ဓားထောက်ငွေလုယက်
ချင်းမိုင်ရောက် မြန်မာတစ်ဦးက ရည်းစားဟောင်းကို ဓားထောက်ပြီး ဘတ် လေးထောင်လုယက်မှု ဖြစ်ပွားခဲ့
SHAN -
ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသား အမျိုးသားတစ်ဦးသည် ရည်းစားဟောင်းကို ဓားထောက်ပြီး ဘတ်လေးထောင် လုယက်မှုဖြစ်ပွားခဲ့ကြောင်း Chiang Mai News သတင်းဌာနက ဖော်ပြသည်။ အဆိုပါအမျိုးသားကို ယမန်နေ့ (သြဂုတ် ၁၄ ရက်) ညနေ ၆ နာရီခန့်တွင် ချင်းမိုင်ခရိုင် San Pa...





