၇၂ နှစ်မြောက်ပြည်ထောင်စုနေ့ ညစာစားပွဲသို့ RCSS/SSA ကိုယ်စားလှယ် တက်ရောက်မည်

နေပြည်တော်တွင်ကျင်းပမည့် ၇၂ နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားသို့ RCSS/SSA မှ ကိုယ်စားလှယ် တက်ရောက်မည်ဖြစ်ကြောင်းသိရသည်။

Photo by RCSS/SSA – RCSS/SSA စစ်ရေးပြအခန်းအနားမှ စစ်ရေးပြစစ်သားများ

RCSS/SSA အတွင်းရေးမှူး ၂ ဗိုလ်မှူးကြီးစိုင်းငင်း က – ” အစိုးရကနေ အပစ်ရပ် EAO  ၁၀ ဖွဲ့ ကို ဖိတ်လာတယ်။ အရင်နှစ်တွေအတိုင်းဘဲ။ တဖွဲ့ချင်းစီဆီကိုဖိတ်တာပါ။ PPST ကိုမဟုတ်ပါဘူး။ အပစ်ရပ်အဖွဲ့ရော မရပ်သေးတဲ့အဖွဲ့တွေကိုရော အကုန်ဖိတ်ပါတယ်။ ထူးခြားတာတော့မရှိပါဘူး။ RCSS/SSA အနေတော့ အရာရှိကိုယ်စားလှယ်တဦး ကနေ ပြည်ထောင်စုနေ့ညစာစားပွဲကို တာဝန်ယူတက်ရောက်ပါမယ် “ – ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

၇၂ နှစ်မြောက်ပြည်ထောင်စုနေ့အခမ်းအနားသို့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ ၊ နိုင်ငံရေးပါတီများ ၊ သံရုံး၊ စစ်တပ်နှင့်အစိုးရဌာနဆိုင်ရာ များအား အစိုးရအဖွဲ့က ဖိတ်ကြားကြောင်းသိရသည်။

သို့သော် အပစ်ရပ် EAO  ၁၀ ဖွဲ့တွင် ချင်းအမျိုးသားတပ်ဦး CNF မှာ လုပ်ငန်းတိုက်ဆိုင်မှုကြောင့် တက်ရောက်နိုင်မည်မဟုတ်ကြောင်း ပြောပါသည်။

ပြည်ထောင်စုနေ့အပြီး ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင်မူ EAO  ကိုယ်စားလှယ်များနှင့် အစိုးရတို့တွေ့ဆုံမည်ဖြစ်ကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့်ပတ်သက်ပြီး ဆွေးနွေးသွားမည်ဖြစ်ကြောင်းလည်း သိရပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

 RCSS နှင့် SSPP နှစ်ဘက်ထိပ်သီးခေါင်ဆောင်များ ကွန်ဟိန်းမြို့တွင်တွေ့ဆုံ

0
သျှမ်းပြည် ကွန်ဟိန်းမြို့နယ်တွင်  သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA)တို့ ထိပ်သီးခေါင်းဆောင်များ ယုံကြည်မှု တည်ဆောက်သည့်သဘောဖြင့် အလွတ်တွေ့ဆုံခဲ့ကြောင်း စုံစမ်းသိရသည်။  ပြီးခဲ့သည့် (မတ် ၂)ရက်တွင် ကွန်ဟိန်းမြို့နယ် မွေတော်နမ့်ဆွမ်စေတီ ထီးတင်ပွဲသို့ RCSS/SSA တပ်ဖွဲ့မှ ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ် နှင့် SSPP /SSA ဘက်မှ ဒုတိယဉက္ကဌ (၃) ဗိုလ်ချုပ်ကြီး ဆေပိုင်ဖ၊...

RCSS ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ကြီးယွက်စစ် ပြန်ရွေးချယ်ခံရ

0
သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ကြီး ယွက်စစ်အား ပြန်လည်ရွေးချယ်လိုက်ပြီး နိုင်ငံရေးပြဿနာများကို တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းမှတစ်ဆင့် ဆက်လက်အဖြေရှာသွားမည်ဟု RCSS ယနေ့ (ဖေဖော်ဝါရီလ ၂၀ ရက်) တွင် ထုတ်ပြန်သည်။ ဖေဖော်ဝါရီလ ၁၆ ရက်မှ ၁၈ ရက်အထိ သုံးရက်ကြာ ကျင်းပခဲ့သည့် RCSS ၏...

သျှမ်းပြည်အက်ကွဲရေးမှ ပြည်ထောင်စုကြီးပြိုကွဲရေးသို့ …. သတိမူဖို့

0
လွန်ခဲ့တဲ့ ၇၉ နှစ်က သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့မှာ တောင်တန်းနဲ့ မြေပြန့် စုစည်းပြီး ပြည်ထောင်စု အိပ်မက်ကို အတူတူ အစပျိုးခဲ့ကြပါတယ်။ ဒါပေမဲ့ ကျနော်တို့ မေ့ထားလို့မရတာက အဲဒီအိပ်မက်ရဲ့ မိခင်ရင်းဟာ ဖေဖော်ဝါရီလ ၇ ရက်နေ့ကတည်းက သန္ဓေတည်ခဲ့တဲ့ "သျှမ်းအမျိုးသားနေ့" ရဲ့ စည်းလုံး ညီညွတ်မှုပဲ...

“သား..သမီးပေးမလား၊ ငွေပေးမလား” – လက်နက်ကိုင်များ၏ ဓားစာခံ ဖြစ်လာရသည့် လူငယ်များ

0
ရပ်ကျေးအုပ်ချုပ်ရေးမှူးဆီက စာတစ်စောင်ရောက်လာတိုင်း မိခင်တစ်ယောက်အတွက် “စာရင်းထဲ ပါသလား” ဆိုသည့် မေးခွန်းက အရိပ်မဲတခုလိုပင် နေ့စဉ်ခြောက်လန့်နေသည်။ “သားသမီးကို စစ်တပ်ဆီ ပို့ရမလား၊ မပို့ချင်ရင် ငွေရှာပေးရမလား” ဆိုသည့် ရွေးချယ်မှုကြားတွင် မိဘများ၏ အသက်ရှူသံမှာ လေးလံနေပြီ။ သို့သော် ယခုအခါ ထိုရွေးချယ်များထဲတွင် “အသက်ပေးမလား” ဆိုသည့် အစွန်းရောက်သော...
RCSS_Chairman_Arrived_LangKhur

သျှမ်းနှစ်သစ်ကူးအကြို RCSS ဥက္ကဋ္ဌ လင်းခေးမြို့ရောက်ရှိ

0
သျှမ်းပြည်တောင်ပိုင်း လင်းခေးမြို့နယ် ဝမ်ဟတ်တိုက်နယ်တွင် ကျင်းပပြုလုပ်နေသည့် ၂၁၂၀ ပြည့်နှစ် သျှမ်းနှစ်သစ်ကူးပွဲနှင့် ဓမ္မစကူးလ် သင်တန်းဆင်းပွဲသို့ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ် တက်ရောက်ခဲ့ကြောင်း သတင်းသိရသည်။