ကျင့်ဆန်းကျော့ ဂိတ်ပိတ် သစ်သီးကားများ အခက်ကြုံ

0

သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့ တရုတ်နယ်စပ်ဂိတ်ပေါက်ဖြစ်သည့် ကျင့်ဆန်းကျော့ နယ်စပ်ဂိတ် ကို လုံခြံုရေး အရ မြန်မာဘက်မှ ယနေ့ (ဒီဇင်ဘာ ၂၇ ရက်) နေ့မှ စတင်ပိတ်လိုက်သဖြင့် သစ်သီး ကုန်စည်ဒိုင်များ အခက်ကြံုနေကြောင်း သတင်းရရှိသည်။

“ ကျင့်ဆန်းကျော့ နယ်စပ်ဂိတ်ပိတ်လိုက်တော့ အသီးကားတွေ လမ်းပေါ်မှာ ပိတ်ဆို့မှုဖြစ်တယ်။အသီးတွေ ပုတ်ကုန်တယ်။ အသီးအရည်အသွေးတွေလည်းကျ စျေးတွေမရတော့ဘူး။ အသီးစိုက်ပျိုးတဲ့ တောင်သူတွေ၊ကုန်စည်ဒိုင်တွေ ထိတယ်” ဟု အရှေ့မြောက်တံခါးများ သက်ဆိုင်သော ကုမ္ပဏီ လီမီတက်မှ အမှုဆောင် ဒါရိုက်တာ အောင်ကျော်မိုးက ပြောသည်။

Photo credit to Hsipaw Update News

ကျင့်ဆန်းကျော့ နယ်စပ်ဂိတ် သည် မြန်မာနိုင်ငံမှ တရုတ်နိုင်ငံ ဝမ်တိန်သို့ ဝင်ရောက်ရာတွင် အသုံးပြုနေသည့် နယ်စပ်ဂိတ်တခုဖြစ်သည်

“ကျင့်ဆန်းကျော့ ဂိတ်က ကုန်ကားတွေ သစ်သီးကာေးတွ အဓိကသုံးနေတာပါ။ ဒီလို ပိတ်လိုက်တော့ လမ်းပေါ်မှာ အသီးကား ၁၂၀၀ ကျော် ပိတ်ဆို့နေပါတယ်။ ကျနော်တို့ကတော့ ပန်ဆိုင်းဂိတ် ပြန်ဖွင့်ပေးဖို့ တောင်းဆိုထားပါတယ်” ဟု အောင်ကျော်မိုးက ဆိုသည်။။

မြန်မာ တရုတ်ဝင်ထွက်ပေါက်များတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ၏ လုံခြံုရေး အရ ဝင်၊ထွက် သွားလာသည့် သူများအားလုံး ကို လက်ဗွေယူခြင်းအားဆောင်ရွက်လျက်ရှိကြောင်းနှင့် ဒီဇင်ဘာ ၂၀ ရက်မှ စတင်ကာ ပိုမိုတင်းကြပ်သွားမည်ဖြစ်သဖြင့် ယခင်က ထပ် ကြန့်ကြားမှုများရှိလာနိုင်ကြောင်း လည်း ရွှေလီမြို့ တရုတ်ပြည်သူ့သမ္မတ နိုင်ငံသို့ ပြည်ပ ရေးရာဌာန မှ ကုန်စည်ဒိုင်များကို ဒီဇင်ဘာ ၂၁ရက်နေ့တွင် အကြောင်းကြားစာပို့ခဲ့ကြောင်းသိရသည်။

“တရုတ်ဘက် က တခုခုလုပ်တော့မယ်ဆိုရင် မြန်မာ ဘက်က သက်ဆိုင်ရာ ဌာန ဆိုင်ရာ အချင်းချင်း ကြိုတင် ညှိနှိုင်း အကြောင်းကြားပြီး ကုန်သွယ်ရေး ကို ထိခိုက်မှု မရှိအောင် ညှိနှိုင်းသင့်တယ်။သူတို့ဘက်က ဒီစနစ်ကို လုပ်မယ်လို့ စီစဉ်မယ်လို့ အကြောင်းကြားတာပဲရှိတာ။ ဒီဘက်ခြမ်းက မြန်မာ ဘက်ခြမ်း ထိခိုက်သွားနိုင်တဲ့ ကုန်သွယ်စီးဆင်းမှုကို ဘယ်လို မထိခိုက်အောင် ညှိနှိုင်းတာမရှိဘူး” ဟုလည်း အောင်ကျော်မိုး ကထပ်လောင်း ပြောသည်။

မြန်မာ တရုတ် နှစ်နိုင်ငံ နယ်မြေထိစပ်ပြီး ကုန်သွယ်မှု စီးဆင်းနေသည့်အတွွက် အစိုးရအချင်းချင်း ကုန်သွယ်စီးဆင်းမှုများ မထိခိုက်အောင် ဆောင်ရွက်သင့်ကြောင်းလည်း သစ်သီးဝလံ ကုန်စည်ဒိုင်များက ပြောကြသည်။

လက်ရှိ ကျင့်ဆန်းကျော့ဂိတ်ပိတ်ထားသဖြင့် ကုန်တင်ကားများ လမ်းပေါ်တွင် ပိတ်ဆို့ မှုများဖြစ်ပွားကာ သစ်သီးရောင်းဝယ်မှုများယာယီရပ်ဆိုင်းနေရသည် ဟု သိရသည်။

ဒီဇင်ဘာ ၂ရက်နေ့ ည ၉ နာရီတွင် ကျင့်ဆန်းကျော့ နယ်စပ်ဂိတ် တွင် လုံခြံုရေး တာဝန်ယူထားသည့် နမ့်ခမ်းပြည်သူ့စစ် များကို အမည်မသိ လက်နက်ကိုင် တပ်ဖွဲ့မှ ဝင်ရောက် ပစ်ခတ်ကာ ပြည်သူ့စစ် ၃ဦးသေဆုံးပြီး ၂ဦးဒဏ်ရာရရှိခဲ့သည်။

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here