အများပိုင် တောင်သူလယ်သမားများ၏ ထုတ်ကုန်လမ်းအား လမ်းတံတားဌာနမှ ခြံစည်းရိုးခတ် လမ်းပိတ် ဒေသခံများအခက်တွေ့

သျှမ်းပြည်တောင်ပိုင်း ရွှေညောင်မြို့ ၊ အောင်သပြေ ရပ်ကွက် ၊ စဉ့်ဟယ် (၂) တွင် ဒေသခံပြည်သူများနှင့်တောင်သူ လယ်သမားများ ၏ စိုက်ပျိုးသီးနှံထုတ်ကုန်များသယ်ယူ ပို့ဆောင်ရေး တွင်အသုံး ပြု နေသောအများပိုင်လမ်းအား ဆောက်လုပ်ရေးဝန်ကြီးဌာန လက်အောက် ရှိလမ်းတံတားအထူး(၁၂)မှ ဌာနဆိုင်ရာ လုံခြုံရေး အတွက် ခြံစည်းရိုး ခတ်လိုက်သည့်အပေါ် ဒေသခံလူထု သွားလာရေးအတွက် အခက်တွေ့နေကြောင်းသိရသည်။

အဆိုပါလမ်းအား (၄၆) နှစ်လုံးအသုံးပြု လာခဲ့သည့် ဒေသခံ ဒေါ်စန္ဒာက “ဒီပေ ၂၀ လမ်းလေးကို အသုံးပြု နေတဲ့ ကျမတို့ဆီက ကျောင်းသားတွေ ၊ တောင်သူတွေ ၊ ၀န်ထမ်းတွေ ရှိတယ် ၊ ကျမတို့ လမ်းမပိတ်ဖို့ သွားညှိနှိုင်းပေမဲ့ အထက်က လုပ်တာလို့ပြောလို့ ကျမတို့ အထက်အထိစာတင်တယ်။ တောင်ကြီး က ရုံး ၁၀ ရုံးလောက်ကို စာတင်ခဲ့တယ်။ ပြန်စာအကြောင်းကြား စာ ပြန်မလာပဲနဲ့ သူတို့က ဇွတ်တိုးပြီး လုပ်လာတယ် ” ဟု ၄င်းကပြောသည် ။

“အများပြည်သူပိုင် ဒီပေ ၂၀လမ်း ကို ကျနော်တို့ ရအောင်ကြိုးစားပါမယ် ၊ပြည်ထောင်စုဝန်ကြီး၊ ရှမ်းပြည်နယ် ၀န်ကြီးတွေဆီ စာတင်ထားပါတယ် ၊ တင်ထားလို့မှ ဘာမှအကြောင်း မပြန်သေးပဲနဲ့ ဒီ ဆောက်လုပ်ရေး ၀န်ကြီး ဌာနလက်အောက်က အရာရှိတွေကဒါကို ဇွတ်လုပ်နေပါတယ် ၊ ဒါကြောင့် ကျနော်တို့ လယ်သမားတွေနဲ့ ပြည်သူတွေက ဆန္ဒထုတ်ဖော် သွားဖို့အထိ ရည်ရွယ်ထားပါတယ်” ဟု အောင်သပြေဒေသခံ ကိုကျော်သူထွေးက ပြောသည် ။

အဆိုပါလမ်းကို နေ့စဉ် အသုံးပြု နေကြသော အောင်သပြေရပ်ကွက်မှ တောင်သူလယ်သမား ဦးရေ တစ်ရာကျော်ခန့် သည် စဉ့်ဟယ် ရပ်ကွက်နှင့် ဆည်လဲ ရပ်ကွက်ရှိ ကွင်းအမှတ် (၈၄)၊ ယန္တရားကွင်းနှင့် ဆည်လဲကွင်းများရှိ လယ်မြေဧက (၄၀၀)ကျော်ကို လုပ်ကိုင်လျှက်ရှိသည့်အတွက် တောင်သူများ သီးနှံ ထွက်ချိန် တွင် ကုန်ပစ္စည်း များသယ်ယူပို့ဆောင်ရေး အတွက် အခက်အခဲဖြစ်လာနိုင်ကြောင်း တောင်သူ ဦးထိန်ဝင်းကပြောသည် ။

” လမ်းပိတ်လိုက်မယ်ဆိုရင် မြေသြဇာတွေ ၊ ရာသီအလိုက် စိုက်ပျိုးထုတ်ကုန်တွေ သယ်ယူဖို့ ခက်ခဲ သွားလိမ့်မယ် ဒီလမ်းပိတ်မယ်ဆို ကျနော့်လယ်တွေရောင်းပစ်ချင်ပြီ “ဟု ၄င်းကဆိုသည် ။

၂၀၁၃ ခုနှစ်တွင် ယန္တရား တပ်စု (၂ )မှ ဌာနဆိုင်ရာ လူကြီး များ၊ ရပ်မိရပ်ဖ များ ၊ တောင်သူ လယ်သမားများညှိနှိုင်း ၍ တောင်သူများစိုက်ပျိုးထုတ်လုပ်သော စပါး၊ ကြက်သွန်ဖြူ၊ ၊ ခရမ်းချဉ်သီး နှင့် ဟင်းသီးဟင်းရွက် များသယ်ယူ သည့် ထုတ်ကုန်လမ်း အဖြစ် ယန္တရား တပ်စု (၂) ဘောလုံးကွင်း အနောက်ဘက် သျှမ်းပြည် နယ် စိုက်ပျိုးရေး လုပ်ငန်းပိုင်ဆိုင်သည့် ပေ(၂၀)ရှိလမ်းကို တောင်သူများဖြတ်သန်းသွားလာရန် ကုန်ထုတ်လမ်းအဖြစ် သတ်မှတ်ပေးခဲ့ သော်လည်း ယခုအခါတွင် ယန္တရား တပ်စုဝင်းကို ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားအထူးအဖွဲ့ (၂) သို့ မြေလွှဲ ပြောင်းပေးခဲ့ ကြောင်း အောင်သပြေအုပ်ချုပ်ရေးမှူးရုံး ၏ တင်ပြ စာများအရသိရှိရပါသည် ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မြန်မာ့အရေးထဲက သယံဇာတ တူးဖော်ရေးနဲ့ သဘာဝပတ်ဝန်းကျင် အရေးကိုလည်း မမေ့သင့်ပါ

0
ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ သုံးရက်ကြာ ကျင်းပတဲ့ “အကျပ်အတည်းနှင့် ဖြစ်နိုင်ချေကြား မြန်မာပြည်ကူးပြောင်းရေး အသံ” ဆိုတဲ့ ဆွေးနွေးပွဲကို ကျင်းပခဲ့ပါတယ်။ ဒါဟာ (၅) ကြိမ်မြောက် ကျင်းပခဲ့တဲ့ မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေးညီလာခံ (International Conference on Burma/Myanmar) ဖြစ်ပြီး ကျနော်အနေနဲ့ ပထမဆုံးအကြိမ် တက်ရောက်ခဲ့တာပါ။ ညီလာခံကို ၂၀၂၆ သြဂုတ်လ ၁၄ ရက်ကနေ...

နှစ်လအတွင်း ရွာငံဒေသခံ (၄၀)ကျော်ကို စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွား

0
သျှမ်းပြည် တောင်ပိုင်း ရွာငံမြို့နယ် နှစ်လ အတွင်း ကျေးရွာများမှ ဒေသခံများကို စစ်ကော်မရှင်တပ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နှင့် ဆက်စပ်မှုရှိသည်ဟုဆိုကာ ဖမ်းဆီးမှုများရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ရွာငံမြို့နယ်တွင် ဇူလိုင်နှင့် ယခု သြဂုတ်လ အတွင်း ကျောက်ငှက်၊ သိမ်ကုန်း၊ မြစေတီ၊ မြိုင်၊...

သျှမ်းပြည်တွင် မြေရှားသတ္တုလုပ်ကွက်ပေါင်း (၉၀) နီးပါးအထိ တိုးလာနေ

0
သျှမ်းပြည်အတွင်းရှိ မြေရှားသတ္တုတူးဖော်မှုများသည် စစ်အာဏာသိမ်းပြီးနောက်ပိုင်း အဆမတန် တိုးချဲ့လာနေပြီး လက်ရှိတွင် မြေရှားသတ္တုတွင်း ၈၆ နေရာအထိ ရှိလာပြီ ဖြစ်ကြောင်း ဝါရှင်တန်အခြေစိုက် Stimson Center ၏ ဂြိုဟ်တုဓာတ်ပုံ အထောက်အထားများအရ သိရသည်။ Stimson Center ၏ စုံစမ်းစစ်ဆေးမှုအရ မြန်မာနိုင်ငံတစ်ဝန်းတွင် မြေရှားသတ္တုတွင်းပေါင်း ၆၀၀...

ရက် ၁၀၀ စီမံချက်အပြီး နိုင်ငံခြားကုန်စည် သွားတိုက်ဆေး ပါ တင်ခွင့်မပြု

0
စစ်ကောင်စီ၏ ရက် ၁၀၀ စီမံချက်ကာလ ပြီးဆုံးသော်လည်း သျှမ်းပြည်အတွင်း နိုင်ငံခြား ကုန်စည်များ တင်ဆောင်သည့် ကားများကို စစ်ဆေးဖမ်းဆီးမှုများ ဆက်လက်ရှိနေပြီး နိုင်ငံခြားကုန်ပစ္စည်းဖြစ်သည့် သွားတိုက်ဆေးပါ တင်ခွင့်မပြုကြောင်း သတင်းရရှိသည်။ လက်ရှိ သျှမ်းပြည် တောင်ပိုင်း ကျေးသီး၊ လဲချား၊ မိုင်းပွန်၊ တောင်ကြီး ၄ မိုင်...

“ရိုးရာ စိုက်ပျိုးရေးတွေကို လက်ဆင့်ကမ်းမယ့် တောင်သူတွေ မရှိတော့တဲ့အတွက် ဒေသတွင်း စိုက်ပျိုးရေး စနစ်တခုလုံး ပြိုလဲသွားနိုင်တဲ့အထိ စိုးရိမ်ရတယ်”

0
သျှမ်းပြည်အတွင်း ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခ၊ ကုန်ဈေးနှုန်းကြီးမြင့်မှုနှင့် ရာသီဥတုဖောက်ပြန်မှုများကြောင့် ဒေသခံတောင်သူများမှာ သိန်းရာချီသည့် အကြွေးနွံထဲသို့ ရောက်ရှိနေပြီး သျှမ်းပြည်၏ စားနပ်ရိက္ခာဖူလုံရေးမှာ စိုးရိမ်ဖွယ်ရာ အခြေအနေသို့ ဆိုက်ရောက်နေပါသည်။ အစိုးရ၏ စိုက်ပျိုးစရိတ်ချေးငွေ မလုံလောက်မှု၊ စစ်မှုထမ်းဥပဒေကြောင့် လုပ်သားရှားပါးမှုနှင့် ကုမ္ပဏီထုတ်မျိုးစေ့များအပေါ် မှီခိုနေရသည့် စနစ်ဆိုးများကြောင့် တောင်သူများမှာ ‘စပါးကျီမှ အကြွေးကျီ’...