လားရှိုးထောင်
စစ်ကောင်စီမှ မတရားဖမ်းထားသူ လားရှိုးထောင်မှ ၁၁ ဦးပြန်လွှတ်လာ
SHAN -
သျှမ်းပြည်မြောက်ပိုင်း လားရှိုးအကျဥ်း ထောင်မှ စစ်ကောင်စီ မှ မတရားဖမ်းဆီးခြင်းခံထားရသူထဲမှ ( ၁၁) ဦး ပြန်လွှတ်လာကြောင်း သတင်းရရှိသည်။ ပြန်လွတ်လာသူများသည် မိုင်းရယ်မြို့ နှင့် တန့်ယန်းမြို့တို့မှ တစ်ဦးစီပါဝင်ပြီး လားရှိုးမြို့မှ ၉ ဦးပါဝင်ပြီး၊ထိုထဲတွင် အမျိုးသား ၉ ဦးနှင့် အမျိုးသမီး နှစ်ဦးဖြစ်ကြောင်းလည်း သိရသည်။ ၎င်းတို့...





