တိုင်းရင်းသားအပစ်ရပ် ၈ ဖွဲ့ EAO ရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST အရေးပေါ်အစည်းအဝေး ချင်းမိုင်မြို့တွင် ကျင်းပ

NCA အဓိပ္ပါယ်ဖွင့်ဆိုမှုအပေါ် ၊ နိုင်ငံရေး ဆွေးနွေးပွဲ ပြင်ဆင်မှုတွေအပေါ် နားလည်မှု လွဲနေတာတွေကို ပြန်လည်ဆွေးနွေးဖို့အတွက် ရည်ရွယ်ပြီး တိုင်းရင်းသားအပစ်ရပ် ၈ ဖွဲ့ EAO ရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST အရေးပေါ်အစည်းအဝေးတရပ်ကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့ ခုမ့်ဖူးခမ်းဟိုတယ်မှာ ပြုလုပ်ကျင်းပခဲ့ပါတယ်။

ဂျန္နဝါရီလ ၁၁ နဲ့ ၁၂ ရက်နေ့တွေမှာ ကျင်းပမှာဖြစ်ပါတယ်။

အစည်းအဝေးကို တိုင်းရင်းသားအပစ်ရပ် ၈ ဖွဲ့က ကိုယ်စားလှယ် ၃၀ ကျော်တက်ရောက်ခဲ့ပါတယ်။

လတ်တလောအကောင်အထည်ဖော်ခဲ့တဲ့ လုပ်ငန်းဆောင်ရွက်မှုများနဲ့စပ်လျဉ်းပြီး အစီရင်ခံတင်ပြခြင်း၊ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကိစ္စ၊ လူထုတွေ့ဆုံဆွေးနွေးပွဲကိစ္စ၊ လာမည့် တတိယအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု အစည်းအဝေးကိစ္စ၊ ရှေ့လုပ်ငန်းစဉ််များ ဆွေးနွေးခြင်း၊ချမှတ်ခြင်း စတာတွေကို ဆွေးနွေးမယ်လို့သိရပါတယ်။

အစည်းအဝေးဖွင့်ပွဲမှာ အစိုးရနဲ့ တိုင်းရင်းသားအကြား နှစ်ဖက် နားလည်မှု လွဲမှားနေတာတွေကိုလည်း အမြန်ဆုံး တွေ့ဆုံဖြေရှင်းနိုင်ဖို့အတွက် NCA အပစ်ရပ် ၈ ဖွဲ့ ခေါင်းဆောင်တွေအကြား အရင်ဆုံး ညှိနှိုင်း ဖို့လိုကြောင်း၊ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို အတူတကွဘယ်လိုရင်ဆိုင် ကျော်ဖြတ်ကြ မလဲဆိုတာကို ဆွေးနွေးညှိနှိုင်းအဖြေရှာကြဖို့လည်း တိုက်တွန်းပြောဆိုသွားပါတယ်။

NCA အပစ်ရပ် ၈ ဖွဲ့ ရဲ့အစည်းအဝေးကို ကရင်အမျိုးသားအစည်းအရုံး KNU ၊ သျှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ RCSS ၊ ဒီမိုကရေစီ အကျိုးပြု တပ်မတော် DKBA ၊ ကရင် အမျိုးသား အစည်း အရုံး ငြိမ်းချမ်းရေးကောင်စီ KNLA-PC၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ၊ ချင်းအမျိုးသားတပ်ဦး CNF က ခေါင်းဆောင် ကိုယ်စားလှယ် များ တက်ရောက်ကြပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လဲချားမြို့နယ်တွင် သုံးနှစ်ခန့် လည်ပတ်ခဲ့သည့် ကျားဖြန့်များထဲမှ ၃၄ ဦးသာ ဖမ်းမိ

0
သျှမ်းပြည်တောင်ပိုင်း လဲချားမြို့နယ်တွင် ၂၀၂၄ ခုနှစ်ဝန်းကျင်ကတည်းက လည်ပတ်နေသည့် အွန်လိုင်းလိမ်လည်လောင်းကစား ကျားဖြန့်လုပ်ငန်းမှ တရုတ်နိုင်ငံသား ၃၄ ဦးကို (ဩဂုတ်လ ၁၀ ရက်)တွင် စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ကြောင်း ထုတ်ပြန်ထားသည်။ လဲချားမြို့နယ် ဆီးဆောကျေးရွာအနီး တောတွင်းရှိ မိုးကာတဲများအတွင်း ကျားဖြန့်လုပ်ငန်း လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား အမျိုးသား ၃၄...

နေပြည်တော်တွင် SSPP နှင့် NSPNC တွေ့ဆုံစဉ် မိုးမိတ်ရှိ SSPP ဆက်နွှယ်သူဟု စွပ်စွဲခံရပြီး နေအိမ်ဖျက်ဆီးခံရ

0
သျှမ်းပြည် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုရှိ ပြည်သူနေအိမ်(၂) လုံးကို SSPP နှင့် ဆက်နွှယ်သည်ဟု စွပ်စွဲကာ စစ်တပ်ဘက်က လာရောက်ဖျက်ဆီးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဩဂုတ်လ ၇ ရက် နံနက်ပိုင်း ၉ နာရီခန့်တွင် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုရှိ ပြည်သူများ၏ နေအိမ်ကို SSPP နှင့် ပတ်သက်ဆက်နွယ်သည်ဟု...

သက်ကြီးရွယ်အိုများလာသည့် ထိုင်းနိုင်ငံနှင့် ရွှေ့ပြောင်းလုပ်သား လိုအပ်ချက်

0
ထိုင်းနိုင်ငံ၏ အဓိက စက်မှုလုပ်ငန်းများနှင့် စိုက်ပျိုးရေး ကဏ္ဍများတွင် သက်ကြီးရွယ်အိုအုပ်စုများ ပိုမိုများပြားလာပြီး မြန်မာနိုင်ငံအပါအဝင် ပြည်ပရွှေ့ပြောင်း အလုပ်သများလိုအပ်ချက်ပိုမိုမြင့်မား လာနေကြောင်း ဘန်ကောက်ပို့စ်၏ ဆောင်းပါးတစ်ခုတွင် ဖော်ပြထားသည်။ ထိုင်နိုင်ငံအတွင်း စက်မှုကုန်ထုတ်လုပ်ငန်းများ နှေးကွေးလာမှုနှင့်အတူ အလုပ်ထုတ်ပယ်ခံရနိုင်သည့်သူ ၅ သိန်းအထိ ရှိလာနေသည့် အခြေအနေနှင့် ရင်ဆိုင်နေရာသော်လည်း၊ တဖက်တွင် ပြည်ပရွှေ့ပြောင်းလုပ်သား...

ကလောမြို့ ရေကြီးနေ ၊ ရေဘေးအတွက် အရေးပေါ် စားဝတ်နေရေးလိုအပ်

0
မြန်မာတဝှမ်း မိုးဆက်တိုက်ရွာသွန်းမှုကြောင့်နေရာအနှံ့ ရေကြီးမှုဖြစ်ပွာနေပြီး ထိုထဲတင် တောင်ပေါ်ဒေသ ကလောမြို့လည်း အပါအဝင်ဖြစ်သည်။​ ယမန်နေ့ ဩဂုတ်လ (၁၀) ရက်နေ့တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ကလောချောင်းရေ လျှံ၍ ကလောမြို့ ရပ်ကွက် (၁၊၂၊၃၊၄) ဘက်တွင် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့သောကြောင့် လူဦးရေ ၂၀၀ ကျော် ရေဘေးသင့်၍ ဘေးလွတ်ရာသို့...

သေနတ်ပုံ ဖုန်းကာဗာ ကိုင်လာသည့် သံဃာကြောင့် ဆေးရုံမှ လူနာများ အထိတ်တလန့်ဖြစ်

0
ထိုင်းနိုင်ငံ၊ ချိုင်နတ်ခရိုင်ရှိ Chai Nat Narenthorn Hospital ၌ ယနေ့ (ဩဂုတ် ၁၀ ရက်) ဆေးဝါးထုတ်ယူသည့် နေရာတွင် ဆေးစောင့်ယူနေသည့် သံဃာတစ်ပါး၏ သင်္ကန်းအတွင်းမှ သေနတ်ပုံစံ အရာတစ်ခု ပြူးထွက်နေသည်ကို တွေ့ခဲ့သဖြင့် ဆေးရုံလာရောက်ပြသသည့် လူနာများ အထိတ်တလန့် ဖြစ်ပွားခဲ့ကြောင်း...