Wednesday, January 28, 2026

သက်တမ်း နှစ် ၃၀၀ ကျော်ရှိ မိုးနဲမြို့ရှင်နတ်နန်းဆက်လက်ထိမ်းသိန်းရေးအတွက် နတ်နန်းဝင်းအား မြို့ခံများစုပေါင်းရှင်းလင်း

သျှမ်းပြည်တောင်ပိုင်း မိုးနဲမြို့နယ် ဥယျာဉ်ရပ်ကွက် (ဟော်နန်းဟောင်းဝင်း) အတွင်းရှိ သမိုင်းဝင် မြို့ရှင်နတ်နန်းအားပြုပြင်မွမ်းမံအလှဆင်ရန်အတွက် နတ်နန်းဝင်းအတွင်းမိုးနဲမြို့ခံများစုပေါင်းကာ သန့်ရှင်းမှုပြုကြကြောင်းသိရသည်။

Photo by Sai Mg Gyi : မိုးနဲမြို့နယ် ဥယျာဉ်ရပ်ကွက် (ဟော်နန်းဟောင်းဝင်း) အတွင်းရှိ သမိုင်းဝင် မြို့ရှင်နတ်နန်း

ဇန်နဝါရီလ ၁၅ ရက်ယနေ့မနက်ပိုင်းကတည်းကစပြီး ညနေပိုင်းအထိ မြို့ခံအင်အား ၁၀၀ ထက်မနဲ မြို့ရှင်နတ်နန်းဝင်းအားရှင်းလင်းမှုပြုကြခြင်းဖြစ်ကြောင်းသိရသည်။

“ဟော်စဝ်ပူစဝ်နိုင်း (စဝ်ဝမ် စဝ်မိန်း) မြို့ရှင်နတ်နန်းဝင်းကို ပြန်လည်မွမ်းမံဖို့။ အဲဒီဝင်းမှာ ပန်းခြံလေး အလှအပလေးလုပ်ထားဖို့ စုပေါင်းရှင်းလင်းကြတာဖြစ်တယ်။ ပန်းခြံလုပ်ဖို့အတွက် အလှူရှင်ကတော့ မိုးနဲမြို့ရဲ့စော်ဘွားကြီး စဝ်ပြည့်ရဲ့သမီးတော် စဝ်နော်လိတ် ခေါ် စဝ်ယိင်းစံဟွမ် ဖြစ်ပါတယ်။ ” – ဟု ဥယျာဉ်ရပ်ကွက်သူ ရပ်ကွက်သားများ များနှင့်အတူ မြို့ှရှင်နတ်နန်းဝင်းရှင်းလင်းရေးပြုလုပ်သည့် (ယခင်)ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုင်းမောင်ကြီး ကသျှမ်းသံတော်ဆင့်အားပြောသည်။

Photo by Sai Mg Gyi: နတ်နန်းဝင်းအတွင်းမိုးနဲမြို့ခံများစုပေါင်း သန့်ရှင်းမှုပြု

အဆိုပါမြို့ရှင်နတ်နန်းကို မိုးနဲမြို့အား ၁၆၃၂ မှ ၁၆၇၅ ခုနှစ်အထိ အုပ်ချုပ်မင်းလုပ်ခဲ့သော (မိုးမိတ်စော်ဘွားကြီး၏သားတော်) စဝ်လားခမ်းမှ တည်ထားကိုးကွယ်ခဲ့သည်ဖြစ်ရာ နှစ်ပေါင်း ၃၀၀ ကျော်သက်တမ်းရှိပြီဖြစ်သည်။
ထို့အတွက် မိုးနဲမြို့ခံများက အဆိုပါမြို့ရှင်နတ်နန်းအား အလေးအမြတ်ထားကာ လမ်းပန်းခရီးထွက်လေတိုင်း ၀င်ရောက်ပူဇော်ပါက ဘေးရန်ကင်းပြီးလုပ်ငန်းဆောင်တာများအောင်မြင်အဆင်ပြေကြောင်း ယုံကြည်ခဲ့ကြကြောင်း၊ သီတင်းကျွတ် တန်ဆောင်မုန်းလများတွင် မြို့ရှင်နတ်အား မြို့ခံများသွားရောက်ကန်တော့ကာ ဆီမီးထွန်းညှိပူဇော်ကြကြောင်း သိရသည်။

“စဝ်လားခမ်း (မိုးမိတ်စော်ဘွားရဲ့သားတော်) မိုးနဲကိုမအုပ်ချုပ်ခင်က ဘုရင့်နောင်ရဲ့ မှူးမတ်ဗိုလ်ပါက လာပြီးအုပ်ချုပ်တယ်။ အဲဒီနောက် မြို့မိမြို့ဖတွေနေ မိုးမိတ်ကစော်ဘွားမျိုးနွယ်ကိုသွားပင့်လာတာ မိုးနဲကိုအုပ်ချုပ်ဖို့ ။ အဲ့ချိန်ကတည်းကဒီမြို့ရှင်နတ်နန်း တည်ဆောက်ပြီးကိုးကွယ်လာခဲ့တာဖြစ်တယ်။ မိုးနဲမြို့ဟာ သမိုင်းဝင်အမွေအနှစ်တွေရှိတဲ့နယ်မြေတခုဖြစ်အောင် ဒီဘုရားပုထိုးတွေကိုရှေးလက်ရာမပျက်အောင် ကျနော်တို့ တတ်နိုင်သလောက် ကြိုးစားပြီး ထိန်းသိမ်းသွားမှာဖြစ်တယ်။ ကျန်တဲ့ဘုရားစေတီတွေမှာလည်း ရွာသားတွေနဲ့အတူ စုပေါင်းပြီး ပိတ်ပေါင်းခြုံနွယ်တွေရှင်းလင်းသွားမှာဖြစ်တယ်။” – ဟု စိုင်းမောင်ကြီးက သျှမ်းသံတော်ဆင့်အားပြောသည်။

မိုးနဲမြို့ခံ ၂၀၀ ခန့်စုပေါင်းကာ ဇန်နဝါရီလ ၁၃ ရက် ကလည်း သက်တမ်း ၂၀၀ ကျော်ရှိ ဗိုလ်မှူးမင်းသားမောင်စံစေတီနှင့် သက်တမ်း ၁၀၀ ကျော်ရှိသိမ်တော်ကြီးပုရဝုဏ်အား ပေါင်းမြက်သန့်ရှင်းမှုပြုခဲ့ကြကြောင်းသိရသည်။
အလားတူ မိုးနဲမြို့အတွင်းရှိတခြားသော သက်တမ်းကြာရှည်စေတီတော်များကိုပါ မူလလက်ရာမပျက်စီးစေဘဲ စေတီပုရဝုဏ်အတွင်း ခြုံနွယ်ပေါင်းမြက်များရှင်းလင်သွားကြမည်ဖြစ်ကြောင်းသိရပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးနဲမြို့ရောက် နမ့်လန်စစ်ဘေးရှောင် ကျောင်းသား ၄၀၀ ကျော် စာမေးပွဲဖြေဆိုပြီး နေရပ်ပြန်

0
သျှမ်းပြည် မိုးနဲမြို့နယ်သို့ ရောက်ရှိနေသည့် နမ့်လန်စစ်ဘေးရှောင် ကျောင်းသားကျောင်းသူ ၄၀၀ ကျော်သည် စာမေးပွဲ ဖြေဆိုပြီးနောက် နေရပ်ပြန်မည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ယမန်နှစ် ၂၀၂၄ ဒီဇင်ဘာ လဆန်းပိုင်းက သီပေါမြို့နယ် နမ့်လန်မြို့အနီးတဝိုက်တွင် စစ်ကောင်စီတပ်နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့ တိုက်ပွဲပြင်းထန်ခဲ့ရာ လုံခြုံရေးစိုးရိမ်မှုကြောင့် မိဘများမှ ကျောင်းနေအရွယ်...

မိုးနဲမြို့နယ်အတွင်း သင်္ကြန်အကြောင်းပြချက်ဖြင့် မြို့နယ်အုပ်ချုပ်ရေးမှူး ပိုက်ဆံကောက်

0
သျှမ်းပြည် မိုးနဲမြို့နယ်အတွင်း သင်္ကြန်အကြောင်းပြချက်ဖြင့် မြို့နယ် အုပ်ချုပ်ရေးမှူး နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပိုက်ဆံလိုက်လံ ကောက်ယူနေကြောင်း သတင်းရရှိသည်။ လက်ရှိ သင်္ကြန်ကာလအတွင်း စစ်ကောင်စီ လက်အောက်ခံ မြို့နယ်အုပ်ချုပ်ရေးမှူးက မိုးနဲမြို့ လွိုင်မြေရပ်ကွက်ထဲတွင် လုပ်ငန်းရှင်များထံ ပိုက်ဆံ ကောက်ယူနေကြောင်း သိရသည်။ “ လုပ်ငန်းရှင်တွေကောက်တာ။ လုပ်ငန်းကြီးရင်တော့ ၁ သိန်းလောက်ထိ...

မိုးနဲမြို့ ရှေးဟောင်းအမွေအနှစ် စေတီ ပြန်လည်ပြုပြင်ဖို့အတွက် စေတနာရှင်များကို ဖိတ်ခေါ်နေ

0
သျှမ်းပြည် လင်းခေးခရိုင် မိုးနဲမြို့ရှိ ရှေးဟောင်းအမွေအနှစ် စေတီပြန်လည်ပြုပြင် မွမ်းမံရန် အကူအညီများ လိုအပ်နေသည့်အတွက် စေတနာရှင်များကို ဖိတ်ခေါ်နေကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလမှ စတင်ကာ ရှေးဟောင်းယဥ်ကျေးမှု အမွေအနှစ်များကို မြတ်နိုးသည့် ဒေသခံ များ စုပေါင်းကာ မိုးနဲမြို့ရှိ ဆင်တောင်မှ ဆင်ဖြူစေတီ ရှေးဟောင်းစေတီ ပြန်လည်ပြုပြင်မွမ်းမံရေး...

မိုးနဲ ရေထွက်ဦးကို မြေဖို့ လယ်ဧက ၃၀၀ အခက်ခဲကြုံ

0
သျှမ်းပြည်တောင်ပိုင်း မိုးနဲမြို့နယ် ကတ်နောက်ကျေးရွာရှိ ရေထွက်ဦးကို လင်းခေးခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ( NLD) အတွင်းရေးမှူး ဦးမောင်စိုးက လာရောက်မြေဖို့သည့်အတွက်ကြောင့် လယ်သမားများ ရေအလုံလောက်ရရှိဖို့အတွက် ခက်ခဲမှုရှိနေကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာ ၂၈ ရက်တွင် ဦးမောင်စိုးသည် ခြံစိုက်ပျိုးရန်အတွက်ဟုဆိုကာ ထိုရေထွက်ဦးနေရာကို မြေလာဖို့လိုက်ပြီး လယ်ဧက ၃၀၀...

မိုးနဲမြို့ လောင်းကစားဝိုင်းကြောင့် လူငယ်များ ခိုက်ရန်ဖြစ်ပွား

0
သျှမ်းပြည်တောင်ပိုင်း မိုးနဲမြို့နယ် ကင်တုံကျေးရွာတွင် လူငယ်များ လောင်းကစားသွားရောက်ကစားရာမှတဆင့် အချင်းချင်း ရန်ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ မိုးနဲမြို့နယ် ကင်တုံကျေးရွာထဲတွင် အောက်တိုဘာ ၁၁ ရက်မှ စပြီး လောင်းကစားဝိုင်းဖွင့်လှစ်ခဲ့ပြီး လူငယ်များ သွားရောက်ကစားရာမှ တဆင့် အောက်တိုဘာ ၁၂ ရက်တွင် လူငယ်အချင်းချင်း ရိုက်နှက်ရန်ဖြစ်မှု ဖြစ်ပွားခဲ့ကြောင်း...