သျှမ်းအမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲအကြို ပင်လုံတွင်တားမြစ်ခံရသော်လည်း အခြားမြို့များတွင်လူထုနှင့်ဆက်လက်တွေ့ဆုံ

သျှမ်းအမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲအကြို ပင်လုံလူထုတွေ့ဆုံပွဲအား ယမန်နေ့က တပ်မတော်မှ တားမြစ်ခဲ့သော်လည်း ယနေ့ အခြားမြို့များတွင် အစီအစဉ်အတိုင်း ဆက်လက်တွေ့ဆုံ မှုပြုသွားကြောင်း သိရသည်။

ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် လူထုတွေ့ဆုံမှု ကိုယ်စားလှယ်အဖွဲ့များက သျှမ်းပြည်တောင်ပိုင်း ၊မြောက်ပိုင်းတို့တွင် ဆက်လက်တွေ့ဆုံမှုပြုနေရာ လင်းခေးခရိုင် လင်းခေးမြို့နယ် နှင့် မူစယ်ခရိုင် မူစယ်မြို့နယ်တို့တွင် ဒေသခံလူထုနှင့်တွေ့ဆုံပြုသွားကြောင်း ဆိုပါသည်။

လင်းခေးမြို့နယ် ပင်ဝေါင်ရပ်ကွက် ဓမ္မရက္ခိတကျောင်းတိုက်တွင် ယနေ့ကျင်းပသည့် လူထုတွေ့ဆုံပွဲသို့ ဒေသခံလူထု ၂၀၀ ခန့် တက်ရောက်ဆွေးနွေးသွားကြောင်း၊ထိုဆွေးနွေးပွဲသို့ ဒေသတွင်းရဲတပ်သားသုံးဦးက အရပ်ဝတ်ဖြင့်ဆွေးနွေးပွဲပြီးသည်အထိ ထိုင်စောင့်နားထောင်မှတ်ယူသွားကြောင်းသိရသည်။

လင်းခေးမြို့တွင်ကျင်းပသော သျှမ်းအမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲအကြို လူထုတွေ့ဆုံပွဲ မြင်ကွင်း

နံနက်ပိုင်းတွင် ကိုယ်စားလှယ်အဖွဲ့က ဒေသခံလူထုအား နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေယာနှင့်သဘာဝ သယံဇာတ ခေါင်းစဉ် ၅ နှင့်ပတ်သက်၍ ရှင်းလင်းပြခဲ့ပြီး မွန်းလွဲပိုင်းတွင်မူ ဒေသခံလူထုနှင့်မေးမြန်းပြောဆိုမှုရှိခဲ့ကြောင်း လင်းခေးဒေသခံ ဦးလုံးနန္တာကပြောသည်။

လူထုရဲ့ အဓိကတောင်းဆိုချက်ကတော့- ဖေဖော်ဝါရီလ ရ ကိုတရားဝင်ရုံးပိတ်ရက်အဖြစ်သတ်မှတ်ရန်၊ သျှမ်းစာပေကို ကျောင်းချိန်အတွင်း ဘာသာရပ်တစ်ခုအဖြစ်တရားဝင်သင်ကြားခွင့်ရရန် စတာ တွေ ပေါ့။ နောက်တခုက အပစ်ရပ်ကြပြီဆိုပေမယ့် တိုက်ပွဲတွေဖြစ်နေတုန်းဘဲ။ လူထုအေးချမ်းမှုမရသေးဘူး။ အဲတာဘယ်လိုသဘောလဲ..စတာတွေကိုတင်ပြတယ် မေးမြန်းကြတယ်။ အေးအေးဆေးဆေးပါဘဲလင်းခေး တွေ့ဆုံပွဲက – ဟု ပြည်နယ်လွှတ်တော်အမတ် စိုင်းအောင်မျိုးကျော်ကပြောသည်။

အဆိုပါတွေ့ဆုံပွဲသို့ လင်းခေးမြို့နယ်၊ မိုင်းပန်မြို့နယ်၊ မောက်မယ်မြို့နယ် ၊ မိုးနဲမြို့နယ်၊ ဟိုမိန်း၊ ကျိုင်းတောင်း နှင့် ၀မ့်ဟတ်တိုက်နယ်တို့မှ ဒေသခံ ၂၀၀ ခန့် တက်ရောက် ကြကြောင်း သိရသည်။

မူစယ်မြို့တွင်ကျင်းပသော သျှမ်းအမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲအကြို လူထုတွေ့ဆုံပွဲ မြင်ကွင်း

လင်းခေးလူထုနှင့် တွေ့ဆုံပွဲတွင်မူ တပ်မတော်ဘက်မှ တားဆီးနှောင့်ယှက်မှုမရှိသော်လည်း ဆွေးနွေးပွဲသို့ အရပ်ဝတ်ဖြင့်ရဲ ထောက်လှမ်းရေး ၃ ဦးက အထက်အမိန့်အရဟုဆိုကာ လာရောက်နားထောင် သွားကြောင်း – ပါ၀င်ကူညီသူတဦးကပြောသည်။

အချက် ၅ ချက်စလုံး ပြည့်ပြည့်စုံစုံလေးတင်ပြသွားတာကတော့ မိုင်းပန်ကလာတဲ့ကိုယ်စားလှယ် တွေပေါ့။ ထိုင်းမှာသွားရောက်အလုပ်လုပ်ကိုင်ပြီးနေရပ်ပြန်မယ့် သျှမ်းပြည်သားတွေအတွက် နေထိုင် စားသောက်မှုမှာ ကူညီမှုပေးဖို့စတာတွေလည်းပါတယ်။ ပင်လုံမှာဖြစ်တဲ့သတင်းတွေကြားကြ ပါတယ်။ လူထုနဲ့လာတွေ့တဲ့ ကိုယ်စားလှယ်တွေကလည်းပြောပြပါတယ်။ ဒါပေမယ့် လာမယ့်လမှာလည်း လင်းခေးမှာ ညီလာခံကြီး ကျင်းပဖို့လည်း စီစဉ်ထားတာတွေလည်းရှိနေတယ်ဆိုတော့ ဒီမှာတော့ စိုးရိမ်လောက်တဲ့အနေအထား မဟုတ်ဘူးလေနော်။ ဒီမှာက တရားဝင်ကျင်းပခွင့်လဲရထားတယ်ဆိုတော့ – ဟု ဆွေးနွေးပွဲတက်ရောက်သည့် နန်းကြာက ပြောသည်။

ဒီဇင်ဘာလ ၁၇ ရက်နေ့ ပင်လုံမြို့တွင်ပြုလုပ်သော လူထုနှင့်တွေ့ဆုံပွဲတွင် အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် (ရလခ ) စစ်တိုင်းမှူး (ခိုလမ်) ဗိုလ်ချုပ်သန်းလှိုင်က တပ်အင်အားစေလွတ်ကာ တားဆီး ပိတ်ပင်ခဲ့သည်။

မူစယ်မြို့တွင်ကျင်းပသော သျှမ်းအမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲအကြို လူထုတွေ့ဆုံပွဲ မြင်ကွင်း

ဒီဇင်ဘာလ ၁၁ ရက်မှ ၁၆ ရက်နေ့အထိ တောင်ကြီးမြို့တွင် ကျင်းပသည့် အလုပ်ရုံဆွေးနွေးပွဲအပြီး လူထုနှင့် တွေ့ဆုံရေး အဖွဲ့ ၅ ဖွဲ့ သည် ဒီဇင်ဘာလ ၂၅ ရက်နေ့တောင်ကြီးတွင်ပြန်လည်တွေ့ဆုံသည်အထိ သျှမ်းပြည်တောင်ပိုင်း နမ့်စန်၊ ပင်လောင်း၊ သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံ၊ ကချင်ပြည်နယ် မိုးညှင်း၊ ကယားပြည်နယ်လွယ်ကော်အပြင် ပဲခူးတိုင်းအတွင်းရှိ သျှမ်းများနှင့်တွေ့ဆုံကာဆန္ဒ သဘောထား များကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

ရရှိလာသည့် လူထု သဘောထားအား သျှမ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲသို့ ဆွေးနွေးကာဘုံသဘောတူညီချက်များအား ၂၁ ရာစုပင်လုံညီလာခံ တတိယ အကြိမ်တွင် သျှမ်းအမျိုးသားများ၏ နိုင်ငံရေးလိုအပ်ချက်အဖြစ် တင်ပြဆွေးနွေးရန်ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ထိုင်းဟိုတယ်တခုတွင် တရုတ်လောင်းကစားနှင့် လိင်ဝန်ဆောင်မှုပေးသည့်အုပ်စုဖမ်းမိ မြန်မာနိုင်ငံသား ၃ ဦးပါဝင် 

0
ထိုင်းနိုင်ငံ၊ နွန်သဘူရီ (Nonthaburi) ခရိုင်ရှိ အဆင့်မြင့် ဟိုတယ်တခုတွင်း တရုတ်ဂိုဏ်းတခုက  ငှားရမ်းပြီး တရားမဝင် လောင်းကစားဝိုင်း၊ မူးယစ်ဆေးပါတီနှင့် လိင်ဖျော်ဖြေရေး ဝန်ဆောင်မှုများ ပေးနေကြောင်း သတင်းရသဖြင့် ထိုင်းနိုင်ငံဗဟိုစုံစမ်းရေးဗျူရို (CIB) က ဝင်ရောက်စီးနင်းခဲ့သည်။​ အဆိုပါ ထဲတွင် တရုတ်နိုင်ငံသားများနှင့် မြန်မာနိုင်ငံသား ၃ ဦး ဖမ်းမိကြောင်း သိရသည်။ နွန်သဘူရီခရိုင်၊ ဘာင်ခေန်...

ညောင်ရွှေ PNO က စစ်သားသစ်အတွက် ငွေကောက်၊ ပိုင်ဆိုင်မှုရောင်းပြီး ပေးဆောင်နေရ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ ကျေးရွာများကို ပအိုဝ်းပြည်သူ့စစ် (PNO) မှ တပ်သားသစ် အစားထိုးရန်အတွက် တအိမ်လျှင် ကျပ်သိန်းနှင့်ချီသော ငွေကြေးများကို အတင်းအဓမ္မ ကောက်ခံနေကြောင်း နေရပ်ပြန်စစ်ဘေးရှောင်များထံမှ သိရသည်။ ညောင်ရွှေမြို့နယ် လင်လံ (တောင်) ကျေးရွာအုပ်စုရှိ တောင်ပို့ကွဲ၊ ဟိုပန်၊ နမ့်ပွန်နှင့် ထီရိ စသည့် ကျေးရွာများတွင်...

ရွာငံမြို့နယ် ကျောက်ငှက်ကျေးရွာတွင် စစ်တပ်က တွေ့သမျှ ဒေသခံများကို ဖမ်းဆီးရိုက်နှက်နေ

0
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် ကျောက်ငှက်ကျေးရွာတွင် စစ်ကော်မရှင်တပ်က ဒေသခံများကို တွေ့သမျှ ဖမ်းဆီးရိုက်နှက်မှုပြုလုပ်သဖြင့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ (၂၂) ရက် နေ့လည်ပိုင်းတွင် ရွာငံမြို့နယ် ကျောက်ငှက်ကျေးရွာ အုပ်စု ဆင်ဆာပြားကျေးရွာ အနီးတွင် စစ်ကော်မရှင်တပ်နှင့် ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်တော် (DPLA) တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထိုသို့...

သီပေါဟော်နန်းကို ယဉ်ကျေးမှုအထိမ်းအမှတ်အဖြစ် ဆက်လက်ထားရှိရန် ဆုံးဖြတ်

0
သျှမ်းပြည် သီပေါမြို့ရှိ သမိုင်းဝင် သီပေါဟော်နန်းကို အများပြည်သူ ဝင်ရောက်လေ့လာနိုင်သည့် ယဉ်ကျေးမှုအမွေအနှစ် အထိမ်းအမှတ်အဖြစ် ဆက်လက်ထားရှိရန် ဆုံးဖြတ်ထားကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ ၂၄ ရက် နေ့လယ်ပိုင်းတွင် သီပေါဟော် ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် ဗုဒ္ဓကောလိပ် တည်ဆောက်ရေးအတွက် ညှိနှိုင်းဆွေးနွေးပွဲကို သီပေါဟော်နန်းတွင် ကျင်းပပြုလုပ်ခဲ့ရာ သီပေါမြို့ပေါ်ရှိ သံဃာတော်များနှင့် ဖိတ်ကြားထားသူများ...

မူးယစ်သားကောင်ဘဝမှ လူငယ်ပြုစုပျိုးထောင်သူ ဘဝအဖြစ်ရောက်ရှိလာ

0
ကမ္ဘာ့အကြီးဆုံး စိတ်ကြွရူးသွပ်ဆေးပြား ထုတ်လုပ်ရာ နိုင်ငံ အဖြစ် မြန်မာနိုင်ငံရောက်ရှိနေကြောင်း  ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) က ၂၀၂၆ ခုနှစ် အစီရင်ခံစာတွင် ထုတ်ပြန်လိုက်သည်။ နိုင်ငံတွင်း ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိက္ခများကြောင့် သျှမ်းပြည်သည် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုဂိုဏ်းများ၏ ဗဟိုချက်ဖြစ်လာပြီး မူးယစ်ဆေးဝါး ထုတ်လုပ်မှုမှာ အွန်လိုင်းငွေလိမ်လည်မှု လုပ်ငန်းများနှင့်ပါ စနစ်တကျ...