တပ်မတော်က ငြိမ်းချမ်းရေးအတားအဆီးဖြစ်နေပြီလား

ဇန်နဝါရီလ နောက်ဆုံးအပတ်မှာ သျှမ်းပြည်တောင်ပိုင်းလင်းခေးမြို့မှာကျင်းပမယ့် သျှမ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအကြို လူထုတွေ့ဆုံပွဲကို သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA က ဦးစီးပြီး ဒီဇင်ဘာလ ၁၇ ရက်နေ့ကနေ ၂၄ ရက်နေ့အထိ သျှမ်းလူထုနဲ့ ကွင်းဆင်း တွေ့ဆုံ နေပါတယ်။ လက်ရှိတွေ့ဆုံမှု တွေထဲက ပင်လုံမြို့မှာပြုလုပ်တဲ့ တွေ့ဆုံပွဲကို အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာန ချုပ်(ရလခ) စစ်တိုင်းမှူး ရဲ့ညွှန်ကြားချက်နဲ့ တပ်မတော်အင်အားသုံး တားမြစ်ပိတ်ပင်ခြင်း ခံနေရတာ တွေ လည်း ရှိနေပါတယ်။ ဒီအတွက် အသေးစိပ်သိရအောင်လို့ RCSS/SSA ရဲ့ ပြောခွင့်ပုဂ္ဂိုလ် ဗိုလ်မှူးကြီးစိုင်းဦး ကို သျှမ်းသံတော်ဆင့် ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ အခုလူထုတွေ့ဆုံပွဲအခြေအနေက ဘယ်အတိုင်းအတာအထိ ပြီးပြီလဲ။

ဖြေ။ ။ ကျနော်တို့မြောက်ပိုင်းအဖွဲ့ကတော့ ၅ နေရာသွားဖို့ရှိတယ်။ အခုက မူစယ်နဲ့သိန္နီမှာဘဲ။ ကျန်တာ ၃ နေရာရှိသေးတယ်။ ကျန်တဲ့ ၄ ဖွဲ့ကလည်း တနေရာစီဘဲ ပြီးသေးတယ်။ ၃၀ ရာခိုင်နှုန်းဘဲပြီးသေးတယ်။ မြောက်ပိုင်းက လားရှိုး ၊ မိုင်းရယ် ၊ ကျောက်မဲ ၃ နေရာကျန်တယ်။

မေး။ ။ သျှမ်းအမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲအကြို လူထုတွေ့ဆုံပွဲပင်လုံမှာ တပ်မတော်က ၀င်ရောက်တားဆီးတယ်။ တောင်ကြီးမှာလဲထပ်မလုပ်ဖို့ပြောတယ်။ ဒီအပေါ် ဘယ်လိုပြောချင်သလဲ။

ဖြေ။ ။ ကျနော်တို့ ဒီလူထုတွေ့ဆုံပွဲမလုပ်ခင် သျှမ်းပြည်နယ်ဝန်ကြီးချုပ်ဆီကိုလည်း အကြိုဆွေးနွေးပွဲတွေ လုပ်မယ့် အကြောင်း ၁၀ ရက်နေ့ရက်စွဲနဲ့စာတင်တယ်။ ပင်လုံမှာ တပ်ကလာပြီးတားမြစ် တာကတော့ အစိုးရပိုင်းက ဒီတပ်ဘက်ပိုင်းကိုပြန်ပြီးတော့ အကြောင်းကြားတာတွေသတင်းပို့တာတွေ မလုပ်လို့ဖြစ်တယ် လို့ဘဲထင်ပါတယ်။ ရလခတိုင်းက တိုင်းမှူးက သူကိုယ်တိုင်ကလည်း JMCS က ဥက္ကဌလည်းဖြစ်ပါတယ်။ နောက်ပြီး ဒီလိုလုပ်မယ့်ကိစ္စအတွက် JMC-U က စာပို့ထားတာညွှန်ကြားထားတာမှရှိဘူးလို့ကြားရတယ် ။

မေး။ ။ အခုလို တားမြစ်တဲ့အပေါ် ဘယ်လို် ဂယက်ရိုက်မှုတွေ ဖြစ်လာနိုင်ပါသလဲ။

ဖြေ။ ။ ကျနော်တို့ဒီလူထုတွေ့ဆုံပွဲက ၂၁ ရာစုပင်လုံညီလာခံမှာတင်ပြဖို့အတွက် အချက်အလက်တွေ ကိုစုဆောင်းခြင်းဖြစ်တယ်။ ပြည်သူလူထုအကြံဉာဏ်ကိုယူနေတာပါ ။တိုင်းပြည်အတွက် ငြိမ်းချမ်းရေးဖြစ်စဉ် အတွက် အထောက်အကူ ဖြစ်စေပါတယ်။ အဲလိုဟန့်တားခံရခြင်းအားဖြင့် ကျနော်တို့ သျှမ်းလူမျိုးတင်သာမက တိုင်းရင်းသားတွေအားလုံးက တပ်မတော်အပေါ်ယုံကြည်မှုကိုလျော့ပါးလာစေတယ်။ အမှန်ဆိုရင်ကျနော်တို့က ဒီနိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲ လုပ်နေတာက ကျနော်တို့ကဒီနိုင်ငံတည်ဆောက်ဖို့ ငြိမ်းချမ်းရေးတည်ဆောက် ဖို့ အတွက်လုပ်နေတာပါ။

မေး။ ။ ဒီလုပ်နေတဲ့ လုပ်ငန်းစဉ်အပေါ် ဘာများထပ်ပြောလိုပါသေးလဲ။

ဖြေ။ ။ ကျနော်တို့တွေ့မြင်သလောက်တော့ ဒီဆွေးနွေးပွဲလာတဲ့လူထုဟာ တင်ပြတယ် ။ ဆွေးနွေးတယ် အကြံပြုချက်တွေပေးတယ်။ အကြံပြုချက်တွေဟာလည်း ကျနော်တို့ သျှမ်းအမျိုးသားတွေအတွက် တော်တော် လေးကောင်းမွန်တဲ့အကြံပြုချက်တွေပေးတာတွေ့ရတယ်။ လာတက်တဲ့လူတွေကလည်း စိတ်ပါ၀င်စားစွာ နဲ့ဆွေးနွေး တာတွေ တွေ့ရပါတယ်။

ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်။

လူထုထံ ကွင်းဆင်းတွေ့နေတဲ့ အဖွဲ့တွေဟာ လာမယ့် ဒီဇင်ဘာ ၂၅ ရက်နေ့ တောင်ကြီးမှာ ပြန်လည်တွေ့ဆုံဖို့ ချိန်းဆိုထားကြပေမယ့် RCSS အနေနဲ့ သတ်မှတ်ထားတဲ့နေရာမှ အပ နိုင်ငံရေးဆွေးနွေးပွဲ မလုပ်ဖို့ တောင်ကြီးအခြေစိုက် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးက စာရေးအကြောင်းကြားထားတဲ့ အတွက် လုပ်ဖြစ်မယ်မလုပ်ဖြစ်မယ်။ မသေခြာတော့ပါဘူး။ တောင်ကြီးမှာ တွေ့ဆုံမှု မပြုနိုင်ရင် လင်းခေးမြို့မှာ ပြုလုပ်မယ့် သျှမ်းအမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲအတွက် အခက်အခဲ ဖြစ်နိုင်တယ်လို့ သုံးသပ်သူများ ကပြောဆိုနေကြပါတယ် ။

RCSS/SSA ဟာ ဦးသိန်းစိန်အစိုးရလက်ထက်ကတည်းက ဥပဒေပြင်ပအဖွဲ့အစည်းများစာရင်းကနေ ပယ်ဖျက်ထားတဲ့အဖွဲ့အစည်းဖြစ်တဲ့အပြင် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ်လက်မှတ်ရေးထိုးထားတဲ့အဖွဲ့ဖြစ်ပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နောင်ချို-မန္တလေးလမ်းတွင် ဂိတ်ကြေး ကျပ်သိန်း (၁,၀၀၀) ကျော်အထိ ပေးဆောင်ရ

0
သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့မှ မန္တလေးသို့ သွားသည့် လမ်းတလျှောက်ရှိ စစ်ကော်မရှင် စစ်ဆေးရေးဂိတ်များတွင် ဂိတ်ကြေးနှင့် လမ်းရှင်းခ တောင်ခံမှုသည် အဆမတန် မြင့်မားနေပြီး ကုန်သည်များနှင့် ယာဉ်မောင်းများထံမှ သိရသည်။ ပြီးခဲ့သည့် ဧပြီလမှစတင်ကာ စစ်ကော်မရှင်၏ "ရက် ၁၀၀ စီမံချက်" ဖြင့် ကုန်သွယ်ရေးလမ်းကြောင်းများကို တင်းကျပ်လိုက်ပြီးနောက် နယ်စပ်မှဝင်လာသည့်...

စက်သုံးဆီပြဿနာကြောင့် တာချီလိတ်-မိုင်းရှူး လိုင်းကားများ ရပ်နားထားရ

0
တာချီလတ်-မိုင်းရှူးပြေးဆွဲနေသည့် လိုင်းကားများသည် ယခုနှစ်အတွင်း စက်သုံးဆီ စျေးနှုန်းမြင့်တက်မှု၊ ဝယ်ယူရန်ခက်ခဲမှုနှင့် စစ်ကော်မရှင်၏ စစ်ဆေးရေးဂိတ်များ တင်းကြပ်မှုတို့ကြောင့် ရပ်နားလိုက်ရကြောင်း သတင်းရရှိသည်။ လက်ရှိ တာချီလိတ်မြို့တွင် ဓာတ်ဆီ ၉၁ တစ်လီတာလျှင် ၆၅ ဘတ်ခန့် ရှိသော်လည်း တရားမဝင်ဈေးကွက်တွင် ၈၀ ဘတ်မှ ၁၀၀ ဘတ်ဝန်းကျင်အထိ ပေးဝယ်ရသည့်အခြေအနေရှိပြီး...

လဲချားမြို့နယ်တွင် သုံးနှစ်ခန့် လည်ပတ်ခဲ့သည့် ကျားဖြန့်များထဲမှ ၃၄ ဦးသာ ဖမ်းမိ

0
သျှမ်းပြည်တောင်ပိုင်း လဲချားမြို့နယ်တွင် ၂၀၂၄ ခုနှစ်ဝန်းကျင်ကတည်းက လည်ပတ်နေသည့် အွန်လိုင်းလိမ်လည်လောင်းကစား ကျားဖြန့်လုပ်ငန်းမှ တရုတ်နိုင်ငံသား ၃၄ ဦးကို (ဩဂုတ်လ ၁၀ ရက်)တွင် စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ကြောင်း ထုတ်ပြန်ထားသည်။ လဲချားမြို့နယ် ဆီးဆောကျေးရွာအနီး တောတွင်းရှိ မိုးကာတဲများအတွင်း ကျားဖြန့်လုပ်ငန်း လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား အမျိုးသား ၃၄...

နေပြည်တော်တွင် SSPP နှင့် NSPNC တွေ့ဆုံစဉ် မိုးမိတ်ရှိ SSPP ဆက်နွှယ်သူဟု စွပ်စွဲခံရပြီး နေအိမ်ဖျက်ဆီးခံရ

0
သျှမ်းပြည် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုရှိ ပြည်သူနေအိမ်(၂) လုံးကို SSPP နှင့် ဆက်နွှယ်သည်ဟု စွပ်စွဲကာ စစ်တပ်ဘက်က လာရောက်ဖျက်ဆီးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဩဂုတ်လ ၇ ရက် နံနက်ပိုင်း ၉ နာရီခန့်တွင် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုရှိ ပြည်သူများ၏ နေအိမ်ကို SSPP နှင့် ပတ်သက်ဆက်နွယ်သည်ဟု...

သက်ကြီးရွယ်အိုများလာသည့် ထိုင်းနိုင်ငံနှင့် ရွှေ့ပြောင်းလုပ်သား လိုအပ်ချက်

0
ထိုင်းနိုင်ငံ၏ အဓိက စက်မှုလုပ်ငန်းများနှင့် စိုက်ပျိုးရေး ကဏ္ဍများတွင် သက်ကြီးရွယ်အိုအုပ်စုများ ပိုမိုများပြားလာပြီး မြန်မာနိုင်ငံအပါအဝင် ပြည်ပရွှေ့ပြောင်း အလုပ်သများလိုအပ်ချက်ပိုမိုမြင့်မား လာနေကြောင်း ဘန်ကောက်ပို့စ်၏ ဆောင်းပါးတစ်ခုတွင် ဖော်ပြထားသည်။ ထိုင်နိုင်ငံအတွင်း စက်မှုကုန်ထုတ်လုပ်ငန်းများ နှေးကွေးလာမှုနှင့်အတူ အလုပ်ထုတ်ပယ်ခံရနိုင်သည့်သူ ၅ သိန်းအထိ ရှိလာနေသည့် အခြေအနေနှင့် ရင်ဆိုင်နေရာသော်လည်း၊ တဖက်တွင် ပြည်ပရွှေ့ပြောင်းလုပ်သား...