တောင်ကြီးမြို့နယ် အတွင်းရှိ စက်ရုံ ၃ ရုံအား အစိုးရကွင်းဆင်းစစ်ဆေးပေးရန် ဒေသခံများတောင်းဆို

တောင်ကြီးမြို့နယ် နမ့်ဆီးကျေးရွာအုပ်စုအတွင်း ရှိ အမှတ်(၂)ပင်းပက်သံမဏိစက်ရုံ ၊ ငွေကမ္ဘာ ခနောက်စိမ်းစက်ရုံ နှင့် ကမ္ဘောဇ ဘိလပ်မြေ စက်ရုံအား သျှမ်းပြည်နယ် အစိုးရနှင့် သက်ဆိုင်ရာ ကုမ္ပဏီများမှ ကွင်းဆင်း စစ်ဆေးပေးရန်ဒေသခံများ က ဂျန္နဝါရီလ ၁၂ ရက်နေ့က Royal Star hotel တွင်သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကာတောင်းဆိုလိုက်သည်။

အဆိုပါသတင်းစာရှင်းလင်းပွဲတွင် ကောင်ရွေ လူမှု အဖွဲ့ အစည်းနှင့် ဒေသခံရွာသားများပူးပေါင်း၍ အထက်ပါစက်ရုံ (၃)ရုံကြောင့် နမ့်ဆီး ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ (၁၃)ရွာမှ လူထုများ၏ နေ့စဉ် ရင်ဆိုင်ကြုံတွေ့နေသော ပြသနာ များအား သုတေသန ပြုလုပ်ထားသောအချက်အလက်များပါ စာအုပ်တစ်အုပ်ကိုလည်း ထုတ်ဝေထားပါသည် ။

“ဒေသအတွင်း စက်ရုံတွေ ရောက်လာတော့ ရေထွက်တွေပိတ် ပြီးရေရှားပါးလာတယ် ၊ စက်ရုံဝန်ထမ်းတွေ ကရေမြောင်းတွေမှာ ဖြစ်သလိုအမှိုက်စွန့် ပစ်တာတွေ စက်ရုံကထွက်တဲ့ အနှံ့ ဆိုးတွေကြောင့် ကျန်းမာရေးတွေ ဆိုးဆိုးဝါးဝါး ထိခိုက်တာတွေ ကုန်ကြမ်းတင်တဲ့ကားတွေကြောင့် ဖုန်မှုန် ့ တလူလူ နဲ့ ကလေးတွေကျောင်းသွားရတာတွေ စက်ရုံလည်ပတ် တဲ့ အသံတွေ ကြောင့် ညအိပ်မရတာတွေ စတဲ့စတဲ့ နေ့စဉ်ရင်ဆိုင်နေရတဲ့ ပြသာနာတွေ ရှိနေတယ် ” ဟု ကောင်ရွေလူမှု အဖွဲ့မှ ဒါရိုက်တာ ခွန်မျိုးက ပြောသည် ။

စက်ရုံများ၏ ဘေးထွက်ဆိုးကျိုးများအား ဒေသခံတောင်သူများ သျှမ်းပြည်နယ်အစိုးရ အနေဖြင့်လည်းကောင်း သက်ဆိုင်ရာကုမ္မဏီအနေဖြင့်လည်းကောင်း တာဝန်ယူ တာဝန်ခံမှု မရှိသေးကြောင်း ကိုလည်း ၄င်းက ပြောသည် ။

” ခနောက်စိမ်းစက်ရုံ ကထွက်တဲ့ အနှံ့ ဆိုးတွေကြောင့် ခေါင်းမူးပြီး အော့အန်တာတွေ ကလေးလူကြီးမရွေး ဖြစ်နေတယ် ၊ ကျန်းမာရေးဌာနက လာမေးတယ် ဒါပေမဲ့ ထူးခြားမှု မရှိဘူး ” ဟု နမ့်ဆီးကျေးရွာအုပ်စု ၊ နောင်လံရွာ နေ ဦးခွန်မောင်လေးကပြောသည် ။

ဒေသခံများထံ သိမ်းဆည်းထားသော အသုံးမပြု သည့်မြေယာများ အားဒေသခံများထံ ပြန်လည်အပ်နှံ ရန် နှင့် ရွာ သချိုႋင်း မြေများ ပြန်လည် အပ်နှံရန် ကိုလဲ ဒေသခံများက တောင်းဆိုထားကြကသည် ။

” တာဝန််ရှိတဲ့ လူကြီး များကွင်းဆင်း စစ်ဆေးပေးဖို့နဲ့ စက်ရုံတွေ ရဲ့ ကောင်းကျိုးဆိုးကျိုးကို လူထုသိအောင် ချပြဖို့ တောင်း ဆိုပါတယ် ၊ ကမ္ဘောဇ ဘိလပ်မြေကလဲ အလှူ လုပ်တာတွေခဏရပ်ပြီး ဖုန်ထနေတဲ့ လမ်းတွေ အစား ကတ္တရာလမ်းသာ မြန်မြန် ခင်းပေးဖို့ တောင်းဆိုပါတယ် ” ဟု နမ့်ဆီးကျေးရွာအုပ်စု ၊ ညောင်ဖြူ ရွာနေ ဦးဝင်းနိုင်ကြွယ်က ဆိုသည် ။

တောင်ကြီးမြို့တောင်ဘက် ရ မိုင်ကျော်အကွာခန့်ရှိ နမ့်ဆီးကျေးရွာ အုပ်စုတွင် ကျေးရွာပေါင်း ၁၃ ရွာ ရှိပြီး ဒေသခံများမှာ သျှမ်း နှင့်ပအိုဝ်းတိုင်း ရင်းသား လူဦးရေ ၃၀၀၀ ကျော် ရောနှောနေထိုင်ကြသည် ။

စပါး ၊ပြောင်း ၊ ပဲစင်းငုံ ၊ သနပ်ဖက် ၊ ကြက်သွန်ဖြူ ၊ စသည့် စိုက်ပျိုးရေး လုပ်ငန်းများကို အဓိကထား လုပ်ကိုင်လျှက်ရှိပြီး ယခုအခါ စက်ရုံများကြောင့် မြေယာများဆုံး ရှံုးပြီး စက်ရုံ ၏ ဘေးထွက်ဆိုးကျိုးများကြောင့် စိုက်ပျိုးပင်များ ဖြစ်ထွန်းမှု အားနည်းလာကြောင်းသိရှိရပါသည် ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရွာငံက သက်ငယ်မုဒိန်းကျူးလွန်သည့် အမျိုးသား နှစ်လကျော်ကြာသည်အထိ မဖမ်းမိသေး

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် တပင်ပျော်ကျေးရွာမှ သက်ငယ်မုဒိမ်းကျူးလွန်သည့် အမျိုးသား နှစ်လကျော် ကြာသည်အထိ မဖမ်းမိသေးကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မေလ ဒုတိယပတ်တွင် ရွာငံမြို့နယ် တပင်ပျော်ကျေးရွာ၌ အသက်(၁၄)နှစ်အရွယ် မိန်းကလေးတစ်ဦးကို တစ်ရွာတည်းနေ အသက်(၄၀)ကျော်အရွယ် မောင်တူးဆိုသူက အဓမ္မပြုကျင့်ခဲ့သည်။ အဆိုပါ ဖြစ်စဉ်အပြီး တရားခံဖြစ်သူကို ဖမ်းဆီးစစ်ဆေးနေစဉ် မောင်တူးသည် ရွာငံဆေးရုံမှ...

လားရှိုးမြို့တွင်း ရှော့တိုက်ဒုံးကျပေါက်ကွဲပြီးနောက် ဒေသခံများ တိုက်ပွဲပြန်ဖြစ်မည်ကို စိုးရိမ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့တွင် ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့ပြီးနောက် စစ်ကော်မရှင် တပ်နှင့် ကိုးကန့်တပ်ဖွဲ့ (MNDAA) တို့အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာနိုင်မည်ကို ဒေသခံများ စိုးရိမ်နေကြကြောင်း သိရသည်။ လားရှိုးမြို့ အတွင်း ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲပြီးနောက် ပြည်သူများသည် စက်သုံးဆီနှင့် အခြေခံစားသောက်ကုန်များကို အလျင်အမြန် ဝယ်ယူစုဆောင်းနေကြကြောင်း လားရှိုးမြို့...

တောင်ကြီးတွင် အချင်းချင်း စကားများရန် ဖြစ်ရာမှ ဓားဖြင့် ထိုးသတ် အမျိုးသားတစ်ဦး သေဆုံး

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ စိန်ပန်းရပ်ကွက်တွင် သက်လတ်ပိုင်းအရွယ် အမျိုးသားနှစ်ဦး အချင်းချင်းစကားများ ရန်ဖြစ်ရာမှ ဓားဖြင့်ထိုးသတ်မှုဖြစ်ပြီး အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း သိရသည်။ ဖြစ်စဉ်မှာ ယမန်နေ့ ဇူလိုင်လ (၉)ရက်နေ့တွင် စိန်ပန်းရပ်ကွက် နှင်းဆီလမ်းထိပ် အရက်ဆိုင်တွင် သက်လတ်ပိုင်းအရွယ် ကိုထွန်းထွန်းနိုင်နှင့် ကိုထက်ပိုင်မှူး တို့ စကားများရန်ဖြစ်ကြပြီး ဓားဖြင့်ထိုးမှုကြောင့် ကိုထက်ပိုင်မှူး...

လားရှိုးမြို့ ရှော့တိုက်ဒုံး ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ (ဇူလိုင် ၉ ရက်) ယနေ့ ညနေ ၅ နာရီဝန်းကျင်တွင် လားရှိုးမြို့ ရပ်ကွက် (၆) နှင့် ရပ်ကွက် (၁၀) အတွင်းသို့...

စရိတ်ကြီးမားမှုကြောင့် G-Z များ အိမ်မွေးတိရိစ္ဆာန်များ မွေးရန် ပိုရွေးချယ်လာ

0
ထိုင်းနိုင်ငံတွင် ကလေးမွေးဖွားမှုနှုန်း အလျင်အမြန်ကျဆင်းလာနေပြီး နေထိုင်စရိတ်ကြီးမြင့်လာမှုများကြောင့် မိသားစုဘဝထူထောင်ခြင်းအပါအဝင် ဘဝ၏အရေးကြီးသော ဆုံးဖြတ်ချက်များကိုပါ ရပ်ဆိုင်းလာနေကြကြောင်း ဘန်ကောက်ပို့စ်သတင်းတွင်ဖော်ပြသည်။ ယမန်နှစ်က မွေးဖွားသူဦးရေ ခန့်မှန်းခြေ ၄၁၆,၅၀၀ ဦးသာ ရှိခဲ့သော်လည်း သေဆုံးသူဦးရေမှာ ၅၅၉,၀၀၀ ကျော်အထိ မြင့်တက်လာခဲ့ရာ ထိုင်းနိုင်ငံ၏ စုစုပေါင်းလူဦးရေသည် သိသာစွာ နည်းလာစေပြီး လူဦးရေဆိုင်ရာအကျပ်အတည်းများဖြစ်ပေါ်လာနေလျက်ရှိသည်။ Deloitte ၏...