တာချီလိတ်တွင် သူဌေးတဦး သေနတ်ပစ်ခံရပြီး သေဆုံး

သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့ အာခါစျေး မီးပွိုင့်တွင် အသက် ၅၀ ကျော် အမျိုးသားတဦး သေနတ်ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

Photo credit to Tachileik News Agency /သေနတ်ပစ်ခတ်ခံရသည့် ဦးအားဖာ

သေနတ်ပစ်ခံရ သူသည် လက်နက်ချ ခွန်ဆာ၏အဖွဲ့ဝင်တဦးဖြစ်ပြီး လက်ရှိ နာမည်ကျော် သူဌေး ဦးအားဖာ (တပင်ရွှေထီးစက်သုံးဆီပန့်ပိုင်ရှင်)ဖြစ်ကြောင်းသိရသည်။

ဇန်နဝါရီလ ၂၉ ရက် ယနေ့ နေ့လည် ၁ နာရီခွဲကျော်က ဦးအားဖာသည် အားခါစျေး မီးပွိုင့် တွင် မီးနီမိနေစဉ် အမည်မသိ လက်နက်ကိုင် ဆိုင်ကယ်သမား ၂ ဦးက အနီးကပ် ဦးခေါင်းတွင် သေနတ် ၅ ချက်ပစ်ခတ်ခဲခြင်းဖြစ်ကြောင်း အားခါစျေး အနီး နေထိုင်သည့် မျက်မြင်သက်သေ တဦးဖြစ်သည့် စိုင်းဆိန်း က ပြောသည်။

“ ဦးအားဖာ(တပင်ရွှေထီး) မီးပွိုင့်မိလို့ ကားရပ်နေချိန်၊ လူ ၂ယောက် ဆိုင်ကယ်မောင်းလာပြီး ဦးအားဖာ ကို သေနတ်ပစ်သွားတာ။ ဦးခေါင်းကို ၅ချက် ထိသွားတယ်။ ပွဲချင်းပြီး သေဆုံးသွားတယ်” ဟု ၄င်းက ဆိုသည်။

သေနတ်ပစ်ခံရသည့် တရားခံ၂ဦး သည် ဦးအားဖာ ကို သေနတ်ပစ်ပြီး မြို့တွင်းဘက်သို့ ဆိုင်ကယ်မောင်းပြေးသွားကြောင်း၊ လက်ရှိအချိန်ထိ တရားခံကို ဖမ်းဆီးရခြင်းမရှိသေးကြောင်း သိရသည်။

Photo by Thachileik Youth/ အာခါစျေးရှေ့ ပစ်ခတ်ခ့ရသော ဦးအားဖာ၏ကား

ဆက်လက်ပြီး တာချီလိတ် ဒေသခံတဦး က “ အခုက လူများတဲ့နေရာ လူရှိတဲ့နေရာတောင် သေနတ်နဲ့ ပစ်တာကတော့ ကြောက်ဖို့ကောင်းတယ်။ တာချီလိတ်မှာက ဒီလို ဖြစ်ရပ်တွေ မကြာခဏဖြစ်တယ်။ နေ့ခင်းကြောင်တောင် လူများတဲ့နေရာမှာဖြစ်တော့ လုံခြုံရေး က စိုးရိမ်ရတယ်” ဟု ဆိုသည်။

တာချီလိတ်သည် ထိုင်းနိုင်ငံနယ်စပ် မြို့ ဖြစ်သည့်အလျောက် မကြာခဏ သေနတ်ပစ်ခတ်မှုများ၊ လုယက်မှုများ၊ ဖြစ်ပွားသလို မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသည့် နေရာတခုလည်း ဖြစ်သည်။

နာမည်ကျော် သူဌေး ကြီး ဦးအားဖာ မည်သည့်ကိစ္စကြောင့် အမည်မသိ လက်နက်ကိုင် ၂ဦး က သေနတ်ပစ်ခတ်သည် ကို စုံစမ်းနေဆဲ ဖြစ်ကြောင်းသိရသည်။

အဆိုပါ ကိစ္စ နှင့် ပတ်သတ်ပြီး တာချီလိတ် မြို့ မရဲစခန်းကို ဆက်သွယ်မေးမြန်းသည့်အခါ ပြန်လည်ဖြေကြားခြငး်မရှိပေ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရွာငံမြို့နယ်လင်မယားနှစ်ဉီး သေနတ်ပစ်ခံရပြီး အမျိုးသမီးသေဆုံး၊ အမျိုးသားဒဏ်ရာပြင်းထန်

0
သျှမ်းပြည်တောင်ပိုင်း၊ရွာငံမြို့နယ် နွားဘန်းကြီး ကျေးရွာအုပ်စုတွင် နေထိုင်သည့် လင်မယားနှစ်ဉီးကို အမည်မသိလက်နက်ကိုင်တပ်ဖွဲ့က သေနတ်ဖြင့်လာရောက်ပစ်သဖြင့် အမျိုးသမီးသေဆုံးပြီး အမျိုးသား ဒဏ်ရာပြင်းထန်ကြောင်း သတင်းရရှိသည်။ အဆိုပါ နွားဘန်းကြီး ကျေးရွာအုပ်စုတွင် နေထိုင်သည့် လင်မယားနှစ်ဉီးကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၁ရက်တွင် အမည်မသိလက်နက်ကိုင်တပ်ဖွဲ့က ၎င်းတို့၏ နေအိမ်ကို ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခဲ့ကာ...

တာချီလိတ်မြို့ ရောင်နီဦးဝန်းအတွင်း တရုတ်နိုင်ငံသား ၁၀၀ ကျော် ဖမ်းဆီးခံရ

0
မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်မြို့ရှိ ရောင်နီဦးဝန်းအတွင်း အွန်လိုင်းကျားဖြန့် လုပ်ကိုင်သည့် တရုတ်နိုင်ငံသား ၁၀၀ကျော် ဖမ်းဆီးခံရကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဖေဖော်ဝါရီ ၄ ရက်) နံနက်ပိုင်းတွင် တာချီလိတ်မြို့ ဆေးခန်းရပ်ကွက်ရှိ ရောင်နီဦးဝန်း အတွင်း စစ်ကော်မရှင်တပ်နှင့် ၎င်းလက်အောက်ခံ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များက ဝင်ရောက်...

အိန္ဒိယသံအမတ်ကြီး ကျိုင်းတုံနှင့် တာချီလိတ်မြို့သို့ လာရောက်လေ့လာ

0
သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့နှင့် တာချီလိတ်မြို့သို့ အိန္ဒိယနိုင်ငံ သံအမတ်ကြီး လာရောက်ပြီး မြန်မာ-ထိုင်း-လာအို နယ်စပ်ကုန်သွယ်ရေးဂိတ်များကို လေ့လာခဲ့ကြောင်း သတင်းသိရသည်။ ဇန်နဝါရီလ (၃၁) ရက်တွင် ကျိုင်းတုံမြို့ရှိ ဗုဒ္ဓဂါယာ ပုံစံတူ ဆောက်လုပ်ထားသည့် ဗုဒ္ဓဥယျာဉ်တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကိုးကွယ်သည့် ဝစီပိတ်ဆရာတော်ကို အိန္ဒိယသံအမတ်ကြီး Mr. Abhay...

မိုင်းရယ်မြို့ခံ အမျိုးသားတစ်ဦး နေအိမ်ရှေ့ သေနတ်ပစ်ခံရပြီး ဒဏ်ရာဖြင့်သေဆုံး

0
သျှမ်းပြည် မိုင်းရယ်မြို့နေ အမျိုးသားတစ်ဦးကို အမည်မသိလက်နက်ကိုင်လူတစ်စုက နေအိမ်ရှေ့တွင် သေနတ်ပစ်သတ်ခဲ့ကြောင်း စုံစမ်းသိရသည်။ အောက်တိုဘာလ (၁၉) ရက် ည ၁၁ နာရီခွဲခန့်တွင် မိုင်းရယ်မြို့ ရပ်ကွက်(၁) တွင် နေထိုင်သည့် အသက်(၄၅) နှစ်အရွယ် ဦးစိုင်းစိုင်း၏ အိမ်ရှေ့သို့ အမည်မသိ လက်နက်ကိုင်လူတစ်စုက ကားတစ်စီးဖြင့် ရောက်လာကာ...

တာချီလိတ်မြို့ အမျိုးသာတစ်ဦး သေနတ်ခံရပြီး သေဆုံး

0
ထိုင်း-မြန်မယ်နယ်စပ် တာချီလိတ်မြို့တွင် အမျိုးသားတစ်ဦးကို အမည်မသိလက်နက်ကိုင်လူနှစ်ဦးက သေနတ်ဖြင့်ပစ်ခတ်ခဲ့ပြီးနောက် သေဆုံးသွားခဲ့ကြောင်း သိရသည်။ ယမန်နေ့ (အောက်တိုဘာလ ၈ ရက်) ည ၈ နာရီခွဲဝန်းကျင်တွင် တာချီလိတ်မြို့ ဆန်ဆိုင်း (က) ရပ်ကွက် ခေတ္တာလမ်းတွင် အမျိုးသားတစ်ဦးကို အမည်မသိလက်နက်ကိုင် အမျိုးသားနှစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီးနောက် ဆေးဝါးကုသနေစဉ်...