ဒေသရိုးရာစာသောက်ဆိုင်
ကုန်ဈေးနှုန်းကြောင့် ညောင်ရွှေမြို့နယ်အတွင်း ဒေသရိုးရာစားသောက်ဆိုင်လုပ်ငန်းများရပ်နားထားရ
SHAN -
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့ နှင့် အင်းလေးဒေသအတွင်း ရေကြီးပြီးနောက် ကုန်စိမ်းပစ္စည်းဈေးနှုန်းများ မြင့်တက်လာခြင်းကြောင့် တပိုင်တနိုင်ရောင်းချလျက်ရှိသော ဒေသရိုးရာစားသောက်ဆိုင်လုပ်ငန်းများ ရပ်နားထားရကြောင်း စုံစမ်းသိရှိရသည်။ စက်တင်ဘာလ ပထမပတ်အတွင်း တိုက်ခတ်ခဲ့သော မုန်တိုင်းရာဂီ နောက်ဆက်တွဲများကြောင့် သျှမ်းပြည်တောင်ပိုင်းရှိမြို့နယ် အများအပြားရေဘေးသင့်ခဲ့ရပြီး စိုက်ပျိုးရေးလုပ်ငန်းများစွာထိခိုက်ခဲ့သည်။ ထို့နောက် ကုန်စိမ်းသီးနှံဈေးနှုန်းများ အဆမတန်မြင့်တက်လာကာ ၎င်းတို့ကို အားထားနေရသော ဒေသရိုးရာ တနိုင်တပိုင်စားသောက်ဆိုင်လုပ်ငန်းများမှာလည်း...





