Wednesday, May 8, 2024

စိုင်းဆိုင်အွန်

သျှမ်းအမျိုးသား ကာယဗလ မောင် ပထမဆု ထပ်မံရရှိ

 သျှမ်းအမျိုးသား ကာယဗလမောင်  စိုင်းဆိုင်အွန်သည် ယခုလအတွင်း ဖူးခက်မြို့တွင်ကျင်းပသည်က့်ယ ဗလပြိုင်ပွဲ၌ ပထမ ထပ်မံဆွတ်ခူး ရရှိခဲ့ကြောင်း သိရသည်။  ဒီဇင်ဘာ ၂၅ - ၂၆ ရက်နေ့ ထိုင်းနိုင်ငံ ဖူးခက်မြို့တွင် ကျင်းပသည့်  Thailand Southern Bodybuilding Championships ပြိုင်ပွဲ၌  ပထမဆု ထပ်မံ ဆွတ်ခူးရရှိခဲ့သည်။။  အဆိုပါ ပြိုင်ပွဲတွင် စိုင်းဆိုင်အွန်သည် အမြင့် 175 cm အထက်ပြိုင်ပွဲမှာ ခါးနံပါတ် (၈၇)ဖြင့် (၅)ယောက်တွဲပြိုင်ပွဲတွင် ယှဥ်ပြိုင်ခဲ့ပြီး ပထမဆု ရရှိခဲ့တာဖြစ်ကြောင်း သိရသည်။  ပထမဆုအဖြစ် အမျိုးသားဗလမောင် ရုပ်ထုနှင့် ထိုင်းဘတ်ငွေ ကျပ် (၁)သောင်း ရရှိခဲ့တာဖြစ်သည်။  နိုဝင်ဘာလတွင်လည်း ထိုင်းနိုင်ငံ ပတ္ထရားမြို့ တွင်ကျင်းပသည့် ကာလ ဗလပြိုင်ပွဲတွင်လည်း ပထမဆုရရှိခဲ့ဖူးသူဖြစ်သည်။ စိုင်းဆိုင်အွန်သည်  အသက် ၂၆နှစ်အရွယ်ရှိပြီး လုံးစင်နှင့် ပါခမ်း တို့၏ သားဖြစ်ပြီး သျှမ်းပြည် အရှေ့ပိုင်းတာချီလိတ်မြို့ဇာတိဖြစ်သည်။

Latest news