ကုန်စည်ပစ္စည်းများ
ဆီဆိုင်မြို့တွင် ကုန်ပစ္စည်းများ သယ်ယူခွင့်ကို စစ်ကောင်စီပိတ်ပင်
SHAN -
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ်တွင် ကုန်ပစ္စည်းများ သယ်ယူခွင့်ကို စစ်ကောင်စီပိတ်ပင်နေသည်ဟု စုံစမ်းသိရသည်။ ဆီဆိုင်မြို့တွင် စက်တင်ဘာလ ဒုတိယပတ်လောက်မှ စစ်ဆေးမှုတွေ တင်းကြပ်လာပြီး ကုန်ပစ္စည်းအများအပြား သယ်လာသည့် ကုန်ကားကြီးများကို ဖြတ်သန်းခွင့်မပြုကြောင်း မြို့နယ်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ “ ဒုတိယပတ်လောက်မှ စစ်ဆေးတာပိုတင်းကြပ်လာတယ်။ ဆိုင်ကယ်တော့ ပေးဖြတ်တယ်။ ကုန်ကားကြီးတွေဆို မပေးဖြတ်ဘူး။ ပစ္စည်းအများကြီးတင်တဲ့ကားတွေဆိုလည်း...





