ဘတ်ငွေ ၂ ထောင်ကြောင့် ချင်းမိုင်ရောက်ကျောက်မဲမြို့သား ၂ ဦးခိုက်ရန်ဖြစ်သတ်ဖြတ်

ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရောက် သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲ တရွာတည်းသား နှစ်ဦး ပိုက်ဆံ ၂ ထောင် ချေးယူကာ ဆိုင်ကယ်ဝယ်စီးရာမှ အချင်းချင်း အခြေအတင်စကားများပြီး ခိုက်ရန်ဖြစ်ပွါးရာကာ ဓါးထိုးသတ်မှု ဖြစ်ပွါးခဲ့သည်။

ဒီဇင်ဘာလ ၁၆ ရက်နေ့ ည ၈ နာရီခန့်က ထိုင်းနိုင်ငံ ချင်းမိုင်မြို့ခရိုင် ဆန်ဆိုင်းမြို့နယ် နောင်ယိုင် ရပ်ကွက်တွင်အလုပ်လုပ်သော သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် မိုင်းတန်အုပ်စု နေ ရွှေ့ပြောင်း အလုပ်သမား စိုင်းမြအောင် (ခ) စိုင်းငဲအား တရွာတည်းသား စိုင်းတောင်မှ ဓါးထိုးသတ်ဖြတ်ခြင်း ဖြစ်ကြောင်းသိရသည်။

သေဆုံးသူ စိုင်းမြအောင်၏ဇနီး နန်းပွင့်က – ပြီးခဲ့တဲ့နှစ်ကတည်းက စိုင်းတောင်က ကျမယောက်ျားဆီက ပိုက်ဆံ ၂ ထောင်ဘတ်ချေးပြီး ဆိုင်ကယ်ဝယ်တယ်။ သူဆိုင်ကယ်သော့ ၂ ချောင်းရှိတာကိုကျမယောက်ျားက ၁ ချောင်းယူထားတယ်။ ပိုက်ဆံ ၂ ထောင်ပြန်ဆပ်မှ ဆိုင်ကယ်သော့ပြန်ပေးမယ်လို့ သဘောတူထားပြီး ပေးထားတာ။ အခုက ပိုက်ဆံလည်းပြန်မပေးတဲ့အပြင် သော့ပါထပ်လာလာတောင်းရာကနေ စကားများကြတာ။ ကျမယောကျားကသော့မပေးလို့ စိုင်းတောင်က ကျမယောကျားကိုဓါးထိုးပြီး ထွက်ပြေးတယ်။ ဓါးဒဏ်ရာနဲ့ စိုင်းတောင်နောက်ပြေးလိုက်ပြီး လမ်းထိပ်မှာ မှောက်ကျသေဆုံးသွားတာ – ဟု သျှမ်းသံတော်ဆင့်အား ပြောပြသည်။

စိုင်းမြအောင်၏ဇနီးနှင့် သား၂ဦး

လက်ရှိတွင် ဓါးထိုးသတ်သည့်တရားခံစိုင်းတောင်မှာ ထွက်ပြေးလွတ်မြောက်နေပြီး အရေးယူပေးပါရန် သေဆုံးသူ၏ဇနီးနန်းပွင့် က ချင်းမိုင်မြို့ ရဲစခန်းသို့တိုင်ကြားထားကြောင်းသိရသည်။

သေဆုံးသူ၏အလောင်းကိုမူ ချင်းမိုင်မြို့ ၀ပ်ပါပေါက် ဘုန်းကြီးကျောင်းတွင် ထားရှိပြီး လာမည့် ဗုဒ္ဓဟူးနေ့ ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် သဂြိုဟ်မည်ဖြစ်ကြောင်း ချင်းမိုင်မြို့ သာရေးနာရေးကူညီမှုသျှမ်းအသင်းမှ စိုင်းလိန်ခမ်းကပြောသည်။

တကယ်တော့ ကျနော်တို့ ရွှေ့ပြောင်းအလုပ်သားအချင်းချင်းဘဲလေနော်။ ကောင်းကောင်းမွန်မွန် ပြောဆို ဆွေးနွေးပြီးတော့ ဖြေရှင်းသင့်တာပေါ့။ အခုလိုမိဝေးဖဝေး နေရသာမက သေဆုံးသူကလည်း လူမမယ် ကလေးလေး ၂ ယောက်ရှိနေတော့ ကျန်ရစ်သူက ဒီကိစ္စအတွက်အခက်အခဲတွေတအားဖြစ်ရတယ်။ – ဟု စိုင်းလိန်ခမ်းကပြောသည်။

သေဆုံးသူ စိုင်းမြအောင် အသက် ၄၆ နှစ်သည် သျှမ်းပြည်မြောက်ပိုင်းကျောက်မဲမြို့နယ် မိုင်းတန်အုပ်စု လွယ်အွယ့်ရွာနေ ဦးလုံးလှ ပါဆွေမြင့်တို့၏သားဖြစ်ပြီး ဇနီးနန်းပွင့်နှင့်အတူ သား ၂ ဦးရှိပါသည်။ ဓါးထိုးသတ်သူ စိုင်းတောင်မှာလည်း အလားတူ မုံးတန်အုပ်စုသား နားမွန်းရွာသားတဦးဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာချီလိတ်မြို့နယ်အတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော် တရုတ်နိုင်ငံသားများ ဖမ်းဆီးရမိ

0
စိုင်းဆိုင်အိုက်၊ ၂၀၂၆ ဩဂုတ်လ ၈ ရက် ရွှေတြိဂံဟု နာမည်ကြီးသည် မြန်မာ-ထိုင်း-လာအိုနယ်စပ် သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နယ်အတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်နေထိုင်သည့် တရုတ်နိုင်ငံသားများကို ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။ သြဂုတ် ၆ရက် မနက်ပိုင်းတွင် တာချီလိတ်မြို့နယ် မိုင်းဖုန်း(ခ)အုပ်စု၊ဝှေလေလန် ပူးပေါင်းစစ်ဆေးရေးဂိတ်အနီးရှိ ရှောင်ကွင်းလမ်းတွင် မြန်မာနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသည့်...

ထိုင်းရောက် အာဏာသိမ်းသမ္မတနှင့် စစ်ရာဇဝတ်မှု စွပ်စွဲချက်များ

0
အာဏာသိမ်း သမ္မတ၏ ထိုင်းနိုင်ငံခရီးစဉ်အတွင်း ထိုင်းအစိုးရက လက်ခံတွေ့ဆုံမှုကို ထိုင်းအရပ်ဘက်အဖွဲ့အစည်းများက ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။ ၂၀၂၁ ခုနှစ် မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင်ဖြစ်ခဲ့ပြီး ၎င်းကိုယ်တိုင် စီစဉ်ကျင်းပခဲ့သည့် ရွေးကောက်ပွဲများမှ သမ္မတဖြစ်လာသူ ဦးမင်းအောင်လှိုင်၏ ထိုတွေ့ဆုံမှုသည် စစ်အာဏာသိမ်းမှုကို နိုင်ငံရေးအရ တရားဝင်မှု ပေးအပ်ရာရောက်ပြီး မြန်မာပြည်သူများ...

အောင်ပန်းတွင် အသက် (၆) နှစ်အရွယ်ကလေး နားကပ်လုခံရပြီး ရေထဲပစ်ချခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့ နောင်ရဲကျေးရွာနေ အသက် (၆)နှစ်အရွယ် ကလေးတဉီးသည် နားကပ် လုခံရပြီး ရေတွင်းထဲ ပစ်ချခံရကာ သေဆုံးသွားကြောင်း သတင်းရရှိသည်။   ဖြစ်စဉ်မှာ ယမန်နေ့ ဩဂုတ်လ (၆) ရက်နေ့ ညနေ ၅ နာရီခွဲ တွင် အောင်ပန်းမြို့ နောင်ရဲကျေးရွာရှိ အသက် (၆)...

လားရှိုး ရေကြီး၊ နေအိမ်နှင့် လယ်များ ရေနစ်မြှုပ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ်တွင် မိုးဆက်တိုက် ရွာသွန်းမှုကြောင့် နမ့်ယောင်ချောင်းရေ မြင့်တက်ကာ နေအိမ်များ နှင့် လယ်ကွက်များ ရေနစ်မြှုပ်နေကြောင်း သတင်းရရှိသည်။ ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် လားရှိုးမြို့နယ် နမ့်ယောင်ချောင်းရေ မြင့်တက်လာကာ လားရှိုးမြို့ရှိ ရပ်ကွက် (၁၂)၊ ရပ်ကွက် (၅) နှင့် ခေးခမ်းကျေးရွာဘက်ရှိ...

မြန်မာ အာဏာသိမ်း သမ္မတ ထိုင်းလွှတ်တော်သို့ ရောက်ရှိစဉ် ထိုင်းလွှတ်တော်အမတ်တစ်ဦး အော်ဟစ် ဆန္ဒပြ

0
ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည့် အာဏာသိမ်း သမ္မတ ဦးမင်းအောင်လှိုင် ယနေ့ ဩဂုတ်လ ၇ ရက် (သောကြာနေ့) က ထိုင်းလွှတ်တော်သို့ ရောက်ရှိလာစဉ် ထိုင်းလွှတ်တော်အမတ်တစ်ဦးက "ငြိမ်းချမ်းရေးအတွက်၊ လူသားချင်းစာနာမှုအတွက်" (For peace, for humanity) ဟု ကျယ်လောင်စွာ ကြွေးကြော်၍ ပြင်းပြင်းထန်ထန်...