တရုတ်နံပတ်ပြား
သီပေါအထိ တရုတ်နံပတ်ပြားတပ် ကားကြီးများ ကျောက်မီးသွေး လာရောက်သယ်ယူပြီး ချင်းရွှေဟော်ဂိတ်မှတဆင့် ရောင်းချ
သျှမ်းပြည် သီပေါမြို့နယ် နမ္မကျောက်မီးသွေးတွင်းအထိ တရုတ်နံပတ်ပြားတပ် ကုန်တင်ကားကြီးများ ကျောက်မီးသွေး လာရောက်သယ်ဆောင်ပြီး ချင်းရွှေဟော်ဂိတ်မှတဆင့် တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချနေကြောင်း စုံစမ်းသိရသည်။ လားရှိုးမြို့ကို ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်နိုင်ပြီးနောက် ယမန်နှစ် စက်တင်ဘာလမှ စတင်ပြီး သီပေါမြို့နယ်ရှိ ငွေရည်ပုလဲ ကုမ္ပဏီ တူးဖော်နေသည့် နမ္မကျောက်မီးသွေးတွင်းသို့ တရုတ်နံပတ်ပြားတပ် ကုန်တင်ကားကြီးများ...





