Wednesday, January 28, 2026

၇၂ နှစ်မြောက်ပြည်ထောင်စုနေ့ ညစာစားပွဲသို့ RCSS/SSA ကိုယ်စားလှယ် တက်ရောက်မည်

နေပြည်တော်တွင်ကျင်းပမည့် ၇၂ နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားသို့ RCSS/SSA မှ ကိုယ်စားလှယ် တက်ရောက်မည်ဖြစ်ကြောင်းသိရသည်။

Photo by RCSS/SSA – RCSS/SSA စစ်ရေးပြအခန်းအနားမှ စစ်ရေးပြစစ်သားများ

RCSS/SSA အတွင်းရေးမှူး ၂ ဗိုလ်မှူးကြီးစိုင်းငင်း က – ” အစိုးရကနေ အပစ်ရပ် EAO  ၁၀ ဖွဲ့ ကို ဖိတ်လာတယ်။ အရင်နှစ်တွေအတိုင်းဘဲ။ တဖွဲ့ချင်းစီဆီကိုဖိတ်တာပါ။ PPST ကိုမဟုတ်ပါဘူး။ အပစ်ရပ်အဖွဲ့ရော မရပ်သေးတဲ့အဖွဲ့တွေကိုရော အကုန်ဖိတ်ပါတယ်။ ထူးခြားတာတော့မရှိပါဘူး။ RCSS/SSA အနေတော့ အရာရှိကိုယ်စားလှယ်တဦး ကနေ ပြည်ထောင်စုနေ့ညစာစားပွဲကို တာဝန်ယူတက်ရောက်ပါမယ် “ – ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

၇၂ နှစ်မြောက်ပြည်ထောင်စုနေ့အခမ်းအနားသို့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ ၊ နိုင်ငံရေးပါတီများ ၊ သံရုံး၊ စစ်တပ်နှင့်အစိုးရဌာနဆိုင်ရာ များအား အစိုးရအဖွဲ့က ဖိတ်ကြားကြောင်းသိရသည်။

သို့သော် အပစ်ရပ် EAO  ၁၀ ဖွဲ့တွင် ချင်းအမျိုးသားတပ်ဦး CNF မှာ လုပ်ငန်းတိုက်ဆိုင်မှုကြောင့် တက်ရောက်နိုင်မည်မဟုတ်ကြောင်း ပြောပါသည်။

ပြည်ထောင်စုနေ့အပြီး ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင်မူ EAO  ကိုယ်စားလှယ်များနှင့် အစိုးရတို့တွေ့ဆုံမည်ဖြစ်ကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့်ပတ်သက်ပြီး ဆွေးနွေးသွားမည်ဖြစ်ကြောင်းလည်း သိရပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

RCSS_Chairman_Arrived_LangKhur

သျှမ်းနှစ်သစ်ကူးအကြို RCSS ဥက္ကဋ္ဌ လင်းခေးမြို့ရောက်ရှိ

0
သျှမ်းပြည်တောင်ပိုင်း လင်းခေးမြို့နယ် ဝမ်ဟတ်တိုက်နယ်တွင် ကျင်းပပြုလုပ်နေသည့် ၂၁၂၀ ပြည့်နှစ် သျှမ်းနှစ်သစ်ကူးပွဲနှင့် ဓမ္မစကူးလ် သင်တန်းဆင်းပွဲသို့ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ် တက်ရောက်ခဲ့ကြောင်း သတင်းသိရသည်။

ထိုင်းနိုင်ငံရှိ သျှမ်းလူမျိုးများ ဥပဒေကိုလိုက်နာရန် RCSS တိုက်တွန်း

0
ထိုင်းနိုင်ငံရှိ သျှမ်းလူငယ်ဂိုဏ်း၏ လုပ်ရက်များကြောင့် ထိုင်းနိုင်ငံရောက် သျှမ်းလူမျိုးများသည် အသက်မွေးဝမ်းကြောင်းလုပ်ငန်းများ ထိခိုက်နစ်နာသည့်အပြင် ထိုင်းလူမျိုးတို့၏ အထင်မှားခြင်း၊ အထင်သေးခြင်းခံခဲ့ရသည့်အတွက် ဥပဒေကိုလိုက်နာရန် RCSS က ယနေ့တွင် ထုတ်ပြန်တိုက်တွန်းလိုက်သည်။ ပြည်တွင်းနိုင်ငံရေး၊ စစ်ရေး အခြေအနေ၊ စားဝတ်နေရေးနှင့် အသက်မွေးဝမ်းကြောင်း အခက်အခဲကြောင့် သျှမ်းလူမျိုးအများအပြားသည် ထိုင်းနိုင်ငံအတွင်းသို့ ရွေ့ပြောင်းဝင်ရောက်ခိုလှုံပြီး အသက်မွေးဝမ်းကြောင်း...

မိုင်းယောင်းမြို့နယ် RCSS တပ်စခန်းအနီး စစ်ကော်မရှင်တပ်နှင့် ပြည်သူ့စစ်ပူးပေါင်းတပ် စစ်ကြောင်းထိုးပြီး တိုက်ပွဲဖြစ်

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းယောင်းမြို့နယ်ထဲ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် RCSS/SSA တပ်စခန်းအနီးသို့ စစ်ကော်မရှင်တပ်နှင့် ပြည်သူ့စစ် ပူးပေါင်းတပ်တို့ စစ်ကြောင်းထိုးလာပြီး တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂၈ ရက်) နေ့လယ်ပိုင်းတွင် မိုင်းယောင်းမြို့နယ်အခြေစိုက် စစ်ကော်မရှင်လက်အောက်ခံ ခြေမြန်တပ်ရင်း ခမရ-၃၃၅ နှင့် ပြည်သူ့စစ် ပူးပေါင်းတပ်မှ စစ်အင်အား...

နိုင်ငံရေး ပြဿနာနှင့် အမြင်မတူခြင်းကြောင့် သျှမ်းတော်လှန်ရေးအဖွဲ့များအကြား သွေးကွဲခဲ့ဟု ဗိုလ်ချုပ်ကြီး ယွက်စစ်ပြော

0
သျှမ်းပြည်တော်လှန်ရေး (၆၇) နှစ်ကာလအတွင်း နိုင်ငံရေး ပြဿနာကြုံတွေ့ရခြင်း၊ အမြင်မတူခြင်းတို့ကြောင့် သျှမ်းတော်လှန်ရေးအဖွဲ့များအကြား သွေးကွဲမှုများရှိခဲ့သည်ဟု သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောသည်။ ယနေ့ မေလ ၂၁ ရက်တွင် ကျရောက်သော (၆၇) နှစ်မြောက် သျှမ်းပြည်တော်လှန်ရေးနေ့အတွက် ပေးပို့သည့် သဝဏ်လွှာထဲတွင်...

“တော်လှန်ရေးဝိညာဉ်” မရှိတော့တဲ့ သျှမ်းလက်နက်ကိုင်

0
မြန်မာပြည် မြေပုံရဲ့ ၄ ပုံ ၁ ပုံခန့် ကျယ်ဝန်းတဲ့ သျှမ်းပြည်ဟာ အရှုပ်အထွေးပေါင်းများစွာ စစ်ရေးယမ်းငွေ့တွေနဲ့ ပြည့်နှက်လာခဲ့တာ နှစ်ပေါင်း (၇၀) နီးပါးရောက် ရှိခဲ့ပါပြီ။ သျှမ်းပြည်မှာ သယံဇာတတွေ ပေါကြွယ်ဝပြီး တိုင်းရင်းသားလူမျိုးစုံ နေထိုင်တဲ့ဒေသဖြစ်သလို စစ်လက်နက်ကိုင်တွေလည်း ပေါများတဲ့ ဒေသတစ်ခု ဖြစ်ပါတယ်။ စစ်လက်နက်ကိုင်တွေရဲ့ ရည်မှန်းချက်တွေက...