တရုတ်နယ်စပ် မူစယ်တွင် တလလျှင် ပိုင်ရှင်မဲ့ မူးယစ်ဆေးသုံးပြီး သေဆုံးသူ ၅ ဦးရှိ

သျှမ်းပြည် မူစယ်မြို့ နယ်တွင် ပိုင်ရှင်မဲ့ မူးယစ်ဆေးဝါး သုံးစွဲပြီး သေဆုံးသူ တလ လျှင် ၅ ဦး ခန့်ရှိသည် သတင်းရရှိသည်။

Photo by မူဆယ်ဒေသခံ ၊မူဆယ်တွင်မူးယစ်ဆေးစွဲသူများအား လမ်းဘေးတွင်တွေ့ရစဉ်

“ မူစယ်မြို့မှာ မူးယစ်ဆေးဝါးသုံးစွဲပြီး သေဆုံးသူတလ ၅ ဦး ရှိသလို ဆေးရုံမှာလည်း ပိုင်ရှင်ရှိ မူးယစ်ဆေးဝါးကြောင့် သေဆုံးသူတလ ရ ဦး အနည်းဆုံးရှိတယ်” ဟု မူစယ်မြို့ ဂရုဏာ လူမှုကူညီရေး အသင်းမှ ဦးသောင်းထွန်း ကပြောပြသည်။

မူစယ်မြို့တွင် မူးယစ်ဆေးဝါးသုံးစွဲသူများ တနေ့ထက် တနေ့ များပြားလာကြောင်း၊ သက်ဆိုင်ရာ မှ မူးယစ်ဆေးဝါး နှင့် ပတ်သတ်ပြီး သေချာ ကိုင်တွယ်သင့်ကြောင်း လည်း ဦးသောင်းထွန်း က ဆိုသည်။

ယခုနောက်ပိုင်း မူးယစ်ဆေးဝါးသုံးစွဲမှုသည် များပြားလာပြီး၊ သုံးစွဲသည့်သူများတွင် ဆယ်ကျော်သက် ကျောင်းသား များ ပါဝင်နေကြောင်း၊သုံးစွဲပြီးသည့် ဆေးထိုးအပ်များကိုလည်း အများပြည်သူသွားလာသည့်နေရာများတွင် လွှင့်ပစ်ထားခဲ့ကြောင်း လည်း မူဆယ်မြို့ ဒေသခံများက ပြောဆိုကြသည်။

မူစယ်မြို့ ရွှေသမင် ဘုန်းကြီးကျောင်း အနီးရှိ ပွဲကျင်းပသည့်နေရာတွင် မူးယစ်ဆေးဝါးသုံးစွဲပြီးသည့် ဆေးထိုးအပ် များစွာ လွှင့်ပစ်သဖြင့် လမ်းသွားလမ်းလာပြည်သူများအတွက် အန္တရာယ်ဖြစ်နိုင်ကြောင်းလည်း မူစယ် တောင်ရပ်ကွက် (ပေါက်စန်း) ဒေသခံ အမျိုးသားတဦးက ပြောသည်။

“ ဆေးထိုးအပ်တွေ နောက် မူးယစ်ဆေးဝါး ရှူတဲ့နေရာမှာ အသုံးပြုတဲ့ ခဲပြားတွေ လူမြင်မကောင်းဘူး။ မူးယစ်ဆေးဝါး သုံးစွဲတဲ့သူတွေကလည်း အဲ့နေရာမှာ အိပ်နေကြတယ်။ သက်ဆိုင်ရာကလည်း လာရောက်ပြီး ရှင်းလင်းတာ မရှိဘူး” ဟု အဆိုပါ အမျိုးသား က ပြောသည်။

Photo by မူဆယ်ဒေသခံ ၊မူဆယ်တွင်မူးယစ်ဆေးစွဲသူများအား လမ်းဘေးတွင်တွေ့ရစဉ်

မူစယ် မြို့သည် တရုတ်နယ်စပ် တခုဖြစ်ပြီး မူးယစ်ဆေးဝါး ရောင်းဝယ်မှု မှာ တားဆီးဖို့ ခက်ခဲသည့် နေရာတခုဖြစ်သလို မူးယစ်ဆေးဝါး ရောင်းဝယ်သည့် သူများကို လည်း သက်ဆိုင်ရာမှ နှိမ်နင်းမှု အားနည်းနေသည် ဟု မူစယ်ဒေသခံများက ပြောဆိုကြသည်။

ဆက်လက်ပြီး ဒေသခံ စိုင်းခမ်း က “ တနှစ်ထက် တနှစ် သုံးစွဲသူတွေ များလာတယ်။ ကျောင်းသားတွေ လည်း တွေ့လာတယ်။ နောက် မူးယစ်ဆေး နောက်ဆက်တွဲ ခိုး၊ လုယက်မှုတွေ လည်း ပေါလာတယ်။ ဒီတိုင်းဆက်သွားရင်တော့ ကလေးတွေရဲ့ အနာဂတ်တော့ မတွေးဝံ့ဘူး” ဟု ပြောသည်။

မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသူများသည် လက်နက်များရှိနေသည့်အတွက် မည်သည့် ပုဂ္ဂိုလ် သည် မူးယစ်ဆေးဝါးရောင်းနေသည်ကို သိရှိသော်လည်း သက်ဆိုင်ရာသို့မတိုင်ကြားဝံ့ကြောင်း သျှမ်းပြည်နယ် ပြည်သူများက ပြောကြားသည်။

လက်ရှိမှာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသည့် ပုဂ္ဂိုလ်များကို ဖမ်းဆီးမိခြင်းမရှိဘဲ မူးယစ်ဆေး ကို သယ်ဆောင်လာသူများနှင့် သုံးစွဲသူများသာ ဖမ်းဆီးနေခြင်းသည် မူးယစ်ဆေးဝါး ပပျောက်ဖို့ အဖြေမဟုတ်ကြောင်းလည်း ပြည်သူများက ပြောဆိုနေကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မြန်မာနိုင်ငံသားတစ်ဉီး၏ မူးယစ်ဆေးဝါး ကွန်ယက်အပါအဝင် စိတ်ကြွဆေး ၇.၇ သန်းခန့် ဖမ်းမိ

0
ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင် နှင့် ချင်းမိုင်ခရိုင် ထိုင်း-မြန်မာနယ်စပ် ၂ နေရာတွင် စုစုပေါင်း စိတ်ကြွမူးယစ်ဆေးပြား ၇.၇ သန်းခန့် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းအာဏာပိုင်များ၏ ထုတ်ပြန်ချက်များအရသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၉ ရက် ညပိုင်းက ချင်းရိုင်ခရိုင်၊ ပါအူးဒွန်းချိုင် (PaO DonChai) နယ်မြေ၊ ဘန်ဖိုးငမ်...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

မူးယစ်ဆေးဝါးနှင့် ကျားဖြန့်တိုက်ဖျက်ရေး UWSA နှင့် NSPNC နေပြည်တော်တွင် ထပ်မံဆွေးနွေး

0
‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSP/UWSA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် စစ်အစိုးရ၏ NSPNC ကိုယ်စားလှယ်တို့ မူးယစ်ဆေးဝါးနှင့် ကျားဖြန့်တိုက်ဖျက်ရေးအတွက် ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၃ ရက်) နှင့် ယနေ့ (ဩဂုတ်လ ၄ ရက်) တို့တွင် နေပြည်တော်ရှိ Horizon...

သီပေါ-မိုင်းရယ် စစ်တပ် ဆက်တိုက်ဖမ်းဆီးနေသည့် မူးယစ်ဆေးဝါးအမှု တရားခံမပေါ်သေး

0
သျှမ်းပြည် သီပေါနှင့် မိုင်းရယ်မြို့နယ်တွင် မူးယစ်ဆေးဝါး ချက်လုပ်သည့်နေရာများနှင့် အသုံးပြုသည့် ပစ္စည်းများကို စစ်ကော်မရှင်ဘက်မှ ဆက်တိုက်ရှာဖွေ ဖမ်းဆီးနေသော်လည်း တရားခံ မပေါ်သေးကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ (၈) ရက်မှ စတင်ပြီး သီပေါမြို့နယ် နမ့်လန်မြို့တဝိုက်နှင့် မိုင်းရယ်မြို့နယ်အတွင်း စစ်ကော်မရှင်တပ်မှ အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများနှင့် မူးယစ်ဆေးဝါး ချက်လုပ်သည့်...

ထိုင်း-မြန်မာနယ်စပ်မှ သယ်ဆောင်လာသည့် စိတ်ကြွဆေးပြား ငါးသန်းကျော်ကို ချင်းမိုင်ခရိုင်တွင် ဖမ်းမိ

0
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင် မယ့်တျန် (Mae Taeng) မြို့နယ်တွင် စိတ်ကြွဆေးပြား ငါးသန်းနှစ်သိန်း (၅,၂၀၀,၀၀၀) ပြားကို လူငယ် ၃ ဦးနှင့်အတူ ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းဌာနက ဖော်ပြသည်။ ယမန်နေ့ စက်တင်ဘာလ ၁၇ ရက် နံနက် ၂ နာရီကျော်အချိန်တွင် ချင်းမိုင်ခရိုင် မယ့်တျန်...