Wednesday, January 28, 2026

တာချီလိတ်တွင် သူဌေးတဦး သေနတ်ပစ်ခံရပြီး သေဆုံး

သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့ အာခါစျေး မီးပွိုင့်တွင် အသက် ၅၀ ကျော် အမျိုးသားတဦး သေနတ်ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

Photo credit to Tachileik News Agency /သေနတ်ပစ်ခတ်ခံရသည့် ဦးအားဖာ

သေနတ်ပစ်ခံရ သူသည် လက်နက်ချ ခွန်ဆာ၏အဖွဲ့ဝင်တဦးဖြစ်ပြီး လက်ရှိ နာမည်ကျော် သူဌေး ဦးအားဖာ (တပင်ရွှေထီးစက်သုံးဆီပန့်ပိုင်ရှင်)ဖြစ်ကြောင်းသိရသည်။

ဇန်နဝါရီလ ၂၉ ရက် ယနေ့ နေ့လည် ၁ နာရီခွဲကျော်က ဦးအားဖာသည် အားခါစျေး မီးပွိုင့် တွင် မီးနီမိနေစဉ် အမည်မသိ လက်နက်ကိုင် ဆိုင်ကယ်သမား ၂ ဦးက အနီးကပ် ဦးခေါင်းတွင် သေနတ် ၅ ချက်ပစ်ခတ်ခဲခြင်းဖြစ်ကြောင်း အားခါစျေး အနီး နေထိုင်သည့် မျက်မြင်သက်သေ တဦးဖြစ်သည့် စိုင်းဆိန်း က ပြောသည်။

“ ဦးအားဖာ(တပင်ရွှေထီး) မီးပွိုင့်မိလို့ ကားရပ်နေချိန်၊ လူ ၂ယောက် ဆိုင်ကယ်မောင်းလာပြီး ဦးအားဖာ ကို သေနတ်ပစ်သွားတာ။ ဦးခေါင်းကို ၅ချက် ထိသွားတယ်။ ပွဲချင်းပြီး သေဆုံးသွားတယ်” ဟု ၄င်းက ဆိုသည်။

သေနတ်ပစ်ခံရသည့် တရားခံ၂ဦး သည် ဦးအားဖာ ကို သေနတ်ပစ်ပြီး မြို့တွင်းဘက်သို့ ဆိုင်ကယ်မောင်းပြေးသွားကြောင်း၊ လက်ရှိအချိန်ထိ တရားခံကို ဖမ်းဆီးရခြင်းမရှိသေးကြောင်း သိရသည်။

Photo by Thachileik Youth/ အာခါစျေးရှေ့ ပစ်ခတ်ခ့ရသော ဦးအားဖာ၏ကား

ဆက်လက်ပြီး တာချီလိတ် ဒေသခံတဦး က “ အခုက လူများတဲ့နေရာ လူရှိတဲ့နေရာတောင် သေနတ်နဲ့ ပစ်တာကတော့ ကြောက်ဖို့ကောင်းတယ်။ တာချီလိတ်မှာက ဒီလို ဖြစ်ရပ်တွေ မကြာခဏဖြစ်တယ်။ နေ့ခင်းကြောင်တောင် လူများတဲ့နေရာမှာဖြစ်တော့ လုံခြုံရေး က စိုးရိမ်ရတယ်” ဟု ဆိုသည်။

တာချီလိတ်သည် ထိုင်းနိုင်ငံနယ်စပ် မြို့ ဖြစ်သည့်အလျောက် မကြာခဏ သေနတ်ပစ်ခတ်မှုများ၊ လုယက်မှုများ၊ ဖြစ်ပွားသလို မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသည့် နေရာတခုလည်း ဖြစ်သည်။

နာမည်ကျော် သူဌေး ကြီး ဦးအားဖာ မည်သည့်ကိစ္စကြောင့် အမည်မသိ လက်နက်ကိုင် ၂ဦး က သေနတ်ပစ်ခတ်သည် ကို စုံစမ်းနေဆဲ ဖြစ်ကြောင်းသိရသည်။

အဆိုပါ ကိစ္စ နှင့် ပတ်သတ်ပြီး တာချီလိတ် မြို့ မရဲစခန်းကို ဆက်သွယ်မေးမြန်းသည့်အခါ ပြန်လည်ဖြေကြားခြငး်မရှိပေ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုင်းရယ်မြို့ခံ အမျိုးသားတစ်ဦး နေအိမ်ရှေ့ သေနတ်ပစ်ခံရပြီး ဒဏ်ရာဖြင့်သေဆုံး

0
သျှမ်းပြည် မိုင်းရယ်မြို့နေ အမျိုးသားတစ်ဦးကို အမည်မသိလက်နက်ကိုင်လူတစ်စုက နေအိမ်ရှေ့တွင် သေနတ်ပစ်သတ်ခဲ့ကြောင်း စုံစမ်းသိရသည်။ အောက်တိုဘာလ (၁၉) ရက် ည ၁၁ နာရီခွဲခန့်တွင် မိုင်းရယ်မြို့ ရပ်ကွက်(၁) တွင် နေထိုင်သည့် အသက်(၄၅) နှစ်အရွယ် ဦးစိုင်းစိုင်း၏ အိမ်ရှေ့သို့ အမည်မသိ လက်နက်ကိုင်လူတစ်စုက ကားတစ်စီးဖြင့် ရောက်လာကာ...

တာချီလိတ်မြို့ အမျိုးသာတစ်ဦး သေနတ်ခံရပြီး သေဆုံး

0
ထိုင်း-မြန်မယ်နယ်စပ် တာချီလိတ်မြို့တွင် အမျိုးသားတစ်ဦးကို အမည်မသိလက်နက်ကိုင်လူနှစ်ဦးက သေနတ်ဖြင့်ပစ်ခတ်ခဲ့ပြီးနောက် သေဆုံးသွားခဲ့ကြောင်း သိရသည်။ ယမန်နေ့ (အောက်တိုဘာလ ၈ ရက်) ည ၈ နာရီခွဲဝန်းကျင်တွင် တာချီလိတ်မြို့ ဆန်ဆိုင်း (က) ရပ်ကွက် ခေတ္တာလမ်းတွင် အမျိုးသားတစ်ဦးကို အမည်မသိလက်နက်ကိုင် အမျိုးသားနှစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီးနောက် ဆေးဝါးကုသနေစဉ်...

မယ်ဆိုင်ချောင်းရေ မြင့်တက်မှုကြောင့် တာချီလိတ်တွင် ရေထပ်ကြီး

0
ထိုင်း-မြန်မာနယ်စပ်ဒေသ တာချီလိတ်မြို့ရှိ မယ်ဆိုင်ချောင်းရေသည် ယနေ့ (အောက်တိုဘာ ၁)ရက် နံနက် ၈ နာရီအချိန်မှစ၍ စိုးရိမ်ရေမှတ် အထက်သို့ ကျော်လွန်လာသဖြင့် မြို့ပေါ် ရပ်ကွက်နှင့် လမ်းမပေါ်တွင် ရေကြီးရေလျှံမှု ဖြစ်ပွားနေကြောင်း သိရသည်။ မယ်ဆိုင်ချောင်းရေ မြင့်တက်မှုကြောင့် တာချီလိတ်မြို့ပေါ် တာလော့ ရပ်ကွက်၊ ပုန်းထွန် ရပ်ကွက်၊...

တာချီလိတ်မြို့ ဝင်၊ထွက် စစ်ကော်မရှင် စစ်ဆေးရေးဂိတ် ငွေညှစ်တောင်းခံနေ

0
သျှမ်ပြည် အ‌ရှေ့ပိုင်း တာချီလိတ်မြို့ အဝင်အထွက်ရှိ စစ်ကော်မရှင် စစ်ဆေးရေးဂိတ်တွင် ငွေညှစ် တောင်ခံ နေကြောင်း သိရသည်။ ပြီးခဲ့သည့် သြဂုတ်လ တတိယပတ်မှ စပြီး တာချီလိတ်မြို့ အဝင်၊ အထွက်ရှိ မယ်ယန်း စစ်ကော်မရှင် စစ်ဆေးရေး ဂိတ်တွင် ခရီးသည်တင်ယာဉ်နှင့် ကုန်တင်ယာဉ်များကို ငွေညှစ်တောင်းခံနေကြောင်း အသက်...

မူဆယ်မြို့ အမျိုးသမီးနှစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံး

0
သျှမ်းပြည် မူဆယ်မြို့ပေါ်တွင် အမျိုးသမီးနှစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဇူလိုင်လ ၂၄ ရက်) ညနေ ၃ နာရီဝန်းကျင်တွင် မူဆယ်မြို့  ဟိုမွန်ရပ်ကွက်တွင် အမျိုးသမီးနှစ်ဦးကို အမည်မသိ လက်နက်ကိုင်မှသေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း မူဆယ်မြို့ အသက် ၄၀ ဝန်းကျင် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ “အဲ့အမျိုးသမီးတွေက crown ကားအဖြူနဲ့ ရဲစခန်းဘက်ကနေလာကြတာ။ အမျိုးသမီးနှစ်ယောက် သေသွားတာ။ဘယ်ကနေ လာပြီးပစ်သွားလဲဆိုတာသေချာမသိရဘူး အသံကြားတာနဲ့ သေနေပြီ။ပစ်သွားတာလူက ဘာနဲ့လာလဲ သေချာမမြင်လိုက်ဘူး” ဟု မူဆယ်မြို့ အသက် ၄၀ဝန်းကျင် အမျိုးသားတစ်ဦးက ပြောသည်။ ထိုသေဆုံးသွားသည့် အမျိုးသမီးနှစ်တစ်ဦးသည် အသက် (၄၀) ဝန်းကျင် မုန်းဝန်းတရုတ်လူမျိုးဖြစ်ပြီး၊ ၊ နယ်စပ်ဖြတ်သန်းခွင့်စာအုပ် လုပ်ပေးသည့် ပွဲစားဖြစ်ကြောင်း သိရသည်။ မြန်မာ-တရုတ် နယ်စပ်ဒေသဖြစ်သည့် မူဆယ်မြို့တွင် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် အဖွဲ့ပေါင်း (၂၀) ကျော်ထက်မနည်း ရှိနေပြီး တရားဥပဒေစိုးမိုးမှု ကင်းမဲ့ကာ တရားမဝင် စီးပွားရေးနှင့် မူးယစ်ဆေးဝါးများ စုံလင်ပေါများခြင်းကြောင့် သေနတ်ပစ်ခတ်မှု၊ ပြန်ပေးဆွဲမှု မကြာခဏဖြစ်ပွားနေပြီး အမှုမှန်ပေါ်ပေါက်ခြင်း မရှိကြောင်း ဒေသခံများက ပြောသည်။