လားရှိုးမြို့နယ် မိုင်းကျက်အုပ်စုအုပ်ချုပ်ရေးမှူးရွေးချယ်ပွဲ ပြည်သူ့စစ်တပ်ဖွဲ့မှ တားမြစ်

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ်အတွင်းရှိ မိုင်းကျက်အုပ်စု အုပ်ချုပ်ရေးမှူးရွေးချယ်ရန်အတွက် ရွာသားများ ရွေးကောက်ပွဲကျင်းပနေစဉ် ဒေသတွင်း ဌာနေပြည်သူ့စစ်တပ်ဖွဲ့မှဝင်ရောက်တားမြစ်ခြင်း ခံခဲ့ရကြောင်းသိရသည်။

ဂျန္နဝါရီလ ၆ ရက်နေ့က မိုင်းကျက်အုပ်စုတွင်ကျင်းပသော အုပ်စုအုပ်ချုပ်ရေးမှူးအသစ် ရွေးကောက်ပွဲသို့ ဒေသတွင်းလက်နက်ကိုင်ပြည်သူ့စစ်တပ်ဖွဲ့ရောက်ရှိကာ တားမြစ်ခဲ့ခြင်းဖြစ်ကြောင်း မိုင်းကျက်ဒေသခံ တဦးကသျှမ်းသံတော်ဆင့်အားပြောပြသည်။

“ကျနော်တို့ အုပ်စုဥက္ကဌ ရွေးကောက်ပွဲကိုလာတားတာ မန်ပန်ဌာနေပြည်သူ့စစ်တပ်ဖွဲ့ကဖြစ်ပါတယ်။ ဒေသအတွင်းအုပ်ချုပ်ရေးမှူး အဆင့်ရှိ စိုင်းထွန်း ဆိုသူနဲ့ သူ့ရဲ့လက်ထောက် လုံးခမ်းလုံ (နောင်အော်) တို့ ပေါ့။ ကျနော်တို့ကို ရှိနေတဲ့ အုပ်ချုပ်ရေးမှူးကိုဘဲဆက်ခန့်သွားဖို့။ အသစ်မဲပေးရွေးချယ် ဖို့မပြု လုပ်ကြဖို့ ပြောပါတယ်။ ဒီအခု အုပ်စုအုပ်ချုပ်ရေးမှူးအဟောင်းက စိုင်းထွန်းရီပါ။ သူက လူထုဘက် မရပ်တည်ပေးလို့ သူ့ကိုဆက်ပြီး အုပ်ချုပ်ရေးမှူးမခန့်ချင်တော့ဘူး။ လူထုရင်ဆိုင်နေတဲ့အခက်အခဲတွေကို လည်း ကူညီဖြေရှင်းပေးတာ မရှိဘူးလေ။” – ဟု ၄င်းကပြောသည်။

ပြည်သူ့စစ်တပ်ဖွဲ့များ ၀င်ရောက်တားမြစ်ပြီးနောက် ကျေးရွာအုပ်ချုပ်ရေးမှူးများအား – “လူထုဆန္ဒဖြင့် အုပ်စုအုပ်ချုပ်ရေးမှူးဟောင်းကိုသာပြန်လည်ရွေးကောက်တင်မြှောက်လိုက်ပြီဖြစ်ကြောင်း” အစီရင်ခံ တင်ပြရန်မှာကြားခဲ့ပြီး ဒေသခံလူထုအားလည်း – “သတင်းမပေါက်ကြားအောင်ထိန်းသိမ်းရန်နှင့် သတင်းပေါက်ကြားစေသူအား ဖမ်းဆီးမည်ဖြစ်ကြောင်း” ပြောဆိုသွားခဲ့သည်ဟု အမည်မဖော်လိုသည့် အဆိုပါမိုင်းကျက်ဒေသခံက ဆက်လက်ပြောပြသည်။

အဆိုပါ ပြည်သူ့စစ်တပ်ဖွဲ့သည် မန့်ပန်အခြေစိုက် ဗိုလ်မွန်းဦးဆောင်သည့်တပ်ဖွဲ့ဖြစ်ကြောင်း ဒေသခံများပြောပြချက်အရသိရပါသည်။

ထိုသို့ ရပ်ကျေးအုပ်ချုပ်ရေးမှူးများအား လူထုမှရွေးကောက်နေသည့်အပေါ် လက်နက်ကိုင်တပ်ဖွဲ့မှ ၀င်ရောက်တားမြစ် နှောင့်ယှက်နေခြင်းမှာ တည်ဆဲ ဥပဒေများနှင့် ဆန့်ကျင်သဖြင့် ၄င်းတို့လုပ်ရပ်မှာ မှားယွင်းနေကြောင်း ၊ လူထုအတွက် တရားမျှတမှုမရှိကြောင်း လားရှိုးခရိုင် အမျိုးသားလွှတ်တော် အမတ်ကထောက်ပြပြောဆိုသည်။

“လူထုက သူကြိုက်တဲ့လူကိုလွတ်လပ်စွာရွေးကောက်တင်မြောက်နိုင်မှ ပြောင်းလဲလာတဲ့ ဒီမိုကရေစီကျမယ်လေ။ အရင်စနစ်ဟောင်းအတိုင်း လူထုကို လက်နက် ကိုင်ခြိမ်းခြောက်ပြီး သူတို့လိုချင်တဲ့လူကိုဘဲတင်မြှောက်ခိုင်းနေတာ အမှားကြီးမှားပါတယ်။ ဘာကြောင့်လူထုကိုဒီလို ခြိမ်းခြောက်သလဲဆိုတာ ကျနော်တို့ပြန်လည် စီစစ်ရပါမယ်။ ပြီးတော့ လွှတ်တော်မှာ မေးသင့်ရင်မေးရပါလိမ့်မယ်။” – ဟု စိုင်းဝမ်းလျန်းခမ်းက ပြောသည်။

လက်ရှိအုပ်စုအုပ်ချုပ်ရေးမှူး စိုင်ထွန်းရီ (အသက် ၅၀ ၀န်းကျင်) မှာ မိုင်းကျက်ဇာတိမဟုတ်ကြောင်း ၊ အုပ်စုအုပ်ချုပ်ရေးမှူးတာဝန်ထမ်းဆောင်လာသည်မှာ ၃ နှစ်သက်တမ်းရှိပြီဖြစ်ကြောင်း၊ လက်နက်ကိုင်တပ်ဖွဲ့ဆင့်ဆိုလာမှုများအား မငြင်းဆိုဘဲဆောင်ရွက်ပေးပြီး လူထုဘက်ရပ်တည်ပေးမှုမရှိကြောင်း အသက် ၅၀ ၀န်းကျင်ရှိအဆိုပါမိုင်းကျက်ဒေသခံကပြောသည်။

ရပ်ကျေးအုပ်ချုပ်ရေးမှူးများအား ဒီမိုကရေစီနည်းဖြင့်လူထုမှရွေးကောက်တင်မြောက်ရန်အစိုးရက ယမန်နှစ်အောက်တိုဘာလ နှောင်းပိုင်းကကြေငြာခဲ့သည်။

ရပ်ကွက် သုုိ ့မဟုုတ် ကျေးရွာအုုပ်စုု အုုပ်ချုပ်ရေး ဥပဒေ ပြင်ဆင်ချက်တွင် အုပ်ချုပ်ရေးမှူး၊ ကျေးရွာတာဝန်ခံ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူး တို့၏ ပြည့်စုံရမည့် အရည်အချင်းများ ၁၁ ချက်ပါရှိရာ နောက်ဆုံးအချက်တွင် – လက်နက်ကိုင်အဖွဲ့အစည်းဝင်မဟုတ်ခြင်း၊ မတရားအသင်းအဖွဲ့များ၌ ပါဝင်သူ၊ ဆက်သွယ်သူမဟုတ်ခြင်း – ဟူ၍ ပါရှိပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာချီလိတ်မြို့နယ်အတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော် တရုတ်နိုင်ငံသားများ ဖမ်းဆီးရမိ

0
စိုင်းဆိုင်အိုက်၊ ၂၀၂၆ ဩဂုတ်လ ၈ ရက် ရွှေတြိဂံဟု နာမည်ကြီးသည် မြန်မာ-ထိုင်း-လာအိုနယ်စပ် သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နယ်အတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်နေထိုင်သည့် တရုတ်နိုင်ငံသားများကို ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။ သြဂုတ် ၆ရက် မနက်ပိုင်းတွင် တာချီလိတ်မြို့နယ် မိုင်းဖုန်း(ခ)အုပ်စု၊ဝှေလေလန် ပူးပေါင်းစစ်ဆေးရေးဂိတ်အနီးရှိ ရှောင်ကွင်းလမ်းတွင် မြန်မာနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသည့်...

ထိုင်းရောက် အာဏာသိမ်းသမ္မတနှင့် စစ်ရာဇဝတ်မှု စွပ်စွဲချက်များ

0
အာဏာသိမ်း သမ္မတ၏ ထိုင်းနိုင်ငံခရီးစဉ်အတွင်း ထိုင်းအစိုးရက လက်ခံတွေ့ဆုံမှုကို ထိုင်းအရပ်ဘက်အဖွဲ့အစည်းများက ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။ ၂၀၂၁ ခုနှစ် မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင်ဖြစ်ခဲ့ပြီး ၎င်းကိုယ်တိုင် စီစဉ်ကျင်းပခဲ့သည့် ရွေးကောက်ပွဲများမှ သမ္မတဖြစ်လာသူ ဦးမင်းအောင်လှိုင်၏ ထိုတွေ့ဆုံမှုသည် စစ်အာဏာသိမ်းမှုကို နိုင်ငံရေးအရ တရားဝင်မှု ပေးအပ်ရာရောက်ပြီး မြန်မာပြည်သူများ...

အောင်ပန်းတွင် အသက် (၆) နှစ်အရွယ်ကလေး နားကပ်လုခံရပြီး ရေထဲပစ်ချခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့ နောင်ရဲကျေးရွာနေ အသက် (၆)နှစ်အရွယ် ကလေးတဉီးသည် နားကပ် လုခံရပြီး ရေတွင်းထဲ ပစ်ချခံရကာ သေဆုံးသွားကြောင်း သတင်းရရှိသည်။   ဖြစ်စဉ်မှာ ယမန်နေ့ ဩဂုတ်လ (၆) ရက်နေ့ ညနေ ၅ နာရီခွဲ တွင် အောင်ပန်းမြို့ နောင်ရဲကျေးရွာရှိ အသက် (၆)...

လားရှိုး ရေကြီး၊ နေအိမ်နှင့် လယ်များ ရေနစ်မြှုပ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ်တွင် မိုးဆက်တိုက် ရွာသွန်းမှုကြောင့် နမ့်ယောင်ချောင်းရေ မြင့်တက်ကာ နေအိမ်များ နှင့် လယ်ကွက်များ ရေနစ်မြှုပ်နေကြောင်း သတင်းရရှိသည်။ ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် လားရှိုးမြို့နယ် နမ့်ယောင်ချောင်းရေ မြင့်တက်လာကာ လားရှိုးမြို့ရှိ ရပ်ကွက် (၁၂)၊ ရပ်ကွက် (၅) နှင့် ခေးခမ်းကျေးရွာဘက်ရှိ...

မြန်မာ အာဏာသိမ်း သမ္မတ ထိုင်းလွှတ်တော်သို့ ရောက်ရှိစဉ် ထိုင်းလွှတ်တော်အမတ်တစ်ဦး အော်ဟစ် ဆန္ဒပြ

0
ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည့် အာဏာသိမ်း သမ္မတ ဦးမင်းအောင်လှိုင် ယနေ့ ဩဂုတ်လ ၇ ရက် (သောကြာနေ့) က ထိုင်းလွှတ်တော်သို့ ရောက်ရှိလာစဉ် ထိုင်းလွှတ်တော်အမတ်တစ်ဦးက "ငြိမ်းချမ်းရေးအတွက်၊ လူသားချင်းစာနာမှုအတွက်" (For peace, for humanity) ဟု ကျယ်လောင်စွာ ကြွေးကြော်၍ ပြင်းပြင်းထန်ထန်...