Wednesday, January 28, 2026

ဆင်ဖြူစျေးကော်မတီရုံးဆောက်လုပ်နေမှု လက်နက်အပြည့်အစုံဖြင့်တရုတ်တပ်ဖွဲ့များ ၀င်ရောက်ဟန့်တား ဒေသခံလူထု ထိတ်လှန့်

တရုတ်နယ်စပ် မြန်မာဘက်ခြမ်းမူစယ်မြို့ တွင် ဆောက် လုပ်နေသည့် ဆင်ဖြူစျေးကော်မတီရုံးနှင့် ပတ်သတ်ပြီး လက်နက်အပြည့်ကိုင်ဆောင်သည့် တရုတ်တပ်ဖွဲ့ဝင်များ ဝင်ရောက် ဟန့်တား ရာ ဒေသခံများထိတ်လန့်မှု ဖြစ်ခဲ့ကြောင်း သတင်းရရှိသည်။

Photo Credit to Myo Gyi/ မူစယ်မြို့ ဆင်ဖြူစျေးကော်မတီရုံးဆောက်လုပ်နေမှု လက်နက်အပြည့်အစုံဖြင့်တရုတ်တပ်ဖွဲ့များ ၀င်ရောက်ဟန့်တား

အောက်တိုဘာ ၁၇ ရက်နေ့ မနက် ၈ နာရီက မူစယ်မြို့အတွင်း တရုတ်တပ်ဖွဲ့များ လက်နက်ဖြင့် နယ်စပ် ဖြတ်ကျော်လာ ပြီး နယ်နိမိတ်အငြင်းပွားမှုဖြစ်ပွါးခဲ့ခြင်းဖြစ်ကြောင်း မူစယ်ဒေခံများက ပြောသည်။

တရုတ်တပ်ဖွဲ့ဝင်များသည် မူစယ်မြို့ နယ်စပ် ခြံစည်းရိုးမှ မြန်မာဘက်သို့ ဝင်ရောက်လာပြီး နယ်စပ်ရှိဆင်ဖြူစျေးကော်မတီရုံ တည်ဆောက်မှုကို လာရောက် တားမြစ်ကြောင်း မူစယ်ဒေသခံ တဦးဖြစ်သည့် စိုင်းအေး က ပြောသည်။

“ ဒီနေ့မနက် ၈နာရီလောက်မှာ ဆင်ဖြူပေါက်မှာဖြစ်တာပါ။ အခု ဆောက်နေတဲ့ဆင်ဖြူစျေးကေ်ာမတီရုံး အဆောက်အဦး မြေနေရာက တရုတ်ဘက်ခြမ်းဆိုပြီး လာရောက်တားမြစ်တာပါ” ဟု အဆိုပါ ဖြစ်စဉ်အတွင်း ရှိနေသည့် စိုင်းအေး က ပြောသည်။

ယခုကဲ့သို့ လက်နက်အပြည့်အစုံဖြင့် လာရောက်တားမြစ်သဖြင့် ဒေသခံများ ထိတ်လန့်မှုဖြစ်ပွားခဲ့ကြောင်း၊ နှစ်နိုင်ငံ ၏ လုံခြုံရေး ချစ်ကြည်ရေးကို ပျက်ပြားစေနိုင်ကြောင်း။ တရုတ်ရဲများအနေဖြင့် တားမြစ်မည်ဆိုပါက သက်ဆိုင်ရာ အာဏာပိုင်မှ တဆင့် ဆောင်ရွက်သင့်ကြောင်းလည်း စိုင်းအေး က ပြောသည်။

အဆိုပါ ကိစ္စနှင့် ပတ်သတ်ပြီး မူစယ်မြို့နယ် ရဲတပ်ဖွဲ့ ဖုန်းဆက်သွယ်မေးမြန်းရာ တာဝန်ကျ ရဲ မှ “ တရုတ်ရဲတွေ လက်နက် အပြည့်ကိုင်ပြီး နယ်စပ် ခြံစည်းရိုးကနေ ဖြတ်ပြီး ဝင်လာတယ်။ ဆင်ဖြူစျေး ကော်မတီ ရုံးဆောက်တဲ့ နေရာ က သူတို့ ပိုင် မြေလို့ ပြောတယ်။ လောဆယ်တော့ အဆောက်အဦး ဆောက်တာ ခဏ ရပ်ထားတယ်” ဟု ဆိုသည်။

မူစယ်ခရိုင် တရုတ်နယ်စပ် တွင် တရုတ်နိုင်ငံနှင့် မြန်မာ မကြာခဏ မြေ အငြင်းပွားမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

လွန်ခဲ့သည့် စက်တင်ဘာ ၁၉ ရက်နေ့တွင် လည်း မူစယ်ခရိုင် ပန်ဆိုင်း (ကြူကုတ်) နှင့် မုံးကို လမ်းပေါ်ရှိ မြန်မာ ပိုင်နက် ဖိုင်ကောင်းကျေးရွာ အတွင်း နယ်စပ်မှ တရုတ်အဖွဲ့များ ခြံစည်းရိုးလာခတ်မှု ပြုလုပ်ခဲ့သေးကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျေးရွာ ပြန်မည့် စစ်ရှောင်များ တပ်မတော်မှ ဟန့်တား

0
သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင် မြို့နယ် ဟမ်းငိုင်းကျေးရွာအုပ်စု ဘုန်းကြီးကျောင်းရောက် စစ်ဘေးရှောင်များသည် မိမိနေရပ်သို့အခြေအနေို ပြန်ကြည့်ရန် အတွက် သွားစဉ် တပ်မတော်မှ ဟန့်တားခဲ့ရကြောင်း သတင်းရရှိသည်။   ယမန်နေ့က ကုန်းညောင် ဖာဆား ကျေးရွာရှိ စစ်ရှောင် အမျိုးသားများ နှင့် မိုင်းကိုင်မှ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များ ကျေးရွာသို့...

တရုတ်နယ်စပ် မူစယ် – မိန့်ဝိန်းဂိတ်တွင်ကုန်ကားကြီးများဆိုးရွားစွာပိတ်ဆို့ ရိုက်နှက်မှုများဖြစ်ပွါး

0
သျှမ်းပြည်မြောက်ပိုင်း တရုတ်နယ်စပ် မူစယ်မြို့တွင် ကုန်ကားကြီးများအား တရုတ်အာဏာပိုင်များ တင်းကျပ်စစ်ဆေးနေသဖြင့် မန့်ဝိန်းနယ်စပ်ဂိတ်တွင် ကုန်ကား ကြီးများ ဆိုးရွားစွာ ပိတ်ဆို့မှုများဖြစ်ပွါး နေကြောင်းသိရသည်။ အဆိုပါဂိတ်ပေါက်မှ ကားတန်းများသည် မြို့ပြင်လမ်းတလျှောက် ရှည်လျားစွာ ပိတ်ဆို့နေပြီး ၀င်ထွက်သွားလာနိုင်ခြင်းမရှိသည့်အပြင် မြို့တွင်းကားငယ်များလည်းသွားလာရေးခက်ခဲနေကြောင်း၊ ကားသမားများ ရိုက်နှက်မှုဖြစ်ပွါးသည်အထိရှိနေကြောင်း သိရသည်။ ကားသမားတွေလည်း ကားမောင်းကြမ်းတာရယ် ကားလမ်းပိတ်ဆို့မှုကြောင့် တယောက်နဲ့...

ကြားဖြတ်ရွေးကောက်ပွဲအတွက် SNLD ၏ ပြင်ဦးလွင် စည်းရုံးရေးခရီးစဉ် တခုဟန့်တားခံရ

0
ကြားဖြတ်ရွေးကောက်ပွဲအတွက် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်အတွင်း သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ စည်းရုံးရေးဆင်းရာတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ ဟန့်တားမှုပြုခဲ့သည်ဟု သိရှိရသည်။ စက်တင်ဘာလ ၂၁ ရက် SNLD ကျားခေါင်းပါတီ ကား ၆ စီးခန့်ရှိ စည်းရုံးရေးအဖွဲ့ က ပြင်ဦးလွင်မြို့ ရပ်ကွက် ကြီး ၂၀ နောင်ခမ်းကြီးကျေးရွာသို့ရောက်ရှိစဉ် -...

မူစယ် – ပန်ဆိုင်း လမ်းပေါ် ချိန်ကိုက်မိုင်းပေါက်ကွဲ အမျိုးသမီးတဦးသေ၊ တဦး ဒဏ်ရာရ

0
သျှမ်းပြည်နယ် မြောက်ပိုင်း မူစယ်မြို့နယ် နမ့်တောင်းကျေးရွာ နှင့် ပန်ဆိုင်းမြို့အကြား ပြည်ထောင် စုလမ်းမ ပေါ်တွင် ဒေသခံအမျိုးသမီး ၂ ဦး မိုင်းနင်းမိကာ သေကြေဒဏ်ရာရမှုဖြစ်ပွါးခဲ့ကြောင်းသိရသည်။ စက်တင်ဘာလ ၁၉ ရက် ညနေ ၃ နာရီက မူစယ်မြို့နယ် နမ့်တောင်းဒေသခံ အမျိုးသမီး ၂ ဦးသည်...

မူစယ်ဒေသခံလူငယ်တဦးအား ပြည်သူ့စစ်မှသေနတ်ကိုင်ခြိမ်းခြောက်မှု တာဝန်ရှိများထံတိုင်တန်းရ

0
သျှမ်းပြည်မြောက်ပိုင်း မူစယ်မြို့တွင် လက်နက်ကိုင်ပြည်သူ့စစ်တပ်ဖွဲ့ဝင်က ဒေသခံလူငယ်တဦးအား သေနတ်ထိုးချိန်ခြိမ်းခြောက်ကာ ခိုက်ရန် ဖြစ်ပွားရာမှ အသက်အန္တရာယ်ပြုလာမှု စိုးရိမ်ရသောကြောင့် တာဝန်ရှိများထံ တိုင်တန်းထားရကြောင်းသိရသည်။ ဇွန်လ ၅ ရက်နေ့ ည ၇ နာရီအချိန်ခန့်က မူစယ်မြို့ အထက ၂ ကျောင်းရှေ့တွင် ပြည်သူ့စစ်တပ်ဖွဲ့ဝင် ကြားဖူ ဆိုသူသည် ၄င်းတပည့်တဦးနှင့်...