Wednesday, January 28, 2026

တရုတ်နယ်စပ် မူစယ် – မိန့်ဝိန်းဂိတ်တွင်ကုန်ကားကြီးများဆိုးရွားစွာပိတ်ဆို့ ရိုက်နှက်မှုများဖြစ်ပွါး

သျှမ်းပြည်မြောက်ပိုင်း တရုတ်နယ်စပ် မူစယ်မြို့တွင် ကုန်ကားကြီးများအား တရုတ်အာဏာပိုင်များ တင်းကျပ်စစ်ဆေးနေသဖြင့် မန့်ဝိန်းနယ်စပ်ဂိတ်တွင် ကုန်ကား ကြီးများ ဆိုးရွားစွာ ပိတ်ဆို့မှုများဖြစ်ပွါး နေကြောင်းသိရသည်။

Photo by Muse youth : မူစယ်မြို့ တရုတ်နယ်စပ်ဂိတ်တွင် ကားကြီးများ ပိတ်ဆို့နေသည်ကိုတွေ့ရစဉ်

အဆိုပါဂိတ်ပေါက်မှ ကားတန်းများသည် မြို့ပြင်လမ်းတလျှောက် ရှည်လျားစွာ ပိတ်ဆို့နေပြီး ၀င်ထွက်သွားလာနိုင်ခြင်းမရှိသည့်အပြင် မြို့တွင်းကားငယ်များလည်းသွားလာရေးခက်ခဲနေကြောင်း၊ ကားသမားများ ရိုက်နှက်မှုဖြစ်ပွါးသည်အထိရှိနေကြောင်း သိရသည်။

ကားသမားတွေလည်း ကားမောင်းကြမ်းတာရယ် ကားလမ်းပိတ်ဆို့မှုကြောင့် တယောက်နဲ့ တယောက် ကျော်တက် ဖို့ကြိုးစားတာရယ်ကြောင့် နို၀င်ဘာလ ၂၀ ရက်နေ့တုန်းက ကားသမားအချင်းချင်း ရန်ဖြစ်စကားများကြပြီး ရိုက်နှက်မှုတွေတောင်ဖြစ်ခဲ့တယ်။ ယာဉ်ထိန်းရဲကဝင်ညှိတယ်။ အဲ့မှာ ယာဉ်ထိန်းရဲနဲ့ လုံးထွေး ရင်း ယာဉ်ထိန်းရဲနဲ့ ကားသမား ဇော်ဇော် ၂ယောက်လုံး ဒဏ်ရာရသွားတယ် ။အခု မူစယ်နဲ့နမ့်ခမ်းဆေးရုံတွေမှာ ပို့ဆောင်ဆေးကုထားတယ်။ – ယာဉ်မောင်း ကိုမင်းမင်း က သျှမ်းသံတော်ဆင့်အားပြောသည်။

တရုတ်အာဏာပိုင်များသည် တရုတ်ဘက်ဝင်မည့်မြန်မာဘက်မှကားများကို တင်းကျပ်စစ်ဆေးနေပြီး ယခင်က ကုန်ကား တနေ့ အစီးရေ ၂၀၀ ခန့် ၀င်ထွက်သွားလာနေရာမှ ယခုတွင်မူ တရက် ၈၀ ခန့်သာ ၀င်ထွက်သွားလာတော့ကြောင်း သိရသည်။

ထို့အတွက် ပိတ်ဆို့နေသောကားတန်းကြီးများအား ရှင်းလင်းပေးရန် မူစယ်ဒေသခံများက တောင်းဆိုနေကြကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဆင်ဖြူစျေးကော်မတီရုံးဆောက်လုပ်နေမှု လက်နက်အပြည့်အစုံဖြင့်တရုတ်တပ်ဖွဲ့များ ၀င်ရောက်ဟန့်တား ဒေသခံလူထု ထိတ်လှန့်

0
တရုတ်နယ်စပ် မြန်မာဘက်ခြမ်းမူစယ်မြို့ တွင် ဆောက် လုပ်နေသည့် ဆင်ဖြူစျေးကော်မတီရုံးနှင့် ပတ်သတ်ပြီး လက်နက်အပြည့်ကိုင်ဆောင်သည့် တရုတ်တပ်ဖွဲ့ဝင်များ ဝင်ရောက် ဟန့်တား ရာ ဒေသခံများထိတ်လန့်မှု ဖြစ်ခဲ့ကြောင်း သတင်းရရှိသည်။ အောက်တိုဘာ ၁၇ ရက်နေ့ မနက် ၈ နာရီက မူစယ်မြို့အတွင်း တရုတ်တပ်ဖွဲ့များ လက်နက်ဖြင့် နယ်စပ်...

မူစယ် – ပန်ဆိုင်း လမ်းပေါ် ချိန်ကိုက်မိုင်းပေါက်ကွဲ အမျိုးသမီးတဦးသေ၊ တဦး ဒဏ်ရာရ

0
သျှမ်းပြည်နယ် မြောက်ပိုင်း မူစယ်မြို့နယ် နမ့်တောင်းကျေးရွာ နှင့် ပန်ဆိုင်းမြို့အကြား ပြည်ထောင် စုလမ်းမ ပေါ်တွင် ဒေသခံအမျိုးသမီး ၂ ဦး မိုင်းနင်းမိကာ သေကြေဒဏ်ရာရမှုဖြစ်ပွါးခဲ့ကြောင်းသိရသည်။ စက်တင်ဘာလ ၁၉ ရက် ညနေ ၃ နာရီက မူစယ်မြို့နယ် နမ့်တောင်းဒေသခံ အမျိုးသမီး ၂ ဦးသည်...

မူစယ်ဒေသခံလူငယ်တဦးအား ပြည်သူ့စစ်မှသေနတ်ကိုင်ခြိမ်းခြောက်မှု တာဝန်ရှိများထံတိုင်တန်းရ

0
သျှမ်းပြည်မြောက်ပိုင်း မူစယ်မြို့တွင် လက်နက်ကိုင်ပြည်သူ့စစ်တပ်ဖွဲ့ဝင်က ဒေသခံလူငယ်တဦးအား သေနတ်ထိုးချိန်ခြိမ်းခြောက်ကာ ခိုက်ရန် ဖြစ်ပွားရာမှ အသက်အန္တရာယ်ပြုလာမှု စိုးရိမ်ရသောကြောင့် တာဝန်ရှိများထံ တိုင်တန်းထားရကြောင်းသိရသည်။ ဇွန်လ ၅ ရက်နေ့ ည ၇ နာရီအချိန်ခန့်က မူစယ်မြို့ အထက ၂ ကျောင်းရှေ့တွင် ပြည်သူ့စစ်တပ်ဖွဲ့ဝင် ကြားဖူ ဆိုသူသည် ၄င်းတပည့်တဦးနှင့်...

မူစယ်မြို့က တိုက်ပွဲကြား မြေစာပင် ဖြစ်ခဲ့ရတဲ့ ယဉ်ကျေးလိမ္မာ ဆရာ ၂ ဦး  

0
“ကျနော်တို့ မဟာဝေဠုဝန်ကျောင်း က ယဉ်ကျေးလိမ္မာ ဓမ္မဆရာ ၂ယောက် သေဆုံးတဲ့အထဲပါသွားတယ်။ ကျနော် သူငယ်ချင်း တယောက်ဆိုရင် ရုပ်အလောင်းတောင် ပြန်မရဘူး။ သေနတ်နဲ့ပစ်ခံရတဲ့အပြင် မီးပါရှို့ ရုပ်တောင်မမြင်ရတော့ဘူး” လို့ မဟာဝေဠုဝန်ကျောင်း က ယဉ်ကျေးလိမ္မာ ဓမ္မဆရာ စိုင်းဆိုင်လှိုင်း က သျှမ်းသံတော်ဆင့်ကို ပြောပါတယ်။ တအာင်း...

မူစယ်မြို့ တရုတ်နယ်စပ်က တရုတ်စိုက်ပျိုးရေးဘဏ် ဒေသခံကုန်သည်များရဲ့ဘဏ်စာအုပ်ထပ်မံပိတ်သိမ်း

0
သျှမ်းပြည်မြောက်ပိုင်း မူစယ်မြို့တဘက်ကမ်း တရုတ်နိုင်ငံ ဂျယ်ဂေါင်မြို့ စိုက်ပျိုးရေးဘဏ်မှာ ၂ နိုင်ငံနယ်စပ် နေဒေသခံတွေရဲ့ ဘဏ်စာအုပ်တွေကို တရုတ်အာဏာပိုင်တွေက ထပ်မံပိတ်သိမ်းလိုက်ပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်နေ့ကတည်းက စတင်ပိတ်လိုက်တာဖြစ်ပြီး ကနေ့အထိ ပြန်မဖွင့်ပေးသေးဘူးလို့ မူစယ်ဒေသခံတွေက ပြောဆိုပါတယ်။ “အခုလောလောဆယ် ကျနော်တို့သိရတာကတော့ မူစယ်ဘက်က တယောက်ပါသွားတယ်။ တရုတ်ငွေ ၁...