က ပြောသည်။

Photo by BBC ချင်းမိုင်တွင် မီးခိုးများပိတ်ဖုံးနေ 14.03.2019

သျှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ် တွင် မတ် ၁၄ ရက် မနက်ပိုင်းကမီးခိုးများထူထပ် ဆိုးရွားစွာဝေနေသဖြင့် လေထု ညစ်ညမ်းမှု ကျန်းမာရေး အသိပေး ကြေညာချက်ထုတ်ပြန်ခဲ့သည်။

မီးခိုးထူထပ်မှုကြောင့် မီးသတ်မှ ရေမှုန်များဖျန်းပက်ပေးခြင်း ပြုလုပ်နေသည် ဟုလည်း တာချီလိတ်တွင် နေထိုင်သည့် နန်းချယ်ရီ က ပြောပြသည်။

“ မီးသတ်ကတော့ ရေတွေဖျန်းပေးတာတွေလုပ်ပေးတယ်။ မနက်ပိုင်းက လေထုက တော်တော်ဆိုးတယ်။ လေယာဉ်ဆင်းလို့ မရတော့ဘူးထင်ခဲ့တာ။ ဒီလိုတပေါင်းလ ဆိုရင်တော့ နှစ်တိုင်းဖြစ်နေကျပါဘဲ။” ဟု နန်းချယ်ရီ က ဆိုသည်။

လေထု ညစ်ညမ်းမှုကြောင့် တိုင်းတာချက်ကို ထိုင်းနိုင်ငံ မှ ငှားရမ်းပြီး တာချီလိတ်မြို့တွင်း (၁၀) နေရာတွင် တပ်ဆင်သွားမည်ဖြစ်ကြောင်း၊ လက်ရှိမှာ လေထု ညစ်ညမ်းမှု အဆင့် ၁၆၀ ထိဖြစ်နေကြောင်းလည်း သိရသည်။

လေထုညစ်ညမ်းမှုကြောင့် အသက်ရှူလမ်းကြောင်း ဆိုင်ရာထိခိုက်မှုဖြစ်နိုင်သည့်အတွက် အပြင်ထွက်ပါက Mask နှာခေါင်းစည်းများ တပ်ဆင်ကြရန်နှင့် ကျန်းမာရေး ချို့တဲ့သူများ အပြင်မထွက်ရန်လည်း သက်ဆိုင်ရာ မှ ထုတ်ပြန်ထားသည်။

တောင်ယာမီးရှို့မှုကြောင့် ဖြစ်ပေါ်လာသော မီးခို်းများနှင့် လေထုညစ်ညမ်းမှုသည် တိရစ္ဆာန်များ အပါအဝင် လူ၏ ကျန်းမာရေးကို ထိခိုက်စေကြောင်း၊ အထူးသဖြင့် ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများကို ပိုမိုထိခိုက်မှုရှိကြောင်းလည်း သိရသည်။

ထိုနည်းတူ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ တွင် လေထုညစ်ညမ်းမှု နေ့လည်ပိုင်းတွင် အဆိုးဆုံး ဟု သတ်မှတ်ထားသည့် ခရမ်းရောင် အဆင့် (၂၈၀) ထိ မြင့်တက်သဖြင့် ကမ္ဘာ နံပတ်(၁) အဆင့်ထိ ရောက်နေကြောင်း Chiang Mai သတင်းဌာန များ၏ ရေးသားချက်အရ သိရသည်။

ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့ လေထုညစ်ညမ်းမှုသည် အမြင့်ဆုံးရောက်ရှိနေသဖြင့် ကျောင်းများ ယာယီပိတ်ထားရန်နှင့် ချင်းမိုင်တက္ကသိုလ်အားလည်း မတ်လ ၁၄ နှင့် ၁၅ ရက် ၂ ရက်တာ ပိတ်ထားမည်ဖြစ်ကြောင်း မတ် ၁၃ ရကက ချင်းမိုင် တက္ကသိုလ်မှ ကြေညာချက်ထုတ်ခဲ့သည်။

“ကျနော်က ပစ္စည်းပို့တဲ့အလုပ်လုပ်တယ်ဆိုတော့ ဆိုင်ကယ်နဲ့တနေ့လုံး လမ်းပေါ် မှာချည်းသွားလာနေရတာ ။ ဒီလထဲမှာအရမ်းဆိုးရွားတယ်။ မျက်စိတွေစပ်တယ်။ လည်ချောင်းတွေစပ်တယ်။ အသက်ရှူလိုက်ရင် စပ်ဖျဉ်းဖျဉ်းကြီး။ အသက်ရှူရ အရမ်းခက်ပါတယ်။ နှာခေါင်းပိတ်ပါရင်နဲနဲသက်သာတယ်။ အဲ့ကြောင့် Mask လေးတွေ တပ်ထားသင့်ပါတယ် အပြင်ထွက်ရင်။ ” – ဟု ချင်းမိုင်ရောက် သျှမ်းရွှေ့ပြောင်း အလုပ်သမား စိုင်းခေး ကပြောသည်။

ချင်းမိုင်တွင် မီးခိုးများပိတ်ဖုံးနေမှုကြောင့် မတ်လအတွင်း နေရောင်ပင် မတောက်ပ နိုင်ကြောင်း သိရသည်။

အဆိုပါ လေထုညစ်ညမ်းမှုသည် ဧပြီလကုန်ထိ ရင်ဆိုင်ရမည် ဖြစ်ပြီး၊ မိုးရွာသွန်းပါက လေထုညစ်ညမ်းမှု ပြေပျောက်သွားမည် ဟု သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းလူငယ်ဂိုဏ်း ကြောင့် လက်ပြတ်သွားသော မိန်းကလေးငယ် ခွဲစိတ်ကုသမှုအောင်မြင်

0
ချင်းမိုင်မြို့အတွင်း သျှမ်းလူငယ်ဂိုဏ်းတစ်ခုမှ ဓားဖြင့် တိုက်ခိုက် ခုတ်လိုက်မှုကြောင့် လက်ပြတ်သွားသည့် အသက် (၁၄)နှစ်အရွယ် မိန်းကလေး၏ လက်ပြန်ဆက်ကုသမှု အောင်မြင်စွာ ပြုလုပ်နိုင်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် သြဂုတ် ၁၆ရက်တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့အတွင်း သျှမ်းလူငယ်ဂိုဏ်း ၏ တိုက်ခိုက်မှုကြောင့် ကျောင်းသား ၃ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး...

ဆီဆိုင်မြို့နယ်နှင့် ဟိုပုံးမြို့နယ်အတွင်း ကျေးရွာအား PNLA မှမီးရှို့ခဲ့ကြောင်း ထုတ်ပြန်စာအတု

0
သျှမ်းပြည် ဆီဆိုင်မြို့နယ်နှင့် ဟိုပုံးမြို့နယ်ကို ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် PNLA က ထိန်းချုပ်ထားနိုင်ခဲ့ပြီး ရန်သူများဆက်ပြီး ထိုးစစ်မဆင်နိုင်ရန် ကျေးရွာအားမီးရှို့ခဲ့သည်ဟု ထုတ်ပြန်စာစောင် အတု ပျံ့နှံ့နေလျှက်ရှိသည်။ စစ်ကောင်စီ၏ ဝါဒဖြန့်နယ်ချယ်တယ်ရီဂရမ်ဖြစ်သည့် (Ko Thet) ဆိုသည့်အကောင့်မှ “PNLA/PNLOအဖွဲ့က ပအိုဝ်းကျေးရွာများကို ၎င်းတို့ကိုယ်တိုင် မီးရှို့တာဖြစ်ကြောင်းနှင့် ဒီမိုကရေစီရမှ အလျှော်ပြန်ပေးမည်ဟု...

ချင်းမိုင်မြို့ တရားမဝင် ဖွင့်လှစ်ထားသည့် စားသောက်ဆိုင်အတွင်း မြန်မာနိုင်ငံသား (၁၁) ဦး ဖမ်းဆီးရမိ

0
ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် တရားမဝင် ဖွင့်လှစ်ထားသည့် တရုတ်စားသောက်ဆိုင်၌ ထိုင်းအာဏာပိုင်များ ဝင်ရောက် စစ်ဆေးချိန် တရားမဝင် အလုပ်လုပ်နေသည့် မြန်မာနိုင်ငံသား (၁၁) ဦး ဖမ်းဆီးရမိခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ဇူလိုင် (၇) ရက်တွင် အဆိုပါ စားသောက်ဆိုင်ကို ဝင်ရောက်စစ်ဆေးရာ တရားမဝင် မြန်မာနိုင်ငံသား (၁၁)...

ချင်းမိုင်မြို့ မြန်မာရွှေ့ပြောင်း အလုပ်သမား အုပ်စုဖွဲ့ ရန်ဖြစ်

0
ထိုင်းနိုင်ငံ ချင်းမိုင်မြို့ အမ်းဖန်းကျောက် အမည်ရှိ စားသောက်ဆိုင်တွင် အုပ်စုလိုက်အဖွဲ့ မှ အမျိုးသားတစ်ဦးကို ဓားခုတ်ခဲ့ကြောင်း စုံစမ်း သိရှိရသည်။ ပြီးခဲ့သည့် ဇူလိုင် (၁) ရက်တွင် အသက် (၂၇) နှစ် အရွယ်ရှိ မြန်မာရွှေ့ပြောင်းအလုပ်သမား စိုင်းကျော် ဆိုသူသည် စားသောက်ဆိုင် စတိတ်စင်ပေါ် သီချင်းဆိုသူကို...

မြန်မာ – ထိုင်းနယ်စပ် လေထုညစ်ညမ်းမှုကြောင့် ဒေသခံ ကျန်းမာရေး နှင့် စီးပွားရေးများ ထိခိုက်ရ

0
မြန်မာ - ထိုင်းနယ်စပ် တစ်လျှောက် လေထုညစ်ညမ်းမှုကြောင့် ဒေသခံများ၏ ကျန်းမာရေး နှင့် စီးပွားရေးများ ထိခိုက်မှု ရှိလာကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၂၈) ရက်နေ့တွင် လေထုညစ်ညမ်းမှုကို စစ်ဆေးပေးသည့် အဖွဲ့ IQAir က သျှမ်းပြည် တာချီလိတ်မြို့နှင့် နယ်နမိတ်ချင်း ထိစပ်နေသည့်...