Tuesday, January 27, 2026

တရုတ်ရောက် ကိုယ့်နိုင်ငံကကုန်ကားများနဲ့ ကိုယ့်နိုင်ငံရောက် တရုတ်နိုင်ငံကကုန်ကားများ ဘယ်လိုကွာခြားလဲ

သို့ – လေးစားရပါသော သျှမ်းသံတော်ဆင့်သတင်းဌာန မှတဆင့်
မြန်မာနိုင်ငံတော်အကြီးအကဲများသိရှိစေရန်

ကျနော်သည် မြန်မာ-တရုတ် နယ်စပ် မူစယ်မြို့ အနီးမှာ နေထိုင်ပါသည်။

ကျနော်တို့ မြန်မာနိုင်ငံမှ ကားများသည် တရုတ်နိုင်ငံထဲသို့ တရားဝင်ပေါက်မှ ၀င်သွားသော်လည်း တရုတ်နိုင်ငံထဲသို့(ရွှေလီမြို့ နှင့် နောင်တောင်းမြို့ကြား) ရောက်သွားလျှင် တရုတ်ရဲများ၏ ဖမ်းဆီးခြင်းခံရပြီး မြန်မာနိုင်ငံသားပိုင် ကားတစ်စီး ကို တရုတ်ငွေ ယွမ် ၁၀၀၀၀ (ကျပ်သိန်း၂၀)မှ ၁၅၀၀၀ (ကျပ်သိန်း၃၀) အထိ တစ်လ အချိန် သတ်မှတ်ပြီး ကိုယ့်အစီအစဉ်နဲ့ကို ပြန်လည်ရွေးယူခိုင်းပါသည်။

Photo Muse Youth- တရုတ်မြန်မာနယ်စပ်ကကုန်ကားများ

တစ်လထက်ကျော်လွန်ပြီး မရွေးနိုင်ပါက အရည်ကြိုစက်ရုံသို့ ပို့ဆောင် ဖျက်ဆီးကြပါသည်။

သို့ပေမဲ့ တရုတ်နိုင်ငံသားပိုင် တရုတ်နံပါတ်ပြားကုန်တင်ကားကြီး နှင့်ကားသေးများသည် မြန်မာနိုင်ငံအတွင်းသို့ တရားဝင်ပေါက် သို့မဟုတ် တရားမဝင်ပေါက်မှ ၀င်ရောက်လာပါက မြန်မာနိုင်ငံဘက်မှ ဖမ်းဆီးအရေးယူစစ်ဆေးခြင်းမတွေ့ရှိရဘဲ တရုတ်ကုန်တင်ကား တစ်စီးလျှင် မူဆယ်မြို့အဝင် ပန်ခမ်းတံတားထိပ်တွေ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ပြည်သူ့စစ်တပ်ဖွဲ့နှင့်မသထ အဖွဲ့ တို့ထံ တစ်စီးလျှင် မြန်မာငွေကျပ် ၅၀၀၀ ခန့် ပေးဆောင်ပြီးပါက နမ့်ခမ်းမြို့ မှ မူစယ်ခရိုင် ကုန်သွယ်ရေးဇုန် ၁၀၅ မိုင်အထိ လွှတ်လပ်စွာသွားလာနေကြသည်ကိုတွေ့ရှိပါသည်။

၄င်းကိုကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံသားများအား တရုတ်အစိုးရမှ မတရားအနိုင်ကျင့်ခြင်းပြုလုပ်နေသည်မှာ ပေါ်လွင်လှပါသည်။

တရုတ်နိုင်ငံထဲ သို့ မြန်မာနိုင်ငံသားပိုင်ကားများ မဝင်ရောက်စေလိုပါက တရုတ်အစိုးရအဖွဲ့မှ တရားဝင်/ထွက်ပေါက်နေရာများတွင် ကြော်ငြာစာများကပ်ထားပေးစေလိုပါကြောင်း သျှမ်းသံတော်ဆင့်သတင်းဌာန မှ တဆင့် တင်ပြလိုက်ပါသည်။

မှ – မိုင်းထွန်းနောင်(3/3/2019)

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မြန်မာ – တရုတ်နယ်စပ် ကျင်ဆန်ကျော့ဂိတ်ကို တရုတ်ဘက်မှ စမ်းသပ်ကာလအဖြစ် ပြန်ဖွင့်မည်

0
သျှမ်းပြည်မြောက်ပိုင်း မြန်မာ - တရုတ်နယ်စပ် ကျင်ဆန်းကျော့ ဂိတ်ကို စမ်းသပ်ကာလအဖြစ် တရုတ် ဘက်မှ ပြန်ဖွင့်လှစ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။ ယနေ့ နိုဝင်ဘာလ ၂၂ ရက်နေ့ နေ့လည် ၁ နာရီဝန်းကျင်အချိန်မှစတင်ကာ မြန်မာ - တရုတ်နယ်စပ် ကျင်ဆန်ကျော့ ဂိတ်ကို စမ်းသပ်ဆဲကာလအဖြစ် တရုတ်တို့ဘက်မှ...

တရုတ်ရောက် မြန်မာလုပ်သားများ ယနေ့ထိ နေရပ်ပြန်ဆဲ

0
မူဆယ်မြို့ တရုတ်နယ်စပ်ဂိတ်များတွင် ယနေ့အချိန်ထိ တရုတ်နိုင်ငံမှ ပြန်လာသည့် မြန်မာအလုပ်သမားများ ရှိနေဆဲ ဟု သတင်းရရှိသည်။ တရုတ်နိုင်ငံ တွင် ဖြစ်ပေါ်နေသည့် Nobel Corona Virus (နိုဗယ်လ် ခိုရိုနာ ဗိုင်းရပ်စ်) ဝူဟန် ကူးစက်မြန်ရောဂါကြောင့် အရေး ပေါ် အခြေအနေတရပ်အဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကြေငြာကာ...

မူစယ်မြို့ တရုတ်နယ်စပ်က တရုတ်စိုက်ပျိုးရေးဘဏ် ဒေသခံကုန်သည်များရဲ့ဘဏ်စာအုပ်ထပ်မံပိတ်သိမ်း

0
သျှမ်းပြည်မြောက်ပိုင်း မူစယ်မြို့တဘက်ကမ်း တရုတ်နိုင်ငံ ဂျယ်ဂေါင်မြို့ စိုက်ပျိုးရေးဘဏ်မှာ ၂ နိုင်ငံနယ်စပ် နေဒေသခံတွေရဲ့ ဘဏ်စာအုပ်တွေကို တရုတ်အာဏာပိုင်တွေက ထပ်မံပိတ်သိမ်းလိုက်ပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်နေ့ကတည်းက စတင်ပိတ်လိုက်တာဖြစ်ပြီး ကနေ့အထိ ပြန်မဖွင့်ပေးသေးဘူးလို့ မူစယ်ဒေသခံတွေက ပြောဆိုပါတယ်။ “အခုလောလောဆယ် ကျနော်တို့သိရတာကတော့ မူစယ်ဘက်က တယောက်ပါသွားတယ်။ တရုတ်ငွေ ၁...