တရုတ်ပြည်သို့ အလှမယ်ပြိုင်ပွဲဝင်သည့် နမ့်ခမ်းအလှမယ် ရန်ကုန်ပြန်ရောက်

မြန်မာနိုင်ငံကိုယ်စားပြုပြီး တရုတ်နိုင်ငံတွင် အလှမယ်သွားရောက်ယှဉ်ပြိုင်ကာ ပြန်ရောက်လာသည့် Miss All Nation ၂၀၁၇-၂၀၁၈ နန်းမွေခမ်းအား ရန်ကုန်အခြေစိုက် သျှမ်းလူမှုရေးအသိုင်း အဖွဲ့များ စုပေါင်း ကာ လေဆိပ်တွင်သွားရောက်ကြိုဆိုကြကြောင်းသိရသည်။

ဂျန္နဝါရီလ ၂၅ ရက်နေ့က ရန်ကုန်မြို့အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ရန်ကုန်သျှမ်းစာပေ နှင့်ယဉ်ကျေးမှုအသင်း၊ သျှမ်းလူငယ်အဖွဲ့ SYO တို့အပြင် သျှမ်းလူမှုအသိုင်းအဝိုင်းက လူငယ်များက တရုတ်နိုင်ငံမှ အလှမယ်ပြိုင်ပွဲ ဆု ၂ ဆုဆွတ်ခူးရရှိလာခဲ့သော နန်းမွေခမ်းအား သွားရောက်ကြို ဆိုခဲ့ကြခြင်းဖြစ်သည်။

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းသူဖြစ်သည့် အလှမယ် နန်းမွေခမ်းက – “ ၂၅ ရက်နေ့က မွန်းလွဲ ၂ နာရီလောက်က ကျမ ရန်ကုန်ကိုပြန်လည်ရောက်ရှိခဲ့ပါတယ်။ တရုတ်နိုင်ငံမှာ အလှမယ်သွားပြိုင် ခွင့်ရတာ ကျမအတွက် အတွေ့အကြုံတွေအများကြီးရရှိစေခဲ့ပါတယ်။ နိုင်ငံတကာက မိတ်ဆွေတွေရ ခဲ့တယ်။ သူတို့ဘယ်လိုနေထိုင်စားသောက်ကြသလဲဆိုတာကို သိခွင့်ရခဲ့တယ်။ ကျမကို ယုံကြည်စိတ် ချစွာနဲ့ တရုတ်နိုင်ငံမှာပြိုင်ပွဲဝင်ဖို့ စေလွှတ်တဲ့ Miss Golden Land အဖွဲ့ကိုလည်းကျေးဇူးတင်တယ်။ ကျမကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် ကြိုးစားပြီးယှဉ်ပြိုင်ခဲ့ပါတယ်။ ပထမဆုမရခဲ့တာတောင်မှ ဆု ၂ ခုကိုတော့ဆွတ်ခူးပေးခဲ့ပါတယ်။” – ဟု သျှမ်းသံတော်ဆင့်အားပြောပြသည်။

တရုတ်နိုင်ငံ မယ်ပြိုင်ပွဲမှ နန်းမွေခမ်း ဆွတ်ခူးရရှိခဲ့သော ဆု ၂ ခုမှာ Miss Eco Tourism award နှင့် Miaoyu ဆုတို့ဖြစ်ကြောင်းသိရသည်။

“ Miss Eco Tourism award ဆုကတော့ ကျမအနေနဲ့ (သျှမ်း၊ တရုတ်၊ ဗမာ၊ အင်္ဂလိပ်နဲ့ ထိုင်း) စတဲ့ ဘာသာစကား ၅ မျိုးကိုပြောဆိုနိုင်လို့ ပေးတာဖြစ်တယ်လို့ထင်ပါတယ်။ Miaoyu ဆုကတော့ ကျမဝတ် ဆင်ပြီးပြိုင်ပွဲဝင်တဲ့ သျှမ်း၀တ်စုံနဲ့အပြင်အဆင်ကိုကြည့်ပြီးပေးတာလို့သိရပါတယ်။ မောင်ငယ် ညီမငယ်လေးတွေ ပြိုင်ပွဲဝင်ဖို့ဆန္ဒရှိတယ်ဆိုရင် ကျမကို ဆက်သွယ်မေးမြန်းလို့ရပါတယ်။ ကျမ လမ်းညွှန်ပေးနိုင်ပါတယ် ” – ဟုနန်းမွေခမ်းကပြောသည်။

တရုတ်နိုင်ငံ ယန်ကျင်းမြို့တွင်ကျင်းပသော အလှမယ်ပြိုင်ပွဲသို့ ဒီဇင်ဘာလ ၂၅ ရက်နေ့မှ ဂျန္နဝါရီ ၂၅ ရက်နေ့အထိ ကျင်းပသည့် နိုင်ငံပေါင်း ၃၀ ကျော် အလှမယ်ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု နမ့်ခမ်းသူ နန်းမွေခမ်း က သွားရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ပါသည်။

နန်းမွေခမ်းသည် သျှမ်းပြည်မြောက်ပိုင်းကိုယ်စားပြု Miss Golden Land အလှမယ်ပြိုင်ပွဲတွင် ပြီးခဲ့သည့်နှစ် ဂျူလိုင်လက ယှဉ်ပြိုင်အနိုင်ရခဲ့ပြီး အောက်တိုဘာလတွင်မူ Miss All Nation Myanmar 2017 ဆုကိုဆွတ်ခူးရရှိခဲ့ခြင်းဖြစ်ပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာချီလိတ်မယ်ဆိုင် ချောင်းရေမြင့်တက်မှုကြောင့် ချောင်းဘေး အုတ်တံတိုင်းပြိုကျ၊ နေအိမ်ရေဝင်

0
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့် အုတ်တံတိုင်းများ ပြိုကျပြီး မြို့အတွင်း ရေဝင်ရောက်လာသောကြောင့် ‌အခြားသို့ရွှေ့ပြောင်းနေကြောင်း သတင်းရရှိသည်။ ယမန်နေ့ စက်တင်ဘာလ (၇) ရက်တွင် မြန်မာ-ထိုင်းနယ်စပ်ရှိ မယ်ဆိုင်ချောင်းရေ ရုတ်တရက်ကြီးလာပြီး တာချီလိတ်ဘက် ချောင်းဘေး၌ ကာထားသည့် အုတ်တံတိုင်း ပြိုကျပြီး တာချီလိတ်မြို့ ၊တာလော့ ရပ်ကွက်အတွင်းသို့...

တောင်ကြီးမြို့ပြင်ဘက် စစ်တပ် က ဖုန်းများ စစ်ဆေးနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့ပြင်ဘက်တွင် စစ်ကောင်စီတပ်သားများက လမ်းသွားလမ်းလာများကို တားဆီးကာ ဖုန်းများကို စစ်ဆေးမှု ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ယခုတစ်ပတ်အတွင်း တောင်ကြီးမြို့ သျှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်ဘက်သို့ သွားသည့်လမ်းတွင် စစ်ကောင်စီတပ်သားများက ဆိုင်ကယ်များကို တားဆီးပြီး ဖုန်းအတွင်းရှိ အချက်အလက်များနှင့် အွန်လိုင်းလောင်းကစားဆိုင်ရာ အသုံးပြုမှုများကို စစ်ဆေးနေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် အသက်...

မေ့လာတာ အသက်ကြီးလာလို့ပဲလား

0
အပြင်သွားရင် အိမ်သော့ယူခဲ့မယူခဲ့ မေ့တတ်ကြလား။ အိမ်တံခါး သော့ခတ်၊ မခတ်ခဲ့ မသေချာလို့ အိမ်ပြန်ပြီး သွားကြည့်ဖူးကြလား။ အိမ်သော့အထဲမှာကျန်ခဲ့လို့ သော့ပြင်ဆရာ ခဏခဏ ခေါ်ရတဲ့ဖြစ်ရပ်လည်း ရှိတယ်မလား။ မေ့လွန်းလို့ ဟင်းအိုးတူးသွားတာ၊ ကြက်ဥပြုတ်ထားပြီး မီးပေါ်မှာ မေ့ထားမိတာမျိုးရော ရှိဖူးကြလား။ ဒီနေ့မနက် ဘာစားခဲ့တယ်ဆိုတာ ညရောက်တော့ ပြန်စဉ်းစားလို့ မရတော့တာမျိုးရော...

ဗီယက်နမ်ရင်းနှီးမြှုပ်နှံသူများကို အာဏာသိမ်းသမ္မတ ဖိတ်ခေါ်

0
မြန်မာနိုင်ငံအတွင်း နိုင်ငံရေးမတည်ငြိမ်မှုနှင့် တိုက်ပွဲဖြစ်ပွားမှုကြောင့် စီးပွားရေး အကြီးအကျယ် ကျဆင်းနေချိန်တွင် အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်သည် ဗီယက်နမ်နိုင်ငံသို့ သွားရောက်ကာ မြန်မာနိုင်ငံရှိ အထူးစီးပွားရေးဇုန်များနှင့် စိုက်ပျိုးရေးကဏ္ဍများတွင် လာရောက်ရင်းနှီးမြှုပ်နှံရန် ဗီယက်နမ်လုပ်ငန်းရှင်များကို ဖိတ်ခေါ်လိုက်သည်။ ယမန်နေ့ စက်တင်ဘာလ ၆ ရက်က ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ရှိ Melia Hotel တွင်...

စာဖတ်ခြင်းအလေ့အထ

0
ယခုရက်ပိုင်းအတွင်း ကျနော် စာအုပ်မဖတ်ဖြစ်သည်မှာ ကြာလှပြီ ဖြစ်သည်။ ယခင်က တလလျှင် အနည်းဆုံး စာအုပ်တအုပ် ဖတ်မည်ဟု ကိုယ့်ကိုယ်ကိုယ် ကြုံးဝါးခဲ့ဖူးသည်ကို မှတ်မိနေသေး၏။ သို့သော်လည်း လက်တွေ့တွင်မူ ဖုန်းစကရင်ပေါ်မှ ဗီဒီယိုနှင့် ဇာတ်လမ်းတိုများကို ကြည့်ကာ အချိန်များ ကုန်ဆုံးနေခဲ့သည်။ တကယ်တော့ စာဖတ်ခြင်းဆိုသည်မှာ ပညာဗဟုသုတ တိုးပွားရန်နှင့် အတွေးအခေါ်...