လင်းခေးမြို့ သျှမ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့မြေနေရာတွင် လူငယ်များတွေ့ဆုံနိုင်ရေး တဲတလုံး စတင်ဆောက်လုပ်

သျှမ်းပြည်တောင်ပိုင်းလင်းခေးမြို့နယ်၏ သျှမ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ ရုံးအဆောက်အဦးဆောက် လုပ်ရန်အဆင်မပြေနိုင်သေးသဖြင့် လက်ရှိတွင် အသင်းဝင်လူငယ်များတွေ့ဆုံဆွေးနွေးမှု များပြုလုပ်နိုင်ရန် တဲတဆောင်ဆောက်လုပ်နေကြောင်းသိရသည်။

ပြီးခဲ့သည့်အပတ်သောကြာနေ့ ဂျန္နဝါရီလ ၁၂ ရက်နေ့က အသင်းဝင်များနှင့်ရွာသားများ တဲစတင် ဆောက်လုပ်နေခြင်းဖြစ်ပြီး တတ်အားသရွေ့ ကိုယ့်အားကိုယ်ကိုး ၀ုိင်းဝန်းစုပေါင်းကာ ဆောက်လုပ် နေကြခြင်းဖြစ်ကြောင်း လင်းခေးမြို့နယ် သျှမ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ တွဲဖက်အတွင်းရေးမှူး နန်းခမ်းချစ် ကပြောသည်။

“မြေကွက်ကို မနှစ်က ၀ယ်ပါတယ်။ အသင်းရံပုံငွေက မတောင့်တင်းတော့ အသင်းရုံးမဆောက် နိုင်သေးဘူး။ အသင်းသားတွေတွေ့ဆုံဆွေးနွေးဖို့ လှုပ်ရှားမှုတွေဘာတွေလုပ်ဖို့အတွက် ဆိုပြီး အသင်းဝင်တွေ ၊ စေတနာရှင် ရပ်ရွာဒေသခံတွေကနေ တဲလေးတဆောင် လာဆောက်ပေးနေပါတယ်။ သောကြာနေ့က ကျမတို့စဆောက် ပါတယ်။ ရံပုံငွေတောင့်တင်းလာမှ ရုံးဆောက်ပါမယ်။ ခုလောလောဆယ်တော့ တဲလေးနဲ့ဘဲ အရင်အလုပ်စ ရတာပေါ့”- ဟု သျှမ်းသံတော်ဆင့်အား ပြောပြသည်။

လက်ရှိတွင်လင်းခေးမြို့ခံလူငယ်များက ပြည်တွင်းပြည်ပ ရောက် လင်းခေးမြို့သူမြို့သားများ၊ စေတနာရှင်များမှ အဆိုပါမြေကွက်အတွက်ပါ၀င်လှူဒါန်းနိုင်ရန် တိုက်တွန်းနိုးဆော်နေကြောင်း သိရသည်။

“တကယ်လို့ စေတနာရှင်အလှူရှင်တွေ ပြည်တွင်းပြည်ပရောက်လင်းခေးမြို့သူ မြို့သား ညီအကိုမောင်နှမတွေ ပါ၀င်လှူဒါန်းချင်ရင် ကျမ နန်းခမ်းချစ်ကို 09261123032 ကနေ ဆက်သွယ်နိုင်ပါတယ်။ ဆရာမ နန်းဆီနွန်း 09962510777 ကိုလည်း ဆက်သွယ်လှူဒါန်း နိုင်ပါတယ်။ ကိုယ့်မြို့နယ် ရပ်ရွာအတွက်လည်းဖြစ် ကိုယ့်စာပေယဉ်ကျေးမှုမပပျောက်အောင် ထိန်းသိမ်းတဲ့နေရာအတွက်လည်းဖြစ်တဲ့ ဒီမြေနေရာနဲ့အဆောက်အဦးအတွက် အုပ်တချပ် သဲတပွင့်ပါ၀င်လှူဒါန်းနိုင်ပါတယ်ရှင့် ” ဟုပြောဆိုသည်။

လင်းခေးမြို့ သျှမ်းစာပေယဉ်ကျေးမှုအဖွဲ့ ရုံးမြေနေရာသည် မြို့ဦးရပ်ကွက် တွင်တည်ရှိပြီး အလျား ၁၃၁ နှင့် ၁၄၁ ပေရှိပြီး အနံမှာ ၆၃ နှင့် ၆၆ ပေရှိကြောင်း သိရသည်။

Photo by Ying Hark

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အာဆီယံနှင့် UN ကြား တရားဝင်မှုရရှိရေး အာဏာသိမ်း သမ္မတ၏ ကစားကွက်

0
ယခု ဇူလိုင်လအတွင်း မြန်မာစစ်အစိုးရနှင့် ပတ်သက်ပြီး ဖြစ်ပေါ်လာသော သံတမန်ရေးရာ လှုပ်ရှားမှုများသည် ယခင်က ၎င်းတို့ကိုယ်တိုင် ကျင့်သုံးနေခဲ့သော ကာကွယ်ရေးကို ဦးတည်သည်ဆိုသည့် အထီးကျန်မူဝါဒများမှ လက်ရှိတွင် နိုင်ငံတကာ၏ တရားဝင်အသိအမှတ်ပြုမှု ရရှိနိုင်ရေးအတွက် စွန့်စားရသော်လည်း ပို၍ ရန်လိုသော ထိုးစစ်ဆင်မှုပုံစံအဖြစ်သို့ သိသိသာသာ ကူးပြောင်းလာနေသည်ကို မြင်နေရသည်။ ဗိုလ်ချုပ်မှူးကြီးအဖြစ်မှ...
Hsipaw Bridge Closed

သီပေါတံတား ပိတ်ထားမှုနောက်ကွယ်မှ အဂတိလိုက်စားမှုများကို ဖွင့်ချမည်ဟု လွှတ်တော်ကိုယ်စားလှယ် သတိပေး

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုး-မန္တလေး ကုန်သွယ်ရေးလမ်းမကြီးပေါ်ရှိ အရေးပါသော သီပေါတံတားအား ဆက်လက်ပိတ်ထားခြင်းကြောင့် ဒေသခံပြည်သူများ စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ အကျပ်အတည်းများ ရင်ဆိုင်နေရကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ပြောကြားလိုက်သည်။ အဆိုပါ ဖြစ်စဉ်နောက်ကွယ်မှ မမျှတသော အကျိုးအမြတ်ရယူမှုများကို လွှတ်တော်တွင် အထောက်အထားဖြင့် ဖွင့်ချသွားမည်ဟု ၎င်းက ဆိုသည်။ “တံတားရှိလျက်နဲ့ ပြည်သူတွေ...

အာဏာသိမ်းသမ္မတ လာအိုခရီးစဉ်အပြီး မြန်မာ-လာအိုနယ်စပ်ဂိတ် ပြန်ဖွင့်

0
စစ်အာဏာသိမ်း သမ္မတ ဦးမင်းအောင်လှိုင်သည် လာအိုနိုင်ငံကို ချစ်ကြည်ရေး ခရီးစဉ် ၃ ရက်ကြာသွားပြီးနောက် မြန်မာ-လာအိုနယ်စပ် ရေကြောင်းဖြတ်သန်းမှုကို (ဇူလိုင် ၁၆ ရက်)တွင် တရားဝင် ပြန်လည် ဖွင့်လှစ်လိုက်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင် ၃ ရက်မှ ၅ ရက်အထိ စစ်အာဏာသိမ်း သမ္မတ...

တာချီလိတ်နယ်စပ် ပတ်စပိုစ့် ရှိသော်လည်း ဘတ်ထောင်ချီပေးမှ ဖြတ်သန်းခွင့်ရနေ

0
စစ်မှုထမ်းဥပဒေကြောင့် တာချီလိတ်မှတစ်ဆင့် ပြည်ပထွက်ခွာသူ များပြားလာပြီး တရားဝင် ပတ်စပိုစ့်ရှိသူများပင် စစ်ကော်မရှင်လက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးအဖွဲ့က ထိုင်းငွေ ဘတ်ထောင်ချီ တောင်းခံမှုများရှိနေကြောင်း သတင်းရရှိသည်။ လက်ရှိ မြေပြင်ပေါက်ဈေးအရ အလည်အပတ် ပတ်စပိုစ့် (PV) ကိုင်ဆောင်သူများသည် တရားဝင်ဟု ဆိုသော်လည်း နယ်စပ်ဖြတ်ကျော်ရန် တံတားဖြတ်ခအဖြစ် ထိုင်းဘတ်ငွေ ၃,၀၀၀ ခန့်...

သတင်းထောက်ဖိနှိပ်မှုအဆိုးဆုံး တရုတ်နိုင်ငံမှ ထိုင်းရောက် ဂျာနယ်လစ်တစ်ဦးကို ပြန်လွှဲပေးရန် ဖိအားပေး

0
တရုတ်အစိုးရနှင့် ပတ်သက်သည့်သတင်းများကို စုံစမ်းဖော်ထုတ်ရေးသားခဲ့သည့် တရုတ်သတင်းထောက်တစ်ဦးအား ပြည်နှင်ဒဏ်ပေးပြီး ချက်ချင်းလွှဲပြောင်းပေးရန် တရုတ်အစိုးရက ထိုင်းနိုင်ငံကို ဖိအားပေးတောင်းဆိုလာကြောင်း ဘန်ကောက်ပို့စ်သတင်းတွင် ဖော်ပြသည်။ တရုတ်ကွန်မြူနစ်ပါတီ အရာရှိကြီးများနှင့် ဒေသန္တရအစိုးရ တာဝန်ရှိသူများ ပါဝင်ပတ်သက်နေသည့် အကြီးစားခြစားမှုနှင့် ငွေကြေးလိမ်လည်မှု ကွန်ရက်ကို ဖော်ထုတ်ခဲ့သူ ဂျာနယ်လစ် ပိုင်ကျောက်တုန်း (Bai Zhaodong) အား...