သျှမ်းပြည်ငရဲနှစ်
နှစ်ပေါင်း ၃၀ နီးပါးစိတ်ခြောက်ခြားနေရဆဲ သျှမ်းပြည် ငရဲနှစ်
နန်းလိတ်သည် သူနေထိုင်ရာ ကွန်ဟိန်းမြို့ဆီသို့ ပြန်မရောက်ဖြစ်သည်မှာ နှစ်ပေါင်း သုံးဆယ်ခန့်ရှိတော့မည်။ ကွန်ဟိန်းမြို့နယ်အတွင်းရှိ ကျေးရွာထဲကို ဗမာစစ်သားများ ဝင်ရောက်ခဲ့စဉ် ၁၉၉၆ ခုမှစ၍ အိုးပစ်အိမ်ပစ်၊ လယ်ယာပစ်ကာ တိုင်းတစ်ပါးသို့ ထွက်ပြေးတိမ်းရှောင်နေခဲ့သည်မှာ အနှစ် သုံးဆယ်ခန့် ရှိလေပြီ။ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ပြဿနာများကြောင့် ညဘက်မှာ ကောင်းမွန်စွာ အိပ်မပျော်ခဲ့သည်မှာလည်း အနှစ်...





