မိုင်းပွန်စစ်ဆေးရေးဂိတ်
နိုင်ငံခြား ကုန်ပစ္စည်းတင်ဆောင်သည့် ကုန်ကားများကို မိုင်းပွန် စစ်ဆေးရေးဂိတ်တွင် သိမ်းဆည်း၊ ငွေညှစ်
သျှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်မြို့နယ် မိုင်းပွန်မြို့ရှိ စစ်ကော်မရှင်တပ် စစ်ဆေးရေးဂိတ်တွင် ကုန်ကားများပေါ်တွင် တင်ဆောင်လာသည့် နိုင်ငံခြားကုန်ပစ္စည်း ပါလျှင် ကားသိမ်းဆည်းကာ ငွေညှစ်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ ပထမပတ်မှ စပြီး မိုင်းပွန်မြို့ရှိ စစ်ကော်မရှင် စစ်ဆေးရေးဂိတ်မှာ စစ်ဆေးရေးတင်းကြပ်နေပြီး ထိုင်းနိုင်ငံမှ တင်သွင်းသည့် အဝတ်အထည်များ၊ အစားသောက်များကို ကုန်ကားပေါ်တွင်...






