တန့်ယန်းဘုရားပွဲက လောင်းကစားဝိုင်းရပ်တန့်ပေးရန် လူထုတောင်းဆို

သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ်တွင်ကျင်းပသော ဘုရားပွဲ၌ လောင်းကစားဝိုင်းများ ချနေသည့်အပေါ် စီစစ်ပေးရန်နှင့် ရုပ်သိမ်းပေးရန် မြို့နယ်အာဏာပိုင်များအား ဒေသခံလူထုကတောင်းဆိုလိုက်သည်။

တန့်ယန်းမြို့နယ်အနောက်ဘက် ၃ မိုင်ခန့်အကွာရှိ ကျောက်ဂူဘုရားတွင် လွန်ခဲ့သည့်နှစ်များကတည်းက လူထုတောင်းဆိုလာသည့် လျှပ်စစ်မီး ရရှိသဖြင့် ပျော်ပွဲရွှင်ပွဲကျင်းပရာ လောင်းကစားဝိုင်းပါ ချသဖြင့် လူထုအခက်ကြုံနေရကြောင်း တိုင်တန်းမှုကြောင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က မြို့နယ်အာဏာပိုင်များထံ ဒုတိယအကြိမ် အကြောင်းကြားလိုက်ခြင်းဖြစ်သည်ဟု ဆိုပါသည်။

“လောင်းကစားဝိုင်းက ၆ ရက်နေ့ကစတင်တယ်။ကစားဝိုင်းစတင်တဲ့နေ့မှာဘဲ လူထုက ကျနော်တို့ဆီကိုစာရေးအကြောင်းကြားလာတယ်။ ဒီကစားဝိုင်းဟာ တရားဝင် လုပ်ခွင့်ရထားတာမဟုတ်ဘူး။ လောင်းကစားဝိုင်းတွေကြောင့်လူထုအကျင့်ပျက်တယ်။ ကျနော်တို့လည်း တာဝန်ရှိပုဂ္ဂိုလ်တွေဆီကို ချက်ခြင်းဖုန်းဆက်အကြောင်းကြားတယ်။ တားမြစ်ပိတ်ပင်ပေးဖို့။ ဒါပေမယ့် ရ ရက်နေ့ ၈ ရက်နေ့အထိလည်းလောင်းကစားဝိုင်းတွေက ဆက်ရှိနေတော့ ကျနော် ဌာနဆိုင်ရာကို ဒုတိယအကြိမ်အသိပေးစာရေးအကြောင်းကြားရတာဖြစ်ပါတယ်”- ဟု တန့်ယန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းအောင်ပွင့်က သျှမ်းသံတော်ဆင့်အားပြောပြသည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၏ ပေးစာသည် တန့်ယန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးအား လိပ်မူပြီး မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတို့ထံပါ လိပ်မူထားကြောင်းသိရသည်။

“ကျမတို့ဘက်မှာ ယခင်ကာလတွေတုန်းကလောင်းကစားဝိုင်းတွေကြောင့် လူထုရင်ဆိုင်ရတဲ့ပြသနာတွေကို သင်္ခန်းစာလုပ်ပြီးတော့ အခုရော အနာဂတ်မှာရော လောင်းကစားဝိုင်းတွေမရှိစေချင်ဘူး။ ဘာပြသနာတွေလည်းဆိုတော့ လောင်းကစားဝိုင်းကြောင့်လူငယ်တွေအကျင့်ပျက်တယ်။ လောင်းရှုံးရင် အိမ်ထောင်သည်တွေဆိုရင် အိမ်ထောင်ပျက်တဲ့အထိပြသနာတွေဖြစ်တယ်။ ခိုးဆိုးလုယက်မှုဖြစ်တယ်။ခိုက်ရန်ဖြစ်ပွါးတယ်။ သတ်ဖြတ်မှုတွေဖြစ်ပွါးတယ် ဒါတွေကအသေးအမွှားလေးတွေ။ အဲ့ထက်ပိုတဲ့ပြသနာတွေလည်းရှိတယ်။ အဲဒါကြောင့် လောင်းကစားဝိုင်းမရှိစေချင်တာ။”- ဟု တန့်ယန်းသူ နန်းခင်ကလည်းပြောသည်။

ကျောက်ဂူဘုရားပွဲတွင် ပွဲစျေးအပြင် လေးကောင်ဂျင်၊ ဂုံးကင်း၊ ဖဲဝိုင်းတို့ပါရှိကြောင်း၊ ပွဲစျေးတန်းသို့ ဒေသတွင်းလူထု ညစဉ်ညတိုင်း သွားရောက်လောင်းကစားမှုပြုကြကြောင်းသိရပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်းမြို့ထဲ ပြန်လည်ဝင်ရောက်ရန် Non-CDM များကို စစ်အစိုးရ အသင့်ပြင်ခိုင်းထားဟုဆို

0
သျှမ်းပြည် နမ့်ခမ်းမြို့နယ်ရှိ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများတွင် တာဝန်ပြန်လည် ထမ်းဆောင်နိုင်ရန် မူဆယ်မြို့ဘက်ရှိ Non-CDM ဝန်ထမ်းများကို အသိပေး ပြင်ဆင်ခိုင်းနေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ထဲသို့ ပြန်လည်ဝင်ရောက်၍ အုပ်ချုပ်ရေးယန္တရား လည်ပတ်ရန် စစ်ကော်မရှင် အသွင်ပြောင်း စစ်အစိုးရမှ မူဆယ်နှင့်...

ထိုင်းအမျိုးသမီးတစ်ဦး “ခြင်” အသေများရောင်းကာ စီးပွားဖြစ်

0
ထိုင်းအမျိုးသမီးတစ်ဦးသည် နေ့စဉ်ခြင်ရိုက်ရသည့် အလုပ်ကို စိတ်ကူးသစ်ဖြင့် ပေါင်းစပ်ပြီး ခြင်အသေကောင်များဖြင့် ပြုလုပ်ထားသည့် အမှောင်ထဲတွင် အရောင်တောက်သည့် သော့ချိတ်များကို တီထွင်ရောင်းချရာမှ ဝင်ငွေအမြောက်အမြား ရရှိနေကြောင်း Khaosod သတင်းတွင် ဖော်ပြထားသည်။ "လီ" ဟု အမည်ရသည့် အမျိုးသမီးသည် TikTok တွင် ခြင်အသေကောင်များကို စုဆောင်းကာ ပလတ်စတစ်လောင်းပြီး...

လူငယ်များကြား Happy Pod မူးယစ်ဆေး ခေတ်စားလာ

0
သျှမ်းပြည်တွင် တားမြစ်ထားသည့် အီးစီးကရက်အပြင် “ Happy Pod” ဟုခေါ်သော မူးယစ်ဆေးပစ္စည်းများလည်း ရောင်းဝယ်သုံးစွဲမှုယခင်ကထက်ပိုများရှိလာကြောင်း စုံစမ်းသိရသည်။ မြန်မာနိုင်ငံတွင် အီးစီးကရက် နှင့် ဆက်စပ်ပစ္စည်းများကို တားမြစ်ကုန်စည်အဖြစ် သတ်မှတ်ထားပြီး၊ ရောင်းဝယ်သုံးစွဲလျှင် အရေးယူခံမည် ဖြစ်ကြောင်းကို စစ်ကော်မရှင် လက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနက ၂၀၂၆ ခုနစ်ဖေဖော်ဝါရီ ၁၈...

ချင်းမိုင်တွင် ထိုင်းနိုင်ငံအမည်ခံပြီး ငွေကြေးခဝါချခိုင်းသည့် တရုတ်ဂိုဏ်းကို ဖမ်းဆီးရမိ

0
ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ထိုင်းနိုင်ငံသားများကို အလုပ်အကိုင်အတုများဖြင့် လှည့်ဖြားကာ ဖမ်းဆီးချုပ်နှောင်ပြီး အွန်လိုင်းငွေလိမ်မှုမှ ရရှိသောငွေများကို ငွေကြေးခဝါချခိုင်းနေသည့် တရုတ်ဂိုဏ်းခေါင်းဆောင်နှင့် အဖွဲ့ဝင်များကို ထိုင်းရဲတပ်ဖွဲ့က စီးနင်းဖမ်းဆီးလိုက်ကြောင်း Chiang Mai News တွင်ဖော်ပြသည်။ ယနေ့ (ဧပြီလ ၂၉ ရက်) တွင် အမှတ်် (၅) ခရိုင်...

တရုတ်ပြည် အလုပ်လုပ်ရန် မူဆယ်(လဝက) အသက်ပြင် မှောင်ခိုစျေးကွက်နှင့် လာဘ်စားမှု

0
မြန်မာနိုင်ငံ၏ စစ်ရေး ပဋိပက္ခနှင့် စီးပွားရေး ကျဆင်းမှုကြောင့် တရုတ်နိုင်ငံသို့ အလုပ်သွားလုပ်မည့် လူငယ်များသည် နယ်စပ်ဖြတ်ကျော်ခွင့် ကန့်သတ်ချက်များလာပြီး၊ ဌာနဆိုင်ရာအသီးသီးက အဆမတန် ငွေညှစ်မှုနှင့် ခေါင်းပုံဖြတ်မှုများကို ရင်ဆိုင်နေရကြောင်း စုံစမ်းသိရသည်။ စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်းဥပဒေအရ အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသားများကို ပြည်ပအလုပ်အကိုင်ဖြင့်...