Wednesday, January 28, 2026

မူစယ်မြို့ တရုတ်နယ်စပ်က တရုတ်စိုက်ပျိုးရေးဘဏ် ဒေသခံကုန်သည်များရဲ့ဘဏ်စာအုပ်ထပ်မံပိတ်သိမ်း

သျှမ်းပြည်မြောက်ပိုင်း မူစယ်မြို့တဘက်ကမ်း တရုတ်နိုင်ငံ ဂျယ်ဂေါင်မြို့ စိုက်ပျိုးရေးဘဏ်မှာ ၂ နိုင်ငံနယ်စပ် နေဒေသခံတွေရဲ့ ဘဏ်စာအုပ်တွေကို တရုတ်အာဏာပိုင်တွေက ထပ်မံပိတ်သိမ်းလိုက်ပါတယ်။

မူစယ်မြို့ တရုတ်-မြန်မာနယ်စပ်ဂိတ်

ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်နေ့ကတည်းက စတင်ပိတ်လိုက်တာဖြစ်ပြီး ကနေ့အထိ ပြန်မဖွင့်ပေးသေးဘူးလို့ မူစယ်ဒေသခံတွေက ပြောဆိုပါတယ်။

“အခုလောလောဆယ် ကျနော်တို့သိရတာကတော့ မူစယ်ဘက်က တယောက်ပါသွားတယ်။ တရုတ်ငွေ ၁ သိန်းကျော်ဆိုတော့ ဗမာငွေကျပ်သိန်းပေါင်း ၂၀၀၀ လောက်ရှိပါမယ်။ အခုဒေသခံတွေကနေ တရုတ်အာဏာပိုင်တွေကိုထပ်မံတောင်းဆိုဖို့လုပ်နေတယ်။ ပြန်ဖွင့်ပေးဖို့လေ။ ဒါ ဒုတိယအကြိမ် တရုတ်တွေ ဘဏ်စာအုပ်ပိတ်သိမ်းတာဖြစ်တယ်။ မနှစ်က တခါလုပ်ဖူးတယ်ဒီလိုမျိုး။”- လို့ မူစယ်မြို့ခံ စိုင်းအောင် ကသျှမ်းသံတော်ဆင့်ကိုပြောပါတယ်။

တရုတ်နိုင်ငံ ဥပဒေနဲ့မညီညွတ်သော မြန်မာနိုင်ငံဘက်ခြမ်းမှ ဆန်၊ ပဲ၊ပြောင်း ၊ သကြား အစရှိကုန်တွေ တင်သွင်းတဲ့ ကုန်သည်တွေရဲ့ဘဏ်စာအုပ်ကိုပိတ်လိုက်တာလို့ သတင်းတွေထွက်ပေါ်နေပါတယ်။

တရုတ်ဘက်ခြမ်းက ဘဏ်စာအုပ်ပိုင်ရှင်တွေကတော့ များသောအားဖြင့် ငွေလဲလှယ်တဲ့လုပ်ငန်းလုပ်ကိုင်နေ သူတွေဖြစ်တယ်လို့သိရပါတယ်။

“အခုတော့ ဒီမူစယ်ဘက်က ကုန်သည်တွေ၊ ဒေသတွင်းအကြီးအကဲတွေကနေ တရုတ်နိုင်ငံအစိုးရဆီကို တင်ပြတောင်းဆိုထားတယ်။ ဘဏ်စာအုပ်တွေပြန်ပေးပေးဖို့လေ ။ ခုထိ ဘယ်နှအုပ်အပိတ်ခံရမှန်းအသေအချာမသိရသေးဘူး။” – လို့စိုင်းအောင်ကပြောပါတယ်။

ယမန်နှစ် ဂျွန်လတုန်းကလည်း နယ်စပ်နေ ဒေသခံ ကုန်သည်တွေရဲ့ ဘဏ်စာအုပ်ပေါင်း ၁၃၀ ကျော်ကို စိုက်ပျိုးရေးဘဏ်က ပိတ်ခဲ့ဖူးတယ်လို့သိရပါတယ် ။

တရုတ်-မြန်မာနယ်စပ် မူစယ်မြို့ နယ်စပ်ဂိတ်ကနေ ၂ နိုင်ငံ ကုန်အဝင်အထွက် နေ့တိုင်းရှိနေရာမှာ ပျှမ်းမျှတရက်ကုန်ပစ္စည်းတန်ဖိုး အမေရိကန်ဒေါ်လာ ၁၅ သန်းလောက် ရှိနေတယ်လို့လည်း မူစယ်ကုန်သည်တွေကပြောဆိုပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မြန်မာ – တရုတ်နယ်စပ် ကျင်ဆန်ကျော့ဂိတ်ကို တရုတ်ဘက်မှ စမ်းသပ်ကာလအဖြစ် ပြန်ဖွင့်မည်

0
သျှမ်းပြည်မြောက်ပိုင်း မြန်မာ - တရုတ်နယ်စပ် ကျင်ဆန်းကျော့ ဂိတ်ကို စမ်းသပ်ကာလအဖြစ် တရုတ် ဘက်မှ ပြန်ဖွင့်လှစ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။ ယနေ့ နိုဝင်ဘာလ ၂၂ ရက်နေ့ နေ့လည် ၁ နာရီဝန်းကျင်အချိန်မှစတင်ကာ မြန်မာ - တရုတ်နယ်စပ် ကျင်ဆန်ကျော့ ဂိတ်ကို စမ်းသပ်ဆဲကာလအဖြစ် တရုတ်တို့ဘက်မှ...

တရုတ်ရောက် မြန်မာလုပ်သားများ ယနေ့ထိ နေရပ်ပြန်ဆဲ

0
မူဆယ်မြို့ တရုတ်နယ်စပ်ဂိတ်များတွင် ယနေ့အချိန်ထိ တရုတ်နိုင်ငံမှ ပြန်လာသည့် မြန်မာအလုပ်သမားများ ရှိနေဆဲ ဟု သတင်းရရှိသည်။ တရုတ်နိုင်ငံ တွင် ဖြစ်ပေါ်နေသည့် Nobel Corona Virus (နိုဗယ်လ် ခိုရိုနာ ဗိုင်းရပ်စ်) ဝူဟန် ကူးစက်မြန်ရောဂါကြောင့် အရေး ပေါ် အခြေအနေတရပ်အဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကြေငြာကာ...

တရုတ်ရောက် ကိုယ့်နိုင်ငံကကုန်ကားများနဲ့ ကိုယ့်နိုင်ငံရောက် တရုတ်နိုင်ငံကကုန်ကားများ ဘယ်လိုကွာခြားလဲ

0
သို့ - လေးစားရပါသော သျှမ်းသံတော်ဆင့်သတင်းဌာန မှတဆင့် မြန်မာနိုင်ငံတော်အကြီးအကဲများသိရှိစေရန် ကျနော်သည် မြန်မာ-တရုတ် နယ်စပ် မူစယ်မြို့ အနီးမှာ နေထိုင်ပါသည်။ ကျနော်တို့ မြန်မာနိုင်ငံမှ ကားများသည် တရုတ်နိုင်ငံထဲသို့ တရားဝင်ပေါက်မှ ၀င်သွားသော်လည်း တရုတ်နိုင်ငံထဲသို့(ရွှေလီမြို့ နှင့် နောင်တောင်းမြို့ကြား) ရောက်သွားလျှင် တရုတ်ရဲများ၏ ဖမ်းဆီးခြင်းခံရပြီး မြန်မာနိုင်ငံသားပိုင် ကားတစ်စီး ကို...

တရုတ်နယ်စပ် မူစယ် – မိန့်ဝိန်းဂိတ်တွင်ကုန်ကားကြီးများဆိုးရွားစွာပိတ်ဆို့ ရိုက်နှက်မှုများဖြစ်ပွါး

0
သျှမ်းပြည်မြောက်ပိုင်း တရုတ်နယ်စပ် မူစယ်မြို့တွင် ကုန်ကားကြီးများအား တရုတ်အာဏာပိုင်များ တင်းကျပ်စစ်ဆေးနေသဖြင့် မန့်ဝိန်းနယ်စပ်ဂိတ်တွင် ကုန်ကား ကြီးများ ဆိုးရွားစွာ ပိတ်ဆို့မှုများဖြစ်ပွါး နေကြောင်းသိရသည်။ အဆိုပါဂိတ်ပေါက်မှ ကားတန်းများသည် မြို့ပြင်လမ်းတလျှောက် ရှည်လျားစွာ ပိတ်ဆို့နေပြီး ၀င်ထွက်သွားလာနိုင်ခြင်းမရှိသည့်အပြင် မြို့တွင်းကားငယ်များလည်းသွားလာရေးခက်ခဲနေကြောင်း၊ ကားသမားများ ရိုက်နှက်မှုဖြစ်ပွါးသည်အထိရှိနေကြောင်း သိရသည်။ ကားသမားတွေလည်း ကားမောင်းကြမ်းတာရယ် ကားလမ်းပိတ်ဆို့မှုကြောင့် တယောက်နဲ့...

ဆင်ဖြူစျေးကော်မတီရုံးဆောက်လုပ်နေမှု လက်နက်အပြည့်အစုံဖြင့်တရုတ်တပ်ဖွဲ့များ ၀င်ရောက်ဟန့်တား ဒေသခံလူထု ထိတ်လှန့်

0
တရုတ်နယ်စပ် မြန်မာဘက်ခြမ်းမူစယ်မြို့ တွင် ဆောက် လုပ်နေသည့် ဆင်ဖြူစျေးကော်မတီရုံးနှင့် ပတ်သတ်ပြီး လက်နက်အပြည့်ကိုင်ဆောင်သည့် တရုတ်တပ်ဖွဲ့ဝင်များ ဝင်ရောက် ဟန့်တား ရာ ဒေသခံများထိတ်လန့်မှု ဖြစ်ခဲ့ကြောင်း သတင်းရရှိသည်။ အောက်တိုဘာ ၁၇ ရက်နေ့ မနက် ၈ နာရီက မူစယ်မြို့အတွင်း တရုတ်တပ်ဖွဲ့များ လက်နက်ဖြင့် နယ်စပ်...