Wednesday, January 28, 2026

မိုင်းဖုန်းဆရာတော် ဝိဇာတမွေးနေ့ပွဲအမှတ်တရ တာချီလိတ်မြို့မှအလှူရှင်က မြေဧက ၃၀ လှူဒါန်းရေစက်ချ

သျှမ်းပြည်အရှေ့ပိုင်း မိုင်းဖုန်းမြို့နယ် ပါဆာကျေးရွာတွင် သဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ မိုင်းဖုန်းဆရာတော် ဘဒ္ဒန္တဉာဏသံဝရ၏ ၅၆ နှစ်မြောက်ဝိဇာတမွေးနေ့ပွဲ အမှတ်တရအဖြစ် မြေဧက ၃၀ ကို တာချီလိတ်မြို့မှ အလှူရှင်က ရေစက်သွန်းချလှူဒါန်းခဲ့ကြောင်းသိရသည်။

ဓါတ်ပုံ- ရွှေတြိဂံသတင်းလွှာ – မြေနေရာနှင့်ကျောင်းဆောင်အတွက်ရေစက်သွန်းချလှူဒါန်းနေကြပုံ

“တကယ်တော့ အဲဒီမြေတွေက အရင်ကတည်းက သာသနာ့ပိုင်မြေတွေ။ စစ်တပ်က သိမ်းယူပြီး ပြန်ပြီးအကွက်ချရောင်းချတယ်။ မြေပိုင်ရှင်တွေက ဆရာတော်ထံကို ပြန်လှူလိုက်တာ။ ဘူတန် လက်ရာပုံစံ ကျောင်းဆောင်ကိုလည်း ဘူတန်နိုင်ငံက ဆရာတော်ရဲ့ ဒကာတွေကလာဆောက်ထားပေးတယ်။ ခုတော့ အဲဒီမြေတွေဟာ သာသနာ့မြေတွေပြန်ဖြစ်ပြီပေါ့ ” – ဟု မိုင်းဖုန်းဆရာတော်၏ တပည့်တပါးဖြစ်သည့် တာချီလိတ်မြို့မှ ဆရာတော် ဦးဉာဏသီရိ က သျှမ်းသံတော်ဆင့်အားမိန့်တော်မူသည်။

ဓါတ်ပုံ- ရွှေတြိဂံသတင်းလွှာ – မြေနေရာနှင့်ကျောင်းဆောင် လှူဒါန်းနေကြပုံ

မြေ ၃၀ ဧကကိုအလှူရှင် ဦးဖရန်စစ်ထွန်းရီ၊ ဒေါ်နန်းဝိုးကျန် နှင့် ဦးရစ်ချတ်၊ ဒေါ်နန်း ပီယာရီ၊ ရန်အောင် မြေရပ်ကွက်၊ တရုတ်ဘုံကျောင်း လမ်းနေ (ပွင့်သစ်စ ကိုယ်အားကိုယ် ကိုးမူလ တန်းကြိုကျောင်း) မိသားစုတို့က ဇန်နဝါရီလ ၃ ရက်နေ့က ရေစက်ချလှူဒါန်းခဲ့ကြောင်းသိရသည်။

ပါဆာရွာရှိ သာသနာ့မြေနေရာ

မိုင်းဖုန်းဆရာတော် တရားအားထုတ်ရန်နေရာအတွက် လှူဒါန်းပေးခဲ့ခြင်းဖြစ်ပြီး ဆရာတော် ကိုယ်တိုင်ကြွချီကာရေစက်သွန်းချအမျှပေးဝေခဲ့ကြောင်းသိရသည်။

ပါဆာရွာရှိ သာသနာ့မြေနေရာ

အဆိုပါမြေနေရာတွင် ဘူတန် ပုံစံကျောင်းဆောင်တဆောင်၊ စေတီတဆူနှင့် ရေကန် – စသည်တို့ဆောက်လုပ်ထားကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုင်းဖုန်းဆရာတော်မှ ငလျင်ဘေးသင့် မြန်မာပြည်အလယ်ပိုင်းကို ကြွရောက်ပြီး ကူညီလှူဒါန်းနေ

0
မြန်မာနိုင်ငံအလယ်ပိုင်းအတွင်း ငလျင်ဘေးဒဏ်သင့်ခဲ့သည့် နေရာဒေသများသို့ မိုင်းဖုန်းဆရာတော်ကိုယ်တိုင် ကြွရောက်၍ ကူညီလှူဒါန်းမှုများ ပြုလုပ်ပေးနေကြောင်း စုံစမ်းသိရသည်။ ဧပြီလ ၁၉ ရက်မှ စတင်၍ မိုင်းဖုန်းဆရာတော် ဘဒ္ဒန္တ ဉာဏသံဝရ သည် တာချီလိတ်မြို့နယ် မိုင်းဖုန်းမှ တောင်ကြီးသို့ ကြွရောက်ခဲ့ပြီး အင်အားပြင်း ငလျင်ဒဏ်ကြောင့် ထိခိုက်မှုများပြားခဲ့သည့် အင်းလေး၊ စစ်ကိုင်း၊...

မိုင်းဖုန်းဆရာတော်မွေးနေ့မင်္ဂလာပွဲတော်ကို  သွားရောက် ဖူးမျှော်ကြမည့် ပြည်သူအချို့  သံလွင်မြစ်ကူး (တာကော်)တံတား ဖြတ်ခွင့်မရ

0
မိုင်းဖုန်းဆရာတော်၏ မွေးနေ့မင်္ဂလာပွဲတော်သို့ သွားရောက် ဖူးမျှော် ပူဇော်ကြမည့် ပြည်သူအချို့  သံလွင်မြစ်ကူး (တာကော်)တံတားရှိ စစ်ကောင်စီဂိတ်တွင် ဖြတ်သန်းခွင့်မရကြကြောင်း သတင်းရရှိသည်။ သျှမ်းပြည် တာချီလိတ်မြို့နယ်တွင် မိုင်းဖုန်းဆရာတော် အရှင်ဉာဏသံဝရ၏ ဝိဇာတပူဇာ မွေးနေ့ မင်္ဂလာပွဲ တော်ကို ဇန်နဝါရီလ ၁ရက်မှ ၅ ရက်နေ့အထိ ကျင့်ပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် ကျင်းပပြုလုပ်မည့် မိုင်းဖုန်းဆရာတော်၏ မွေးနေ့မင်္ဂလာ ပွဲတော်သို့ သွားရောက်  ဖူးမျှော် ပူဇော်ကြမည့် ပြည်သူအချို့သည် သံလွင်မြစ်ကူး (တာကော်)တံတားရှိ စစ်ကောင်စီဂိတ်တွင် ဖြတ်သန်းသွားလာခွင့်မရကြကြောင်း အသက် ၄၀ ဝန်းကျင် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ သျှမ်းမြောက် က အချို့လူမျိုးကို ပေးမဖြတ်တာပေါ့။တိုက်ပွဲဖြစ်ပွားတဲ့ နယ်မြေကနေလာရင် သူတို့က စစ်ရေးဆေးဂိတ်မှာပေးမဖြတ်ဘူး။ မှတ်ပုံတင်ကြည့်ပြီးတော့ လူမျိုးကို စစ်ဆေးတာ။ သိန္နီကနေလာတဲ့ လူတွေအချို့ကလည်း မဖြတ်ရဘူး ပြန်လှည့်ရတာရှိတယ်။”ဟု အသက် ၄၀ ဝန်းကျင် အမျိုးသားတစ်ဦးက ပြောသည်။ ယမန့်နေ့ တွင် တာကော်တံတားရှိ စစ်ဆေးရေးဂိတ်၌ ကား ၆စီး ပြန်လှည့်ရကြောင်း၊ များသောအားဖြင့် ထိုပြန်လှည့်ခံရသည့် ကားသည် တအာင်း (ပလောင်)လူမျိုးများ၏ ကားများဖြစ်ကြောင်း လည်း အသက် ၃၅နှစ်အရွယ်ရှိ အမျိုးသားက ပြောပြသည်။  “လူမျိုးတွေကြည့်ပြီးတော့ စစ်တာထင်တာ။မနေ့ကတော့ ကားတွေ ၆ စီးလောက် ပြန်လှည့် ပြန်ကြရတာ။တာအင်း ပလောင်လူမျိုးတွေက ပွဲသွားရင်သူတို့က သူတို့ဝတ်စုံ ဝတ်ပြီးတော့ သွားကြတာလေ။ တချို့ကျတော့လည်း ကျိုင်းတုံထဲမှာ ထောင်ခံစာ တစ်ဆင့်ယူရသေးတယ်လို့ပြောတယ်။”ဟု အသက် ၃၅ နှစ်ဝန်းကျင် အမျိုးသားတစ်ဦးက ဆိုသည်။ သံလွင်မြစ်ကူး တာကော်တံတားပေါ်တွင် စစ်ကောင်စီတပ်က ပူးပေါင်းစစ်ဆေးရေးဂိတ် ဖွင့်လှစ်ထားပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စစ်ဘက်ရေးရာ လုံခြုံရေး တပ်ဖွဲ့၊ မှုခင်းရဲတပ်ဖွဲ့၊ သတင်းရဲတပ်ဖွဲ့၊ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန၊ သစ်တော ဦးစီးဌာန၊ မူးယစ်ရဲတပ်ဖွဲ့နှင့် လူကုန်ကူးမှုတပ်ဖွဲ့များ တာဝန်ထမ်းဆောင်နေကြကြောင်း သိရသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၅ ရက်နေ့တွင်လည်း တာချီလိတ်မြို့နယ်တွင် ကျင်းပမည့် မိုင်းဖုန်းဆရာတော် အရှင်ဉာဏသံဝရ၏ ဝိဇာတပူဇာ မွေးနေ့မင်္ဂလာပွဲတော်ကို လာရောက်ဖူးမျှော် ပူဇော်ကြမည့် ဒကာ၊ ဒကာမ မိဘပြည်သူများ ထောက်ခံစာ ယူလာကြရန်သတိပေးထားပြီး၊ စစ်ဆေးရေးဂိတ်ရှိ သက်ဆိုင်ရာ တာဝန်ရှိသူများကို ခွင့်ပြုပေးရန် ပန်ကြားထားကြောင်း သျှမ်းပြည်အရှေ့ပိုင်း သံဃာ့နာယက ဥက္ကဋ္ဌ အရှင်ဉာဏသီရိမှ မိန့်ကြားသည်။ ယခုနှစ် ၂၀၂၅ လာမည့် ဇန်နဝါရီလ ၅ ရက်တွင် ကျရောက်မည့် မိုင်းဖုန်းဆရာတော် ဘဒ္ဒန္တ ဉာဏသံဝရ ၏ သက်တော် (၆၁) နှစ်မြောက် ဝိဇာတပူဇာ မွေးနေ့ပွဲကို တာချီလိတ်မြို့နယ် မိုင်းဖုန်းကျောင်းတိုက်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မိုင်းဖုန်းဆရာတော် မွေးနေ့မင်္ဂလာပွဲ လာရောက်ကြမည့် ပြည်သူများကို ထောက်ခံစာယူလာရန် သတိပေး

0
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် ကျင်းပပြုလုပ်မည့် မိုင်းဖုန်းဆရာတော်၏ မွေးနေ့မင်္ဂလာပွဲတော်သို့ လာရောက် ဖူးမျှော် ပူဇော်ကြမည့် မိဘပြည်သူများ ထောက်ခံစာ ယူလာကြရန် သတိပေးထားကြောင်း သတင်းရရှိသည်။ ဇန်နဝါရီလ ၁ ရက်မှ ၅ ရက်နေ့အထိ တာချီလိတ်မြို့နယ်တွင် ကျင်းပမည့် မိုင်းဖုန်းဆရာတော် အရှင်ဉာဏသံဝရ၏ ဝိဇာတပူဇာ မွေးနေ့မင်္ဂလာပွဲတော်ကို လာရောက်ဖူးမျှော်...

မိုင်းဖုန်းဆရာ‌တော်တည်ထားသော ဓာတ်တော်စေတီနှင့် ဘုရားရုပ်ပွားတော်များ ဖျက်ဆီးခံရ

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့နယ် မိုင်းဖုန်းကျေးရွာအုပ်စုတွင် မိုင်းဖုန်းဆရာတော် တည်ထားသော ဓာတ်တော်စေတီနှင့် ဘုရားရုပ်ပွားတော်များကို အမည်မသိ လူတစ်စုက ဖျက်ဆီးခဲ့ကြောင်း စုံစမ်းသိရသည်။ အောက်တိုဘာလ တတိယပတ်အတွင်း တာချီလိတ်မြို့နယ် မိုင်းဖုန်းကျေးရွာအုပ်စု နယ်မြေ (က) ရှိ မိုင်းဖုန်းဆရာတော် တည်ထားသော ဓာတ်တော်စေတီရှိ ထီးတော်များကို အမည်မသိ လူတစ်စုက...

မိုင်းဖုန်းဆရာတော်ထံ စက်လှေ လှူဒါန်းခဲ့သည့် SSPP

0
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးပန်ဖ အမှူးပြုသော အရာရှိစစ်သည်များက မိုင်းဖုန်းဆရာတော်ထံသို့ စက်လှေ လှူဒါန်းခဲ့ကြောင်း သတင်းသိရသည်။ ဖေဖော်ဝါရီလ ၁၅ ရက်တွင် တာချီလိတ်မြို့နယ် ရွှေတြိဂံနယ်မြေရှိ မိုင်းဖုန်းဆရာတော် စံကျောင်းတွင် SSPP/SSA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးပန်ဖ အမှူးပြု၍ SSPP ပြောရေးဆိုခွင့်ရှိသူ...