Wednesday, January 28, 2026

ကျောက်မဲမြို့နယ် နွားကားထပ်မံ ပစ်ခတ်ခံရ  

သျှမ်းပြည်နယ် ကျောက်မဲမြို့ စခန်းသာ ကျေးရွာ အနီး ပြည်ထောင်စု လမ်းမပေါ် တွင် ယမန်နေ့ ည ၉ နာရီဝန်း ကျင်က နွားတင်ဆောင်လာသည့် ကားပစ်ခတ်မှုခံရသဖြင့် ယာဉ်မောင်းတဦးနှင့် ယာဉ်နောက်လိုက် ၂ ဦး ဒဏ်ရကြောင်း သိရ သည်။

Photo by – Phyo Wai/ U Tin Maung Thein – နို၀င်ဘာလ ၂၉ ရက်ညက ကျောက်မဲမြို့တွင် ပစ်ခတ်ခံရသော နွားတင်ကား

ဖြစ်စဉ်မှာ ယမန်နေ့ တွင် တရုတ်နယ်စပ်သို့ ပို့ဆောင်မည့် နွားများတင်လာသည့် ကုန်ကား ၅ စီးသည် ကျောက် မဲမြို့နှင့် ၆ မိုင်ခန့် ဝေးကွာသည့် စခန်းသာကျေးရွာ အနီးတွင် ပစ်ခံရကြောင်း၊ နွားကားများ နောက်တွင် တပ်မ တော် လုံခြုံရေး ကားတစီးကပ်ပါလာသဖြင့် လက်နက်ကိုင်နှင့် တပ်မတော်တို့ ထိတွေ့မှု အနည်းငယ်ဖြစ်ပွား ခဲ့သေး ကြောင်း ကျောက်မဲမြို့ ဇီဝိတ လူမှုကူညီရေးအသင်း မှ ဦးတင်မောင်သိန်း က သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“တိုင်းရင်းသားလက်နက်ကိုင်ကတော့ ဘယ်အဖွဲ့ဆိုတာ မသိဘူး။ ရှေ့ဆုံးနွားကားပဲ ပစ်ခံရတာ။ ကားသမား ကတော့ လက်မောင်းနဲ့ နားထင် သေနတ်မှန်တယ်။ ကျန် ယာဉ်နောက်လိုက် ၂ ဦးက ခြေထောက်ထိသွားတယ်” ဟု ဦးတင်မောင်သိန်း က ဆိုသည်။

သေနတ်ထိမှန်သည့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့၏ ဒဏ်ရာမှာ စိုးရိမ်စရာ မရှိကြောင်းလည်း ဦးတင်မောင်သိန်း က ထပ်လောင်းပြောသည်။

ကျောက်မဲမြို့နယ် အတွင်း နွားတင်ကားပစ်ခံရမှုသည် ဇွန် ၁၂ ရက်နေ့တွင် တကြိမ်ဖြစ်ပွားကာ ယာဉ်မောင်းတဦး နှင့် ယာဉ်နောက်လိုက် တဦး ဒဏ်ရာရ၊ ဇွန် ၂၉ ရက်နေ့တွင် တကြိမ်၊ နိုဝင်ဘာ ၅ရက်တွင် နွားတင်လာသည့် သုံးဘီး ဆိုင်ကယ် တစီးပစ်ခံရပြီး ဆိုင်ကယ်သမား ပွဲချင်းပြီးသေဆုံးခဲ့ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲ စစ်တပ်ပြန်ဝင်လာပြီး TNLA နှင့်ဆက်စပ်သူများကို ဖမ်းဆီး၊ နေအိမ်ဆိုင်ခန်း ချိတ်ပိတ်

0
သျှမ်းပြည် ကျောက်မဲမြို့တွင် စစ်ကော်မရှင်တပ်က TNLA နှင့် ပတ်သက်ကြောင်း စွပ်စွဲခံရသူများကို စတင်ဖမ်းဆီးခဲ့ပြီး နေအိမ်ဆိုင်ခန်းများလည်း ချိတ်ပိတ်ခံရကြောင်း စုံစမ်းသိရသည်။ အောက်တိုဘာလ (၁) ရက်တွင် ကျောက်မဲမြို့ကို စစ်ကော်မရှင်တပ်က အလုံးစုံ ပြန်လည် ထိန်းချုပ်ခဲ့ပြီးနောက် မြို့ပေါ်ရပ်ကွက်များတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်စဉ် အုပ်ချုပ်ရေးပိုင်း...

ကျောက်မဲမြို့ထဲ စစ်ကော်မရှင်တပ် ပြန်ဝင်ရောက်နေရာယူ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ်သို့ စစ်ကော်မရှင်တပ်သားများ ဝင်ရောက်လာပြီး မြို့ပြင်ဘက်တွင် သေနတ်ပစ်ခတ်သံများ ဆက်ကြားနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (အောက်တိုဘာ ၁ ရက်) နံနက်ပိုင်းမှ စတင်ပြီး တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ခုခံကာကွယ်ခဲ့သည့် ကျောက်မဲမြို့ပေါ်သို့ စစ်ကော်မရှင်တပ်သားများ ဝင်ရောက်လာပြီး ယမန်နေ့တွင် မီးရှို့ခံထားရသည့် ဌာနဆိုင်ရာရုံးများတွင် နေရာယူထားကြောင်း...

ကျောက်မဲမြို့အနီး ၃ မိုင်အကွာ တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် အဆိပ်ဗုံးကြဲဟု TNLA ပြော

0
သျှမ်းပြည် ကျောက်မဲမြို့အနီး ၃ မိုင်ခန့်အကွာအဝေးတွင် စစ်ကော်မရှင်တပ်နှင့် TNLA တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကော်မရှင်တပ်မှ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်နေကြောင်း စုံစမ်းသိရသည်။ ယနေ့ (စက်တင်ဘာလ ၂၉ ရက်) နေ့လယ်ပိုင်းတွင် စစ်ကော်မရှင်တပ်နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့၏ ကျောက်မဲမြို့နယ်အတွင်း ဖြစ်ပွားနေသည့် မြေပြင်ထိတွေ့တိုက်ပွဲသည်...

ကျောက်မဲမြို့ လူမှုကူညီရေးအသင်းဝင် အမျိုးသမီးတစ်ဦးကို TNLA ပြန်လွှတ်ပေး

0
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့တွင် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) မှ ဖမ်းဆီးခေါ်ဆောင်သွားသည့် လူမှုကူညီရေးအသင်းဝင် အမျိုးသမီးတစ်ဦး ပြန်လွှတ်လာကြောင်း သတင်းသိရှိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၁၉ ရက် နေ့လယ် ၂ နာရီခွဲအချိန်တွင် ကျောက်မဲမြို့ နမ့်ခုံးရှမ်းများပရဟိတ အသင်းဝင် တစ်ဦးဖြစ်သည့် နန်းအေးယိင်းသည် ကျောက်မဲမြို့...

ကျောက်မဲမြို့ လူမှုကူညီရေးအသင်းဝင် အမျိုးသမီးတစ်ဦးအပါအဝင် အရပ်သား ၃ ဦး ကို TNLA ဖမ်းဆီး

0
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ လူမှုကူညီရေးအသင်းဝင် အမျိုးသမီးတစ်ဦး အပါအဝင် အရပ်သား ၃ ဦးကို တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) မှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ကျောက်မဲဒေသခံများ၏ ပြောကြားချက်အရ သိရသည်။ ယမန်နေ့ (စက်တင်ဘာလ ၁၉ ရက်) နေ့လယ် ၂ နာရီခွဲတွင် ကျောက်မဲမြို့...