ဆောင်းပြောင်းရွာခံ
ဆောင်းပြောင်းရွာခံများကို PNO ထဲဝင်ပြီးကြောင်း လက်မှတ်ထိုးပြီးမှ ကျေးရွာထဲပြန်နေခွင့်ပြုမည်ဟုဆို
SHAN -
သျှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်ဆောင်းပြောင်းကျေးရွာဒေသခံများကို PNOပြည်သူ့စစ် တပ်ထဲ ဝင်ကြောင်း လက်မှတ်ထိုးမှသာ ရွာထဲပေးနေမည်ဟု ရွာသားများကိုခြိမ်းခြောက်အကြပ်ကိုင်ကြောင်း ဒေသခံများထံမှသိရသည်။ ရွာသားများအားလုံး နေအိမ်သို့ပြန်နေလိုလျှင် ရွာထဲရှိအသက်၁၈မှ အသက်၄၀အောက် အမျိုးသား၊အမျိုးသမီးအားလုံးကို PNOပြည်သူ့စစ်ထဲဝင်ကြောင်းလက်မှတ်ထိုးမှသာ ပြန်လာနေ ခွင့်ပြုမည်ဖြစ်သဖြင့် ဒေသခံများအခက်ခဲကြုံတွေ့နေရပါသည်။ "ဆောင်းပြောင်းရွာကိုဝင်တဲ့လမ်းအကုန်ပိတ်ထားတယ်။ သူတို့ခုလို ပြောလာတော့ရွာသားတစ်ယောက်မှ လက်မှတ်မထိုးဘူး။ ရွာသားတစ်ယောက်မှ သဘောမတူဘူး။ ဒါကအာဏာရှင်ဆန်ဆန်လုပ်တဲ့လုပ်ရပ်ဖြစ်တယ်"ဟု ဒေသခံတစ်ဦးက...





