မျောပါသေဆုံး
ရန်ကုန်သို့ပညာတော်သင်စေလွှတ်မည့်စာရင်းတွင်ပါသည့် လင်းခေးမြို့မှ စာသင်ကိုယ်ရင်ငယ်တပါး တိန်းချောင်းရေနှင့်မျောပါသေဆုံး
သျှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင် လင်းခေးမြို့နယ်တွင် ရန်ကုန်သို့ ပညာတော်သင်လွှတ်မည့်သံဃာများစာရင်းတွင်ပါ၀င်သော ကိုယ်ရင်ငယ်တပါး တိန်းချောင်းရေနှင့်မျောပါသေဆုံးခဲ့ကြောင်းသိရသည်။ ဇွန်လ ၄ ရက် ညနေ ၄ နာရီကျော်အချိန်က လင်းခေးမြို့လယ် မဟာဝိဟာရကျောင်းကြီးကျောင်းမှ စာသင်ကိုယ်ရင်ငယ် ၅ ပါးသည် တိန်းချောင်းရေ ဆင်းဆော့စဉ် ရေစီးသန်ပြီးဝဲကြမ်းသည့်နေရာသို့ကျသွားသဖြင့် ရေနှင့်အတူ နစ်မြုပ်မျောပါသေဆုံးခဲ့ခြင်းဖြစ်ကြောင်း ကျောင်းကြီးကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော်...





