PPST အရေးပေါ်အစည်းအဝေးတွင် ပြောကြားခဲ့သော ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး၏ အဖွင့်မိန့်ခွန်း ( EAOs သတင်းစာမျက်နှာမှ ကူးယူဖော်ပြသည်)

ဒီနေ့ဟာ ကျွန်တော်တို့ NCA လက်မှတ်ရေးထိုးထားကြတဲ့ EAO (၈) ဖွဲ့ ရဲ့ PPSTခေါင်းဆောင်များအကြားခေါ်ယူတဲ့အရေးပေါ်အစည်းအဝေးဖြစ်ပါတယ်။ အစည်းအဝေး ခေါ်ယူရတဲ့အကြောင်းရင်းကတော့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ – (၂၁) ရာစု ပင်လုံ တတိယ အစည်းအဝေးကို ဦးတည်ပြီး ပြင်ဆင်နေတဲ့လုပ်ငန်းစဉ်တွေမှာ မမျှော်လင့်ဘဲ ကျွန်တော်တို့ EAOs တွေနားလည်ထားတဲ့ အမျိုးသား အဆင့်နိုင်ငံ ရေးဆွေးနွေးပွဲဆိုင်ရာ ပြင်ဆင်မှု လုပ်ငန်းစဉ်အဆင့်ဆင့်တွေအပေါ် နားလည်ထား တဲ့နားလည်မှုနဲ့ အစိုးရဘက်က နားလည်ထားတာတွေမတူညီဘူးဆိုတာ ရုတ်တရက်တွေ့ရှိ လိုက်ရလို့ ဒါတွေကို အမြန်ဆုံး တွေ့ဆုံ ဖြေရှင်းနိုင်ဘို့အတွက် ကျွန်တော်တို့အကြား တိုင်ပင်ညှိနှိုင်းနိုင်ဖို့ခေါ်ယူတဲ့ အစည်း အဝေးဖြစ်ပါတယ်။

ကျွန်တော်တို့ ကို EAO ဆိုပြီး တဖွဲ့တည်းမြင်နိုင်ပင်မဲ့ အမှန်က မတူညီတဲ့ အခြေခံရှိတဲ့ အဖွဲ့ (၈) ဖွဲ့ရဲ့ စုစည်းထားမှုတစ်ခုသာဖြစ်ပြီး ဘုံရည်မှန်းချက်ဖြစ်တဲ့ ဒီမိုကရေစီနှင့် ဖက်ဒရယ် ပြည်ထောင်စုဖြစ်ပေါ်ရေးအတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုအခြေခံပြီး NCA လမ်း ကြောင်း ကနေ အစိုးရ၊ တပ်မတော် အပါအဝင် သက်ဆိုင်ရာ Stakeholders များနှင့် အတူ ညှိနှိုင်းလုပ်ဆောင် အကောင်အထည်ဖော်နေကြတာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်မှာ အခက်အခဲတစ်စုံတရာသော်လည်းကောင်း၊ စိန်ခေါ်မှုတစ်ခုခု နှင့် သော်လည်းကောင်း၊ နားလည်မှုတွေပြန်လည်ညှိနှိုင်းကြဘို့ လိုအပ်လာရင်သော်လည်း ကောင်း ပထမဦးစွာ ကျွန်တော်တို့ အခြင်းခြင်းအကြားမှာ တွေ့ဆုံညှိနှိုင်းပြီး ဘုံသဘောထား ကို ချနိုင်ဖို့ ကြိုးစားကြတာဟာ ကျွန်တော်တို့ရဲ့ (၈)ဖွဲ့အကြားထားရှိတဲ့ လုပ်ငန်းစဉ် တစ်ခုဖြစ်တဲ့အတွက် ဒီနေ့ ကြွရောက်လာတဲ့ ခေါင်းဆောင်များအခုလို တက်တက်ကြွကြွနဲ့ ရောက်ရှိလာတာကို ကျေးဇူးတင်ကြောင်းပြောကြားလိုပါတယ်။ ကျွန်တော်တို့ကြုံတွေ့ရတဲ့ စိန်ခေါ်မှုတွေကို ကျော်လွှားနိုင်ဘို့အတွက် အဖြေကောင်းရရှိရေးဆွေးနွေးကြဘို့ကိုလည်း တိုက်တွန်းလို ပါတယ်။

နှစ်ပေါင်း (၆၀) ကျော်ကာလ က နိုင်ငံရေးပြဿနာရဲ့ အမြင့်ဆုံးသော ထိပ်တိုက်ရင်ဆိုင်မှု ဖြစ်တဲ့ လက်နက်ကိုင်စွဲပြီး အပြန်အလှန်တိုက်ခိုက်ကြတဲ့ အတွေ့အကြံုတွေကြောင့် မယုံကြည်မှုတွေ၊ သံသယစိတ်တွေ၊ စိုးရိမ်စိတ်တွေဟာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာပါ၀င်တဲ့ အဓိက Stakeholders တွေကြားမှာ အမြစ်တွယ်နေကြတာဟာ ငြင်းလို့မရတဲ့ အချက်တစ်ခု ဖြစ်ပါတယ်။ ဒီဟာတွေက အခု နိုင်ငံရေးဆွေနွေးပွဲတွေလုပ်တဲ့အခါမှာ လာပြီး ပွတ်တိုက် မှု ဖြစ်လာရတာဖြစ်တယ်။ ဒါကြောင့် NCA ရဲ့ အဓိပ္ပါယ်ဖွင့်ဆိုမှုတွေ အပေါ် နားလည်မှုတူညီ ခြင်းမရှိသေးဘူးလို့ ကောက်ချက်ချရမှာဖြစ်ပါတယ်။ ဒါကြောင့် NCA ရဲ့မူ တစ်ခုဖြစ်တဲ့ တွေ့ဆုံညှိနှိုင်းအဖြေရှာခြင်းဆိုတဲ့ အခြေခံကနေအဖြေရှာနိုင်ဘို့လိုကြောင်း ပြောကြားလို ပါတယ်။

လွှတ်တော်ပြင်ပ လမ်းကြောင်းဖြစ်တဲ့ NCA ကိုအခြေခံတဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲလမ်း ကြောင်းကို သွားဘို့ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ သက်ဆိုင်ရာ Stakeholder တွေ အားလုံးပါ၀င်ပြီး တိုင်းပြည်ပြန်လည်ထူထောင်ရေးအတွက် ပါ၀င်ကြဘို့ သဘောတူညီကြပြီး ဖြစ်ပါတယ်။ ဒါဟာ နိုင်ငံရေးယဉ်ကျေးမှုအသစ်လို့ခေါ်တဲ့ တွေဆုံညှိနှိုင်းအဖြေရှာခြင်းဆိုတဲ့ အခြေခံကိုအကောင်အထည်ဖော်တာဘဲဖြစ်တယ်။

လူထုတွေ့ဆုံပွဲတွေ၊ (Public Consultation Meeting)၊ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေ၊ (Sub-National Dialogue) တွေဟာ နိုင်ငံရေးယဉ်ကျေးမှုအသစ်ရဲ့ ကျောရိုးတွေဖြစ်ပါတယ်။ ဒါဟာ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးကို ဖော်ဆောင်တာဖြစ်ပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ အမိန့်ပေး နာခံမှု စနစ်နဲ့သွားတာမျိုးမဟုတ်ဘဲ အပြန်အလှန်အ သိအမှတ်ပြုမှု လေးစားမှု ပြုကြကာ ယုံကြည်မှုတည်ဆောက်ခြင်းကို အခြေခံတာဖြစ်တဲ့ အတွက် Stakeholder တွေကြား ဘုံသဘောထားရရှိရေး ညှိနှိုင်းကြဖို့လိုပါတယ်။ တဘက်နှင့်တဘက် စိုးရိမ်မှုတွေကို ဖော်ထုတ်ပြီး အဖြေရှာမှသာ အနှစ်သာရရှိတဲ့ တွေ့ဆုံ ဆွေးနွေးပွဲတွေ ဖြစ်ပေါ်လာမှာ ဖြစ်ပါတယ်။ EAO (၈) ဖွဲ့ အကြားမှာလည်း ကျွန်တော်တို့ရဲ့ စိုးရိမ်မှုတွေကို ဖော်ထုတ်ပြီး တဘက်ဆွေးနွေးဘက်တွေနဲ့ ညှိနှိုင်းဆွေးနွေးဖို့ လုပ်ရမှာ ဖြစ်ပါတယ်။ အမျိိုးသားပြန်လည်သင့်မြတ်ရေးရရှိရေးအတွက် မိမိတို့စိုးရိမ်စိတ်တွေကို အပြန်အလှန်ဖော်ထုတ်ပြီး အသိအမှတ်ပြုကာ ဆွေးနွေးအဖြေရှာနိုင်ရေး ကျိုးစားမှသာ အဖြေမှန်ရရှိမှာဖြစ်ပါတယ်။

ဒီအစည်းအဝေးမှာ PPST ခေါင်းဆောင်များတင်မကဘဲ JMC ကခေါင်းဆောင်အချို့၊ နိုင်ငံ ရေးနှင့် လုံခြံုရေးဆိုင်ရာ အလွတ်သဘောတွေ့ဆုံဆွေးနွေးရေးအဖွဲ့ဝင်တွေကိုလည်း ဖိတ် ကြားထားပါတယ်။ မိမိတို့သက်ဆိုင်ရာကဏ္ဍအလိုက် ကြံုတွေ့ရတဲ့ စိန်ခေါ်မှုတွေကိုဘယ် လိုအတူတကွဖြတ်ကျော်ကြမယ်ဆိုတာ ဆွေးနွေးညှိနှိုင်းအဖြေရှာကြဘို့ တိုက်တွန်းပါ တယ်။

နောက်ဆုံးအနေနဲ့ တရားမျှတပြီး မှန်ကန်မှုရှိတဲ့ နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ လုပ်ငန်းစဉ် တွေ ဖြစ်ပေါ်ဘို့အတွက် နိုင်ငံရေးယဉ်ကျေးမှုအသစ်ဖြစ်တဲ့ တွေ့ဆုံညှိနှိုင်းအဖြေရှာခြင်းကို ကိုင်စွဲကာ ဒီမိုကရေစီကိုအခြေခံတဲ့ ဖက်ဒရယ်ပြည်ထောင်စုသစ်အတွက် အုပ်မြစ်ချ နိုင်ရေး ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ ၀ုိင်းဝန်း ကြိုးပန်းကြဖို့ တိုက်တွန်းရင်း နိဂုံး ချုပ်ပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာချီလိတ်မယ်ဆိုင် ချောင်းရေမြင့်တက်မှုကြောင့် ချောင်းဘေး အုတ်တံတိုင်းပြိုကျ၊ နေအိမ်ရေဝင်

0
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့် အုတ်တံတိုင်းများ ပြိုကျပြီး မြို့အတွင်း ရေဝင်ရောက်လာသောကြောင့် ‌အခြားသို့ရွှေ့ပြောင်းနေကြောင်း သတင်းရရှိသည်။ ယမန်နေ့ စက်တင်ဘာလ (၇) ရက်တွင် မြန်မာ-ထိုင်းနယ်စပ်ရှိ မယ်ဆိုင်ချောင်းရေ ရုတ်တရက်ကြီးလာပြီး တာချီလိတ်ဘက် ချောင်းဘေး၌ ကာထားသည့် အုတ်တံတိုင်း ပြိုကျပြီး တာချီလိတ်မြို့ ၊တာလော့ ရပ်ကွက်အတွင်းသို့...

တောင်ကြီးမြို့ပြင်ဘက် စစ်တပ် က ဖုန်းများ စစ်ဆေးနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့ပြင်ဘက်တွင် စစ်ကောင်စီတပ်သားများက လမ်းသွားလမ်းလာများကို တားဆီးကာ ဖုန်းများကို စစ်ဆေးမှု ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ယခုတစ်ပတ်အတွင်း တောင်ကြီးမြို့ သျှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်ဘက်သို့ သွားသည့်လမ်းတွင် စစ်ကောင်စီတပ်သားများက ဆိုင်ကယ်များကို တားဆီးပြီး ဖုန်းအတွင်းရှိ အချက်အလက်များနှင့် အွန်လိုင်းလောင်းကစားဆိုင်ရာ အသုံးပြုမှုများကို စစ်ဆေးနေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် အသက်...

မေ့လာတာ အသက်ကြီးလာလို့ပဲလား

0
အပြင်သွားရင် အိမ်သော့ယူခဲ့မယူခဲ့ မေ့တတ်ကြလား။ အိမ်တံခါး သော့ခတ်၊ မခတ်ခဲ့ မသေချာလို့ အိမ်ပြန်ပြီး သွားကြည့်ဖူးကြလား။ အိမ်သော့အထဲမှာကျန်ခဲ့လို့ သော့ပြင်ဆရာ ခဏခဏ ခေါ်ရတဲ့ဖြစ်ရပ်လည်း ရှိတယ်မလား။ မေ့လွန်းလို့ ဟင်းအိုးတူးသွားတာ၊ ကြက်ဥပြုတ်ထားပြီး မီးပေါ်မှာ မေ့ထားမိတာမျိုးရော ရှိဖူးကြလား။ ဒီနေ့မနက် ဘာစားခဲ့တယ်ဆိုတာ ညရောက်တော့ ပြန်စဉ်းစားလို့ မရတော့တာမျိုးရော...

ဗီယက်နမ်ရင်းနှီးမြှုပ်နှံသူများကို အာဏာသိမ်းသမ္မတ ဖိတ်ခေါ်

0
မြန်မာနိုင်ငံအတွင်း နိုင်ငံရေးမတည်ငြိမ်မှုနှင့် တိုက်ပွဲဖြစ်ပွားမှုကြောင့် စီးပွားရေး အကြီးအကျယ် ကျဆင်းနေချိန်တွင် အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်သည် ဗီယက်နမ်နိုင်ငံသို့ သွားရောက်ကာ မြန်မာနိုင်ငံရှိ အထူးစီးပွားရေးဇုန်များနှင့် စိုက်ပျိုးရေးကဏ္ဍများတွင် လာရောက်ရင်းနှီးမြှုပ်နှံရန် ဗီယက်နမ်လုပ်ငန်းရှင်များကို ဖိတ်ခေါ်လိုက်သည်။ ယမန်နေ့ စက်တင်ဘာလ ၆ ရက်က ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ရှိ Melia Hotel တွင်...

စာဖတ်ခြင်းအလေ့အထ

0
ယခုရက်ပိုင်းအတွင်း ကျနော် စာအုပ်မဖတ်ဖြစ်သည်မှာ ကြာလှပြီ ဖြစ်သည်။ ယခင်က တလလျှင် အနည်းဆုံး စာအုပ်တအုပ် ဖတ်မည်ဟု ကိုယ့်ကိုယ်ကိုယ် ကြုံးဝါးခဲ့ဖူးသည်ကို မှတ်မိနေသေး၏။ သို့သော်လည်း လက်တွေ့တွင်မူ ဖုန်းစကရင်ပေါ်မှ ဗီဒီယိုနှင့် ဇာတ်လမ်းတိုများကို ကြည့်ကာ အချိန်များ ကုန်ဆုံးနေခဲ့သည်။ တကယ်တော့ စာဖတ်ခြင်းဆိုသည်မှာ ပညာဗဟုသုတ တိုးပွားရန်နှင့် အတွေးအခေါ်...