သျှမ်းအမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲအတွက် သျှမ်းပြည်တောင်ပိုင်း ၊ အရှေ့ပိုင်းနှင့် ကယားပြည်နယ်တို့တွင် သျှမ်းလူထုနှင့်တွေ့ဆုံပွဲများဆက်တိုက်လုပ်ဆောင်

သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့ ၊ သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့နှင့် ကယားပြည်နယ်လွယ်ကော်မြို့တို့တွင် သျှမ်းအမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲအကြို လူထုတွေ့ဆုံပွဲများ ဒီဇင်ဘာလ ၁၉ ရက်က အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြောင်းသိရသည်။

သျှမ်းပြည်အရှေ့ပိုင်းကျိုင်းတုံမြို့တွင် မိုင်းပျင်းကျောင်းတိုက်တွင်ကျင်းပရာ မိုင်းပျင်း၊ မိုင်းဖြတ်၊ ကျိုင်းတုံ၊ မိုင်းခတ်မြို့တို့မှ ဒေသခံတရာခန့်တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း ဆွေးနွေးပွဲဖြစ်မြောက်ရေးကော်မတီတွင် ပါ၀င်သည့် လူငယ်ခေါင်းဆောင် စိုင်းဆုကပြောသည်။

“သျှမ်းပြည်အရှေ့ပိုင်းမှာ ကျနော်တို့ ၃ နေရာလုပ်မယ်လို့ကြားတယ်။ နောက်ပိုင်း နှစ်နေရာဘဲ လုပ်မယ် လို့ကြားတယ်။ မိုင်းယန်းမှာ က မလုပ်ဖြစ်တော့ဘူးပြောတယ်။ ပင်လုံမှာ တပ်မတော်က စစ်အင်အား နဲ့ လာရောက်ဟန့်တားလို့ လူထု စိုးရိမ်ကြောက့်ရွံ့နေလားမသိဘူး။ ကျိုင်းတုံမှာလည်း ၁၀၀ လောက်ဘဲလာတယ်။ စစ်ထောက်လှမ်းရေးလဲလာတယ်။ လွတ်လပ်မှုတော့မရှိဘူး” – ဟုသျှမ်းအမျိုးသား အဆင့်နိုင်ငံရေးဆွေးနွေးပွဲအတွက် ကျိုင်းတုံမြို့ လူထုတွေ့ဆုံပွဲတွင် ပါ၀င်သည့် စိုင်းယီ့လုံ က ပြောသည်။

အလားတူ နမ့်စန်မြို့ဝါဆိုကျောင်းတိုက်တွင်ကျင်းပသော လူထုတွေ့ဆုံပွဲသို့ မိုးနဲ၊ ကျိုင်းတောင်း၊ ခိုလမ်၊ နမ့်စန်တို့မှ ဒေသခံလူထု ၂၀၀ ခန့်တက်ရောက်ခဲ့ကြောင်း၊ စစ်ဘက်လုံခြုံရေး စရဖ အရာရှိ စစ်သည် အချို့လည်း လာရောက်သတင်းထောက်လှမ်းကြောင်း တက်ရောက်သူများပြောပြချက်အရသိရသည်။

“ဒေသခံလူထု တော်တော်များများဆွေးနွေးတင်ပြသွားပါတယ်။ အဓိက တန်းတူခွင့် နဲ့ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်၊ မြေယာသိမ်းတဲ့ ကိစ္စ ၊ယာဘကြောင့်လူငယ်တွေပျက်စီးရခြင်း စတာတွေလည်းပါ၀င်ပါတယ်။ အာဏာပိုင်တွေဘက်ကလာပြီးတော့ ဟန့်တားတာတွေတော့မရှိပါဘူး ”- ဟု ကျားခေါင်းပါတီ မိုးနဲမြို့နယ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုင်းမွန်းလိန်ကပြောသည်။

ကယားပြည်နယ် လွယ်ကော်မြို့တွင်လည်း သျှမ်းလူထုနှင့်တွေ့ဆုံပွဲ ပြုလုပ်ခဲ့ပါသည်။

လူထုနှင့်တွေ့ဆုံရေးအဖွဲ့သည် ဒီဇင်ဘာလ ၂၄ ရက်နေ့အထိ ဒေသခံလူထုနှင့်တွေ့ဆုံကာ သဘောထားဆန္ဒများကောက်ယူသွားမည်ဖြစ်ကြောင်းသိရသည်။ ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် တောင်ကြီးမြို့တွင်တွေ့ဆုံကာ အချက်အလက်များစုဆောင်းပြီး လာမည့် ဇန္နဝါရီလအတွင်း လင်းခေးမြို့တွင် ကျင်းပမည့် သျှမ်းအမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွင် ဆွေးနွေးကြမည်ဖြစ်ကြောင်း၊ ရရှိလာသည့် သဘောတူညီချက် နိုင်ငံရေးလိုအပ်ချက်များအား လာမည့်နှစ် ၂၀၁၈ နှစ်ဦးပိုင်းတွင် နေပြည်တော်တွင် ကျင်းပမည့် ၂၁ ရာစု ပင်လုံညီလာခံ တတိယ အကြိမ်တွင် သျှမ်းအမျိုးသားနိုင်ငံရေးလိုအပ်ချက်အဖြစ် တင်ပြဆွေးနွေးသွားမည်ဖြစ်ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နောင်ချို-မန္တလေးလမ်းတွင် ဂိတ်ကြေး ကျပ်သိန်း (၁,၀၀၀) ကျော်အထိ ပေးဆောင်ရ

0
သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့မှ မန္တလေးသို့ သွားသည့် လမ်းတလျှောက်ရှိ စစ်ကော်မရှင် စစ်ဆေးရေးဂိတ်များတွင် ဂိတ်ကြေးနှင့် လမ်းရှင်းခ တောင်ခံမှုသည် အဆမတန် မြင့်မားနေပြီး ကုန်သည်များနှင့် ယာဉ်မောင်းများထံမှ သိရသည်။ ပြီးခဲ့သည့် ဧပြီလမှစတင်ကာ စစ်ကော်မရှင်၏ "ရက် ၁၀၀ စီမံချက်" ဖြင့် ကုန်သွယ်ရေးလမ်းကြောင်းများကို တင်းကျပ်လိုက်ပြီးနောက် နယ်စပ်မှဝင်လာသည့်...

စက်သုံးဆီပြဿနာကြောင့် တာချီလိတ်-မိုင်းရှူး လိုင်းကားများ ရပ်နားထားရ

0
တာချီလတ်-မိုင်းရှူးပြေးဆွဲနေသည့် လိုင်းကားများသည် ယခုနှစ်အတွင်း စက်သုံးဆီ စျေးနှုန်းမြင့်တက်မှု၊ ဝယ်ယူရန်ခက်ခဲမှုနှင့် စစ်ကော်မရှင်၏ စစ်ဆေးရေးဂိတ်များ တင်းကြပ်မှုတို့ကြောင့် ရပ်နားလိုက်ရကြောင်း သတင်းရရှိသည်။ လက်ရှိ တာချီလိတ်မြို့တွင် ဓာတ်ဆီ ၉၁ တစ်လီတာလျှင် ၆၅ ဘတ်ခန့် ရှိသော်လည်း တရားမဝင်ဈေးကွက်တွင် ၈၀ ဘတ်မှ ၁၀၀ ဘတ်ဝန်းကျင်အထိ ပေးဝယ်ရသည့်အခြေအနေရှိပြီး...

လဲချားမြို့နယ်တွင် သုံးနှစ်ခန့် လည်ပတ်ခဲ့သည့် ကျားဖြန့်များထဲမှ ၃၄ ဦးသာ ဖမ်းမိ

0
သျှမ်းပြည်တောင်ပိုင်း လဲချားမြို့နယ်တွင် ၂၀၂၄ ခုနှစ်ဝန်းကျင်ကတည်းက လည်ပတ်နေသည့် အွန်လိုင်းလိမ်လည်လောင်းကစား ကျားဖြန့်လုပ်ငန်းမှ တရုတ်နိုင်ငံသား ၃၄ ဦးကို (ဩဂုတ်လ ၁၀ ရက်)တွင် စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ကြောင်း ထုတ်ပြန်ထားသည်။ လဲချားမြို့နယ် ဆီးဆောကျေးရွာအနီး တောတွင်းရှိ မိုးကာတဲများအတွင်း ကျားဖြန့်လုပ်ငန်း လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား အမျိုးသား ၃၄...

နေပြည်တော်တွင် SSPP နှင့် NSPNC တွေ့ဆုံစဉ် မိုးမိတ်ရှိ SSPP ဆက်နွှယ်သူဟု စွပ်စွဲခံရပြီး နေအိမ်ဖျက်ဆီးခံရ

0
သျှမ်းပြည် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုရှိ ပြည်သူနေအိမ်(၂) လုံးကို SSPP နှင့် ဆက်နွှယ်သည်ဟု စွပ်စွဲကာ စစ်တပ်ဘက်က လာရောက်ဖျက်ဆီးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဩဂုတ်လ ၇ ရက် နံနက်ပိုင်း ၉ နာရီခန့်တွင် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုရှိ ပြည်သူများ၏ နေအိမ်ကို SSPP နှင့် ပတ်သက်ဆက်နွယ်သည်ဟု...

သက်ကြီးရွယ်အိုများလာသည့် ထိုင်းနိုင်ငံနှင့် ရွှေ့ပြောင်းလုပ်သား လိုအပ်ချက်

0
ထိုင်းနိုင်ငံ၏ အဓိက စက်မှုလုပ်ငန်းများနှင့် စိုက်ပျိုးရေး ကဏ္ဍများတွင် သက်ကြီးရွယ်အိုအုပ်စုများ ပိုမိုများပြားလာပြီး မြန်မာနိုင်ငံအပါအဝင် ပြည်ပရွှေ့ပြောင်း အလုပ်သများလိုအပ်ချက်ပိုမိုမြင့်မား လာနေကြောင်း ဘန်ကောက်ပို့စ်၏ ဆောင်းပါးတစ်ခုတွင် ဖော်ပြထားသည်။ ထိုင်နိုင်ငံအတွင်း စက်မှုကုန်ထုတ်လုပ်ငန်းများ နှေးကွေးလာမှုနှင့်အတူ အလုပ်ထုတ်ပယ်ခံရနိုင်သည့်သူ ၅ သိန်းအထိ ရှိလာနေသည့် အခြေအနေနှင့် ရင်ဆိုင်နေရာသော်လည်း၊ တဖက်တွင် ပြည်ပရွှေ့ပြောင်းလုပ်သား...