ချင်းမိုင်တွင်ပြုလုပ်မည့် PPST အစည်းအဝေး ရက်အတိအကျမသိရသေး

0

NCA အပစ်ရပ်လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များရဲ့ PPST အစည်းအဝေး KNU နဲ့ RCSS မတက်နိုင်သေးတာကြောင့် ရက်ရွှေ့ဆိုင်းထားရတယ်လို့ သိရပါတယ်။

ဂျန္နဝါရီလကပြုလုပ်သော PPST အစည်းအဝေး

PPST အစည်းအဝေးကို နို၀င်ဘာလ ၅ ရက်မှ ရ ရက်နေ့အထိ ချင်းမိုင်မြို့မှာကျင်းပဖို့စီစဉ်ထားရာကနေ အခုလို ရပ်ဆိုင်းထားရတာနဲ့ပတ်သက်ပြီး ပြည်ထောင်စုအင်စတီကျု ဒါရိုက်တာ ဦးခွန်စိုင်းက အခုလိုပြောပါတယ်။

“ပြီးခဲ့တဲ့လ ၂၆ ရက်နေ့က KNU ကနေ NCA-S EAO ကိုအကြောင်းကြားလာတယ်။ PPST အစည်းအဝေး မတက်ဖြစ်တဲ့အကြောင်း၊ ပြီးခဲ့တဲ့ ၂၇ ရက်နေ့ကျတော့ NRPC ကိုလည်း အကြောင်စကြားတယ် ၊ ဒီကြားထဲမှာ ဘာအစည်းအဝေးဘဲဖြစ်ဖြစ်မတက်အားသေးဘူး။ အကြောင်းပြချက်ကတော့ ပြီးခဲ့တဲ့ ၁၅-၁၆ ရက်နေ့ နေပြည်တော်မှာကျင်းပခဲ့တဲ့ ညီလာခံကဆွေးနွေးဆုံးဖြတ်ချက်တွေကို သူတို့ကြားထဲမှာ ပြန်လည်ရှင်းပြ ချပြရမယ်လို့ပြောတယ်။ ပြီးရင် KNU အချင်းချင်းကြား စည်းလုံးညီညွတ်မှု ခိုင်မာအောင်တည်ဆောက်မယ် လို့ပြောပါတယ် ” – လို့ဦးခွန်စိုင်းကပြောပါတယ်။

KNU က အစည်းအဝေးမတက်ရောက်နိုင်သလို RCSS ကလည်း အစည်းအဝေးတက်ရောက်နိုင်မှာမဟုတ်ဘူး ဆိုတဲ့အတွက်ကြောင့် အစည်းအဝေးကျင်းပမယ့်ရက်ရွှေ့ဆိုင်းထားလိုက်ရပြီး အစည်းအဝေးပြန်ကျင်းပမယ့် ရက်ကို နို၀င်ဘာ ၁၀ ရက်နေ့နောက်ပိုင်းမှဘဲ သိရမယ်လို့လည်းဆိုပါတယ်။

ချင်းမိုင်မြို့မှာကျင်းပမယ့် အစည်းအဝေးမှာဆိုရင် နေပြည်တော်မှာကျင်းပခဲ့တဲ့ ထိပ်သီးအစည်းအဝေး တုန်းက စစ်တပ်အကြီးအကဲ အစိုးရထိပ်ပိုင်းခေါင်းဆောင်တွေနဲ့တွေ့ဆုံခဲ့စဉ်က ဆွေးနွေးခဲ့ကြတာတွေ ကိုပြန်လည်ရှင်းလင်းဆွေးနွေးကြမှာဖြစ်ပြီးရလာတဲ့ရလဒ်ရဲ့ အားနည်းချက်အားသာချက်တွေကိုလည်း ဆွေးနွေးအဖြေရှာကြဖို့ဖြစ်တယ်လို့သိရပါတယ်။

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here