မူစယ်မြို့က တိုက်ပွဲကြား မြေစာပင် ဖြစ်ခဲ့ရတဲ့ ယဉ်ကျေးလိမ္မာ ဆရာ ၂ ဦး  

“ကျနော်တို့ မဟာဝေဠုဝန်ကျောင်း က ယဉ်ကျေးလိမ္မာ ဓမ္မဆရာ ၂ယောက် သေဆုံးတဲ့အထဲပါသွားတယ်။ ကျနော် သူငယ်ချင်း တယောက်ဆိုရင် ရုပ်အလောင်းတောင် ပြန်မရဘူး။ သေနတ်နဲ့ပစ်ခံရတဲ့အပြင် မီးပါရှို့ ရုပ်တောင်မမြင်ရတော့ဘူး” လို့ မဟာဝေဠုဝန်ကျောင်း က ယဉ်ကျေးလိမ္မာ ဓမ္မဆရာ စိုင်းဆိုင်လှိုင်း က သျှမ်းသံတော်ဆင့်ကို ပြောပါတယ်။

တအာင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော်( TNLA) နဲ့  အစိုးရရဲတပ်ဖွဲ့၊ ပြည်သူ့စစ်တပ်ဖွဲ့ တို့ကြား မေ ၁၂ရက်နေ့ ဖြစ်ပွားတဲ့ တိုက်ပွဲကြောင့် ရဲ၊ ပြည်သူ့စစ် နဲ့ အရပ်သား ၂၀ ဦး သေဆုံးကာ အရပ်သား ၂၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မူစယ်မြို့အခြေစိုက် ဂရုဏာ လူမှု ကူညီရေး အသင်းမှ ဦးသောင်းထွန်း ကပြောပါတယ်။

မန္တလေးဆေးရုံပို့မယ့် သူက မေမြို့မှာ ဆုံးသွားတယ်။ အားလုံးစုပေါင်း သေဆုံး ၂၀ ဖြစ်သွားတယ်။ အများဆုံးကတော့ နောင်ယန်း မြစ်ဆိပ် ၁၆ ယောက်သေပါတယ်။ အဲ့မှာ အမျိုသမီး ၂ ယောက်ပါတယ်။ တယောက်က ကိုယ်ဝန် ၃ လ ပါတယ်။ ဒုရဲအုပ် ၁ ဦး၊ ပြည်သူ့စစ် တွေလည်း ပါပါတယ်” လို့ ဦးသောင်းထွန်း က ဆိုပါတယ်။

သေဆုံးသွားတဲ့ထဲက ဆရာ ၂ယောက်ဖြစ်တဲ့ စိုင်းရွှေလင်း နဲ့ စိုင်းထွန်းလှိုင်း က အပတ်စဉ် တနင်္ဂနွေ နေ့ မဟာဝေဠုဝန်ကျောင်း မှာ ကလေးတွေကို ယဉ်ကျေးလိမ္မာ သင်ကြားပေးနေတဲ့သူတွေပါ။

“ သူတို့ ၂ယောက်က တနင်္ဂနွေနေ့ဆို ကလေးတွေ စာလာသင်တယ်။ ကျန်ရက်တွေဆိုရင်တော့ နောင်ယန်း မြစ်ဆိပ်မှာ ကူတို့ မောင်းတာ၊ စက်လှေ အဝင်၊ အထွက်ကို စာရင်းမှတ်ပေးတဲ့သူတွေပါ။” လို့ စိုင်းဆိုင်လှိုင်း က ပြောပြပါတယ်။

ယဉ်ကျေးလိမ္မာ ဓမ္မဆရာ ၂ ဦးမှာ တလလျှင် ကျပ်ငွေ ၃ သိန်းလခဖြင့် မြစ်ဆိပ်တွင် စာရေးပြုလုပ်ကြောင်းလည်း စိုင်းဆိုင်လှိုင်းက ပြောပါတယ်။

“ အဲ့နေရာ ပြည်သူ့စစ်ပဲနေကြတာမဟုတ်ဘူး။ အရပ်သားတွေလည်းနေကြတယ်။ နောက် လောင်းကစားနေရာလည်းမဟုတ်ဘူး။ အဲ့မှာလုပ်နေတဲ့ အရပ်သားတွေလည်း ရှိပါတယ်။ လွှတ်မြောက်လာတဲ့သူဆိုရင်တော့ စိုင်းရွှေလင်း ရဲ့မရီး နဲ့ကလေး ပဲ လွှတ်လာတယ်” လို့ သူက ပြန်ပြောပြပါတယ်။

နောင်ယန်းမြစ်ဆိပ်ကို တအာင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော်( TNLA) က မေ ၁၂ရက် မနက် ၄နာရီခန့် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ထိုဝင်ရောက်တိုက်ခိုက်ချိန်တွင် ကူးတို့ ဆိပ်စောင့်တွေက အိပ်ကောင်းနေချိန်ဖြစ်ပါတယ်။

“ မြစ်ဆိပ်မှာ အလုပ်လုပ်နေတဲ့ လူငယ် ၄ ယောက် ဆုံးရှုံးရတယ်။ သာသနာ အကျိုး တာဝန်ထမ်းဆောင်နေတဲ့ ဆရာတွေ ဆုံးရှုံးရတယ်။ အရမ်းဝမ်းနည်းစရာကောင်းတယ်” လို့ ယဉ်ကျေးလိမ္မာ ဓမ္မဆရာ စိုင်းဆိုင်လှိုင်းက ဆိုပါတယ်။

 

TNLA ရဲ့ မေ ၁၂ရက်နေ့ ထုတ်ပြန်ချက်အရ မူစယ်မြို့အဝင် နမ့်ပေါ်ပန်ခမ်း တံတားအနီးရှိ ပန်ဆေးပြည်သူ့စစ် လောင်းကစားရုံကို မြန်မာတပ်မတော်၊ ရဲတပ်ဖွဲ့နှင့် ပြည်သူ့စစ်တို့ လုံခြုံရေးပေးထားတဲ့နေရာဖြစ်ပြီး လောင်းကစားရုံကြောင့် ပြည်သူတွေ ဘဝ ဆုံးရှုံးရသဖြင့် ဝင်ရောက်ရှင်းလင်းရခြင်းဖြစ်သည် ဟု ရေးသားထားပါတယ်။

TNLA နဲ့ မူစယ် အခြေစိုက် မြို့မ ပြည်သူ့စစ် တို့ တိုက်ပွဲကြောင့် အရပ်သား အများအပြား သေဆုံးသည့်အပေါ် မူစယ်ဒေသခံများက ရှုတ်ချလိုက်ကြောင်းလည်း သိရပါတယ်။

“ ဒီတိုက်ပွဲက အရပ်သား အထိများဆုံးပါပဲ။ လောင်းကစားရုံကို ပစ်မှတ်ထားပေး ပြည်သူ့စစ်ကို ပစ်ပေမယ့် ထိမှန်တာ အများဆုံးက ပြည်သူတွေပါ။ အဓိက လူငယ်တွေ တော်တော်များများပါတယ်။ ပြည်သူ့စစ် က နည်းတယ်” လို့ မူစယ်ဒေသခံ ပန်ခမ်း ကျေးရွာ နေထိုင်သည့် စိုင်းကျော် က ပြောပါတယ်။

လက်ရှိ သေဆုံးတဲ့ ထဲမှာ အရပ်သားတွေ လူငယ်တွေ ပညာတက်တွေလည်း ပါတဲ့အတွက် စိတ်မကောင်းကြောင်း၊ လောင်းကစားရုံကို ပစ်မှတ်ထားပေမယ့် လက်ရှိမှာ ထိခိုက်နစ်နာတာ လူငယ် အရပ်သားတွေ ဟုလည်း စိုင်းကျော် က ပြောပါတယ်။

လွန်ခဲ့တဲ့တနှစ်က မူစယ် ကုန်သွယ်ရေး ဇုံ( ၁၀၅) မိုင် မှာ ဖြစ်တဲ့ မြောက်ပိုင်း မဟာမိတ် နဲ့မြန်မာ တပ်မတော် တိုက်ပွဲ ကြောင့် ကုန်သွယ်ရေးဇုံ ရက်ဆိုင်းခဲ့ရပေမယ့် မူစယ်မြို့ အနီးတိုက်ပွဲကတော့ ကုန်သွယ်ရေး ရပ်ဆိုင်းမရှိသလို လက်ရှိမှာတော့ မူစယ်မြို့ က ပြန်လည် လှုပ်ရှားနေကြောင်း လည်း မူစယ်မြို့ကုန်သည် တဦး ကပြောပါတယ်။

“ ဒီတိုက်ပွဲမှာ အထိများတာ ပြည်သူတွေပါ။ ပြည်သူတွေပဲခံရတာပါ။ တိုက်ပွဲထပ်ဆင်နွဲကြမယ်ဆိုရင် ပြည်သူတွေနဲ့ အလှမ်းဝေးတဲ့နေရာဖြစ်ဖို့ တောင်းဆိုချင်ပါတယ်” လို့ လည်း မူစယ်မြို့ ကုန်သည် တဦးက ပြောပါတယ်။

မူစယ်မြို့ နေထိုင်သူတွေကတော့ တိုက်ပွဲတွေ သေနတ်သံတွေ လက်လုပ်မိုင်းတွေ မကြာခဏ ကြားရ၊ မြင်နေရတဲ့အတွက် ငြိမ်းချမ်းရေးကို လိုလားနေကြကြောင်း၊ တိုက်ပွဲဖြစ်ပွား သေနတ်ပစ်ခတ်ခံရရင်လည်း ပြည်သူတွေ ထိခိုက်သေဆုံးနေရတာလည်းများနေသဖြင့် စိုးရိမ်မှုနေတာ နေထိုင်နေရသည် ဟု မူစယ်ဒေသခံတွေ ကပြောဆိုလိုက်ပါတယ်။

ဆက်လက်ပြီး ယဉ်ကျေးလိမ္မာ ဓမ္မဆရာ စိုင်းဆိုင်လှိုင်း က “ မြို့ထဲ မှာ လာပစ်တော့ သေဆုံးတာ လူငယ်တွေ ပြည်သူတွေပဲ သေတယ်။ ဒီလို လျှောက်ပစ် လုပ်နေကြရင်တော့ လူမျိုးရေး တွေ ဖြစ်လာနိုင်တယ်။ အခုဆို ကျနော် သူငယ်ချင်းတွေ သေသွားတယ်။ လူမျိုးရေး မဖြစ်လာဖို့ပဲ မျှော်လင့်ရပါတယ်” လို့ ထောက်ပြလိုက်ပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

0
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...

ကွတ်ခိုင်တိုက်ပွဲအတွင်း ထွက်ပြေးပုန်းအောင်းနေသည့် TNLA တပ်သားများကို MNDAA စည်းရုံး

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ် တိုက်ပွဲအတွင်း ထွက်ပြေးပုန်းအောင်းနေသည့် TNLA တပ်သားများကို လက်နက်အပ်ရန်နှင့် ဆေးဝါးကုသမှုခံယူရန် MNDAA ဘက်မှ လိုက်လံစည်းရုံးနေကြောင်း စုံစမ်းသိရသည်။ မတ်လ ၂၂ ရက်မှ စတင်ပြီး ကွတ်ခိုင်မြို့နယ်အတွင်းရှိ မုံးစီး၊ ကာလိုင်၊ မိုင်းယုလေး၊ ရှုခင်းသာ၊ ၃၈ မိုင် စသည့် ကျေးရွာအုပ်စုများတွင်...