ရလခ တိုင်းရုံးအနီးဓါးပြတိုက်မှုဆက်တိုက်ဖြစ်ပွါး ခရီးသွားလူထု လုံခြုံရေးစိုးရိမ်

သျှမ်းပြည်တောင်ပိုင်း လွယ်လင်ခရိုင်အတွင်းရှိ ရလခရုံးစိုက်ရာ ခိုလမ်မြို့နယ်ခွဲ အနီး မိုင်းနောင်မြို့ အသွား လမ်းတွင် ဓါးပြတိုက်မှု ဆက်တိုက်ဖြစ်ပွါးလာသည့်အပေါ် ခရီးသွားလူထု လုံခြုံမှုအတွက် အထူးစိုးရိမ်နေကြကြောင်း ကျေးသီးဒေသခံများပြောပြချက်အရ သိရသည်။

အဆိုပါဓါးပြအဖွဲ့မှာ လူ ၃ ဦးမှ ၅ ဦးအထိ ရှိပြီး ခရီးသွားများအား မကြာခဏဓါးပြ ထွက် တိုက်လေ့ရှိကြောင်း ခိုလမ်တိုင်းရုံးနှင့် သိပ်မဝေးသော ၀မ့်စိမ်း-ဆိုင်းမွန် လမ်းပိုင်းတွင်ဖြစ်ကြောင်း ခရီးသွားကားသမား များကပြောသည်။

“ပြီးခဲ့တဲ့ တနင်္လာနေ့က ဓါးပြတိုက်ပြီး ပစ်ခတ်တာကြောင့် မိုးနဲက ၉ တန်းကျောင်းသားလေး သေသွားတဲ့ ကိစ္စ မှာလည်း ခုထိ ဓါးပြတွေကိုမဖမ်းမိသေးဘူး။ သေသွားတဲ့ကျောင်းသားလေးရဲ့မိဘတွေကတော့ ရဲစခန်းမှာအမှု သွားဖွင့်ထားတယ်။ ဓါးပြတိုက်မှုက ဆက်တိုက်ဆိုသလိုပြန်ဖြစ်လာတာတွေ့ရတယ်။ မကြာသေးခင်ကဘဲ ကျေးသီးမြို့က ကားတစီးလည်း အဲဒီလမ်းမှာဘဲ ဓါးပြတွေရဲ့ ပစ်ခတ်မှုခံရတယ်။ တော်သေးတယ် လူကို မထိလို့။ ကားကိုဘဲထိသွားတယ်။ ခရီးသွားလူထုရဲ့လုံခြုံရေးအတွက် အထူးစိုးရိမ်ရ တဲ့အခြေအနေဖြစ်ပါတယ် ”- ဟု ကျေးသီးမြို့နယ် သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ပြည်နယ်လွှတ်တော်အမတ် စိုင်းစံမိန်းက လည်း သျှမ်းသံတော်ဆင့်အားပြောပြသည်။

ဂျန္နဝါရီလ ၈ ရက်နေ့က ကျေးသီးမြို့အရှေ့တောင်ဘက် ၀မ့်စင်းနှင့် ဆိုင်းမွန်ရွာကြား ခိုလမ်ဘက်မောင်းနှင် လာသည့် ဦးသီဟနှင့်ဒေါ်နှင်းနှင်းခိုင်တို့မိသားစု၏ ကား ဓါးပြတိုက်ခံရမှုတွင် ကားမောင်းလာသည့် သားဖြစ်သူ မောင်ရဲထက်အောင်အား ဓါးပြအဖွဲ့မှ ပစ်ခတ်သဖြင့် ပွဲချင်းပြီးသေဆုံးသွားခဲ့သည်။

“ဓါးပြတိုက်မှု မကြားတာ ၃-၄ နှစ်လောက်ရှိပြီ။ ပြီးခဲ့တဲ့ ၁ နှစ် ၂ နှစ်ကမှ ဒီလမ်းပိုင်းမှာ ဓါးပြ ပြန်ပေါလာတာ။ အဲ့ဘက် ခရီးထွက်ရမယ်ဆိုရင် စိုးရိမ်ကြောင့်ကြ နေရတယ် ” – ဟုလည်း ကုန်သည် နန်းအေး ကပြောသည်။

အဆိုပါဓါးပြတိုက်မှုဖြစ်ပွါးသောနေရာသည် ရလခ စစ်တိုင်းရုံးစိုက်ရာခိုလမ်နှင့် ၁၀ မိုင်ကျော်သာ ဝေးကွာ ကြောင်း၊ စစ်တိုင်းမှ စစ်အင်အားဖြန့်ကျက်နေရာယူထားသော ဒေသဖြစ်ကြောင်း၊ ထို့အတွက် စစ်တိုင်းမှ ဓါးပြများအား ထိရောက်စွာ ရှာဖွေအရေးယူပေးပါရန်တိုက်တွန်းကြောင်း ပြည်နယ်လွှတ်တော်အမတ် စိုင်းစံမိန်း ကပြောဆိုသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အောင်ပန်း KTV နှင့်တွဲဖွင့်ထားသည့် Hi ခန်းများ အရေးယူရန် ဒေသခံများ တောင်းဆို

0
သျှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့ရှိ KTV များတွင် မူးယစ်ဆေးဝါးသုံးစွဲသည့် HI ခန်းများ ပြုလုပ်နေခြင်းနှင့် ဒုစရိုက်မှုများ များပြားလာခြင်းကြောင့် ဒေသခံပြည်သူများ အနှောင့်အယှက်ဖြစ်ကာ လုံခြုံရေးအတွက် စိုးရိမ်နေကြရကြောင်း ဒေသခံများထံမှ သိရသည်။ အောင်ပန်းမြို့ပေါ်ရှိ KTV ဆိုင်အချို့တွင် HI ခန်းများပြုလုပ်ကာ အော်ဟစ်ဆူညံခြင်း၊ လှည်းရိုးရပ်ကွက်အတွင်း စားသောက်ဆိုင်အမည်ခံကာ ပြည်တန်ဆာလုပ်ငန်းများ...

ထိုင်း တင်းနစ်ကစားသမားဟောင်း သေဆုံးမှုနှင့် ရွှေ့ပြောင်းမြန်မာတစ်ဦး၏ ဘဏ်အကောင့်သို့ သံယဖြစ်ဖွယ် ငွေလွဲထားမှု

0
ထိုင်းနိုင်ငံ၏ လက်ရွေးစင် တင်းနစ်ကစားသမားဟောင်း ဖြစ်သူ အသက် ၆၄ နှစ်အရွယ် မစ္စတာ နတ်သဝီး နေအိမ်အတွင်း သံသယဖြစ်ဖွယ် သေဆုံးခဲ့သည့် ဖြစ်စဉ်တွင် သေဆုံးသူ၏ iPad မှတစ်ဆင့် မြန်မာရွှေ့ပြောင်းအလုပ်သမားတစ်ဦး၏ ဘဏ်အကောင့်ထဲသို့ ဘတ် ၃၀,၀၀၀ မသင်္ကာဖွယ် လွှဲပြောင်းထားသည်ကို စုံစမ်းတွေ့ရှိရကြောင်း ရဲတပ်ဖွဲ့က...

မိုင်းရှူးမြို့တွင်း ပေါ်တာဆွဲသတင်းကြောင့် ဒေသခံ စိုးရိမ်မှုဖြစ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုင်းရှူးမြို့တွင် စစ်ကော်မရှင်တပ်က ပြည်သူ့စစ်မှုထမ်းရန် ပေါ်တာဆွဲခံနေရဆိုသည့် သတင်းကြောင့် ဒေသခံများ စိုးရိမ်နေကြကြောင်း သတင်းရရှိသည်။ လက်ရှိ ဇူလိုင်လ နောက်ဆုံးပတ်အတွင်း မိုင်းရှူးမြို့တွင် စစ်ကော်မရှင်တပ်၏ ပြည်သူ့စစ်မှုထမ်း ကိစ္စနှင့် ပတ်သက်၍ အမည်စာရင်းတွင် ပါဝင်နေသူများအနေဖြင့် ပေါ်တာဆွဲ ဖမ်းဆီးခံနေရသည်ဆိုသည့် သတင်းကြောင့် ဒေသခံများ စိုးရိမ်နေကြ‌ရကြောင်း...

ထိုင်းဟိုတယ်တခုတွင် တရုတ်လောင်းကစားနှင့် လိင်ဝန်ဆောင်မှုပေးသည့်အုပ်စုဖမ်းမိ မြန်မာနိုင်ငံသား ၃ ဦးပါဝင် 

0
ထိုင်းနိုင်ငံ၊ နွန်သဘူရီ (Nonthaburi) ခရိုင်ရှိ အဆင့်မြင့် ဟိုတယ်တခုတွင်း တရုတ်ဂိုဏ်းတခုက  ငှားရမ်းပြီး တရားမဝင် လောင်းကစားဝိုင်း၊ မူးယစ်ဆေးပါတီနှင့် လိင်ဖျော်ဖြေရေး ဝန်ဆောင်မှုများ ပေးနေကြောင်း သတင်းရသဖြင့် ထိုင်းနိုင်ငံဗဟိုစုံစမ်းရေးဗျူရို (CIB) က ဝင်ရောက်စီးနင်းခဲ့သည်။​ အဆိုပါ ထဲတွင် တရုတ်နိုင်ငံသားများနှင့် မြန်မာနိုင်ငံသား ၃ ဦး ဖမ်းမိကြောင်း သိရသည်။ နွန်သဘူရီခရိုင်၊ ဘာင်ခေန်...

ညောင်ရွှေ PNO က စစ်သားသစ်အတွက် ငွေကောက်၊ ပိုင်ဆိုင်မှုရောင်းပြီး ပေးဆောင်နေရ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ ကျေးရွာများကို ပအိုဝ်းပြည်သူ့စစ် (PNO) မှ တပ်သားသစ် အစားထိုးရန်အတွက် တအိမ်လျှင် ကျပ်သိန်းနှင့်ချီသော ငွေကြေးများကို အတင်းအဓမ္မ ကောက်ခံနေကြောင်း နေရပ်ပြန်စစ်ဘေးရှောင်များထံမှ သိရသည်။ ညောင်ရွှေမြို့နယ် လင်လံ (တောင်) ကျေးရွာအုပ်စုရှိ တောင်ပို့ကွဲ၊ ဟိုပန်၊ နမ့်ပွန်နှင့် ထီရိ စသည့် ကျေးရွာများတွင်...